နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လူမစုံပေမယ့် ဘန်လေကို သက်တောင့်သက်သာ အနိုင်ယူသွားခဲ့တဲ့ မန်စီးတီး | (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

မန်ချက်စတာစီးတီး ၂-၀ ဘန်လေ

မန်ချက်စတာစီးတီးတို့ အခုတစ်ပတ် မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် (၈) အဖြစ် ဘန်လေကို အိမ်ကွင်း အီတီဟတ်မှာ သက်တောင့် သက်သာ ကစားပြီး ၂-၀ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ မန်စီးတီး အနေနဲ့ ဒီပွဲပြီးရင်ချန်ပီယံလိဂ် ကစားဖို့ ရှိတာကြောင့် ထင်သလောက် အားစိုက်သွားတာ မတွေ့ရပေမယ့်  ဘန်လေနဲ့ တွေ့ဆုံ ကစားခဲ့တဲ့ ပွဲအားလုံးရဲ့ ၉၀ ရာခိုင်နှုန်း အနိုင်ရရှိမှု ကိုတော့ ဆက်လက် ထိန်းသိမ်းသွားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ပရီးမီယားလိဂ် ချန်ပီယံဆု အတွက် အဓိက ပြိုင်ဘက် ဖြစ်တဲ့ ချဲလ်ဆီးနဲ့ လစ်ဗာပူးလ် တို့ကို ဆက်လက် ဖိအားပေးနိုင်ခဲ့ပြီး မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက် ကိုတော့ ၃ မှတ် ဖြတ်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
 

ပွဲစဉ်အကျဉ်း

ဘန်လေ ကတော့ ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၈ ပွဲ ကစားပြီးချိန် အထိ နိုင်ပွဲ လုံးဝ မရသေးလို့ တန်းဆင်းဇုန် အဆင့် ၁၉ နေရာမှာပဲ ဆက်လက် ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် တန်းဆင်းဇုန်ထဲမှာ ဆက်ရှိနေတဲ့ ဘန်လေ

လက်ရှိ ဘန်လေရဲ့ စုဖွဲ့မှုက မန်စီးတီး ဆီကနေ အမှတ်ခွဲယူဖို့ ဘယ်လိုမှ မဖြစ်နိုင်ခဲ့သလို ဘန်မီး မပါတဲ့ ခံစစ်က လိုအပ်ချက် များခဲ့စွာ ရှိခဲ့တာကြောင့် မန်စီးတီးတို့ အထောင် တိုက်စစ်မှူး မပါပေမယ့်လည်း ၂ ဂိုးပြတ် ရလဒ်နဲ့အနိုင် ၃ မှတ် အရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပပ်ဂွာဒီယိုလာရဲ့ အသင်းက ၄-၃-၃နဲ့ ပွဲထွက်လာပြီး ဘန်လေ ကတော့၄-၃-၂-၁ နဲ့ ပြန်လည် ရင်ဆိုင်လာခဲ့ပါတယ်။ တစ်ပွဲလုံး အတိုင်းအတာနဲ့ ဂိုးကန်သွင်းမှု ၁၅ ကြိမ်မှာ ဂိုးပေါက်တည့်မှုက ၆ ကြိမ် ရှိခဲ့ပေမယ့် သွင်းဂိုး ၂ ဂိုးပဲ ရခဲ့တာကို ကြည့်ခြင်း အားဖြင့် မန်ချက်စတာစီးတီးရဲ့ တိုက်စစ်ပိုင်းလိုအပ်ချက်တွေ ရှိနေတယ် ဆိုတာ ဖော်ပြနေတဲ့ သဘောပါပဲ။ ဧည့်သည် ဘန်လေ ကတော့ တန်ပြန် တိုက်စစ် ကနေအဓိက ဂိုးသ မား အီဒါဆင် မပါတဲ့ မန်စီးတီးရဲ့ ဂိုးပေါက်ကို ၇ ကြိမ် အထိ ခြိမ်းခြောက်နိုင်ခဲ့ပေမယ့် ဂိုးရဖို့ နည်းနည်းလေးတောင် မနီးစပ်ခဲ့တာ တွေ့ရပါတယ်။ ပွဲချိန် ၁၂ မိနစ်မှာ ဖေးလ် ဖိုလ်ဒန်ရဲ့ ၁၈ ကိုက် စည်းထိပ်က ကန်ချက်ကို ဘန်လေ ဂိုးသမား နစ်ခ်ပုပ် ကာကွယ်ရာကနေ ပြန်ထွက်လာတာ ဘာနာဒို ဆေးလ်ဗားက အမိအရ ပိတ်သွင်းခဲ့လို့ မန်စီးတီးတို့ ဦးဆောင်ဂိုး ရခဲ့ပါတယ်။ ပွဲချိန်ကြာလာတာနဲ့ အမျှ ဘန်လေတို့ ခံစစ်မှာပဲ အချိန်ကုန်နေရတာကြောင့် မန်စီးတီးတို့ စိတ်ကြိုက် ထိုးဖောက်ခွင့် ပိုပြီး ရလာခဲ့ပါတယ်။ အဲ့နောက် ပွဲချိန် မိနစ် ၇၀ မှာတော့ အမှားများလာတဲ့ ဘန်လေရဲ့ ခံစစ်က ဒီဘရိုင်းနားရဲ့ ဂိုးကို ထပ်မံ ခွင့်ပြုပေးခဲ့ရပြီး ပွဲအပြီးမှာတော့ ၂-၀ ရလဒ်နဲ့ပဲ မန်စီးတီးတို့ အနိုင်ရသွားခဲ့ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

တစ်ဖက်က လစ်ဗာပူးရဲ့ ဂိုးပြတ် အနိုင်ရမှုနဲ့ မြို့ခံပြိုင်ဘက် ယူနိုက်တက်ရဲ့ အဝေးကွင်း ရှုံးပွဲ တွေက မန်စီးတီးတို့ အခုပွဲကနေ သေချာပေါက် အနိုင် ၃ မှတ်ရဖို့ မျှော်လင့်ခဲ့ပုံပါပဲ။ ဒါပေမယ့် ခံစစ် မာကျောတဲ့ ဘန်လေကြောင့်ထင်သလောက်တော့ မလွယ်ကူခဲ့ပါဘူး။ အထောင် တိုက်စစ်မှူး စစ်စစ် မပါတဲ့ မန်စီးတီးတို့ ဂိုးရဖို့ ရုန်းကန်ခဲ့ရပေမယ့် ဘာနာဒို ဆေးလ်ဗားရဲ့ အပိုင် အခွင့်အရေး အသုံးချနိုင်မှုနဲ့ ဒီဘရိုင်းနားရဲ့ သေသပ်ကောင်းမွန်တဲ့ ကန်ချက်တွေက ပပ်ဂွာဒီယိုလာရဲ့ အသင်းကို အနိုင် ၃ မှတ်ကို အမိအရ ဖမ်းဆုပ်နိုင်စေခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးအနေနဲ့ဘန်လေကို ရင်ဆိုင်ခဲ့တဲ့ နောက်ဆုံး ၉ပွဲ ဆက်တိုက် အနိုင်ရခဲ့တဲ့ မှတ်တမ်း အပြင် သွင်းဂိုး ၃၂ ဂိုး၊ ပေးဂိုး ၁ ဂိုး ဆိုတဲ့ မှတ်တမ်းကောင်း တစ်ခု ကိုလည်း ပိုင်ဆိုင်သွားခဲ့ပါတယ်။ ဧည့်သည် ဘန်လေ ကတော့ မန်စီးတီးနဲ့ တွေ့ဆုံချိန်တိုင်း ရှုံးနိမ့်ခဲ့တဲ့ အစဉ်အလာ မှိုင်းမိနေပုံ ရပြီး နိုင်လို စိတ်လည်း လုံးဝကို ပျောက်ဆုံးနေခဲ့တာ တွေ့ရပါတယ်။ ဘန်မီး မပါတဲ့ ခံစစ်ပိုင်းက လိုအပ်ချက် မြင့်မားခဲ့ပြီး ဒီအချက်ကြောင့်ပဲ ဖိုဒန်နဲ့ မာရက်ဇ်တို့ ကြိုက်သလို မွှေနှောက် ထိုးဖောက်ဖို့ အခွင့်အရေး ပေးမိသလို ဖြစ်ခဲ့တာပါ။ ပွဲအပြီး မှာတော့ မန်စီးတီးတို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်ဆုံးက ချယ်ဆီးနဲ့ ၂ မှတ် အကွာ၊ ဒုတိယ နေရာက လစ်ဗာပူးလ်နဲ့ ၁ မှတ် အကွာ၊ အဆင့် ၃ နေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။ ဘန်လေ ကတော့ ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၈ ပွဲ ကစားပြီးချိန် အထိ နိုင်ပွဲ လုံးဝ မရသေးလို့ တန်းဆင်းဇုန် အဆင့် ၁၉ နေရာမှာပဲ ဆက်လက် ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။
 

လာမယ့်ပွဲစဉ်များ

ဘန်လေတို့ လာမယ့် အောက်တိုဘာလ ၂၃ ရက်မှာ ပရီးမီးယားလိဂ် ပွဲစဉ် (၉) အဖြစ် ဆောက်သမ်တန်ကို စိန့်မေရီမှာသွားရောက် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ မန်စီးတီး ကတော့ ကြားရက်မှာ ဘယ်လ်ဂျီယံ ကလပ် ဘရုဂျက်နဲ့ ချန်ပီယံလိဂ်ပွဲစဉ် ကစားဖို့ ရှိပြီး လာမယ့် တစ်ပတ် စနေနေ့ မှာတော့ ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ် အဝေးကွင်း ပွဲစဉ် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်