မေဂျာလိဂ် ကလပ် အင်တာမိုင်ယာမီ အသင်း ကတော့ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်ဟီလယ်ရဲ့ ဘရာဇီးလ် တိုက်စစ်မှူး နေမာ ဂျူနီယာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ နေမာ ဟာ အရည်အသွေးမြင့် တိုက်စစ်မှူး တစ်ဦး ဖြစ်ပေမယ့်လည်း မကြာခဏ ဆိုသလို ဒဏ်ရာ ရနေခဲ့တာကြောင့် ကစားသမားဘဝက တဖြည်းဖြည်း မှေးမှိန်လာခဲ့သူလည်း ဖြစ်ပါတယ်။
လက်ရှိမှာ အသက် ၃၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ နေမာက ဒဏ်ရာကြောင့် တစ်နှစ်ကျော် အနားယူနေခဲ့ရပြီး ပြီးခဲ့တဲ့ အောက်တိုဘာလ ကမှ အဲလ်ဟီလယ် အတွက် ပြန်လည် ကစားနိုင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ နေမာဟာ ၂၀၂၃ ခုနှစ် ဩဂုတ်လ ကတည်းက အဲလ်ဟီလယ်ကို ရောက်ရှိခဲ့ပေမယ့် ပြိုင်ပွဲစုံမှာ ၆ ပွဲသာ ကစားထားပြီး သွင်းဂိုးလည်း ၁ ဂိုးသာ ရရှိထားသေးတာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဒီလို မကြာခဏ ဆိုသလို ဒဏ်ရာရတတ်တဲ့ နေမာကို မေဂျာလိဂ် ကလပ် အင်တာမိုင်ယာမီက အလိုရှိနေခဲ့ပြီး နာမည်ကျော် တိုက်စစ် အတွဲအဖက်ကို ပြန်လည် တည်ဆောက်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ အင်တာမိုင်ယာမီရဲ့ ပူးတွဲ ပိုင်ရှင် ဖြစ်တဲ့ အင်္ဂလန် နာမည်ကျော် ကွင်းလယ်လူဟောင်း ဒေးဗစ် ဘက်ခမ်းက ထာဝရ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား အဖြစ် သတ်မှတ်ခံထားရတဲ့ မက်ဆီကို ခေါ်ယူနိုင်ခဲ့ပြီးနောက် မက်ဆီရဲ့ ဘာစီလိုနာ အသင်းဖော်တွေကို ဆက်လက် ခေါ်ယူနေတာလည်း ဖြစ်ပါတယ်။
မေဂျာလိဂ် ကလပ် အင်တာမိုင်ယာမီ ကတော့ မက်ဆီကို ခေါ်ယူခဲ့ပြီးနောက် သူ့ရဲ့ ဘာစီလိုနာ အသင်းဖော်ဟောင်းတွေ ဖြစ်တဲ့ ဆာဂျီယို ဘူးစကွက်စ်၊ ဂျော်ဒီ အဲလ်ဘာနဲ့ ဆွာရက်ဇ် တို့ကိုလည်း ခေါ်ယူထားခဲ့ပါတယ်။ ဘာစီလိုနာ မှာတုန်းက လီယွန်နယ် မက်ဆီ၊ လူးဝစ္စ ဆွာရက်ဇ်နဲ့ နေမာ ဂျူနီယာ တိုက်စစ် အတွဲ MSN ဟာ ပြိုင်ဘက် နောက်တန်းတိုင်း ကြောက်ရွှံ ထိတ်လန့်ရတဲ့ ဘောလုံးလောကရဲ့ အကောင်းဆုံး တိုက်စစ် အတွဲ အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ အခုအခါ မှာတော့ မေဂျာလိဂ် ကလပ် အင်တာမိုင်ယာမီက MSN တိုက်စစ် အတွဲကို ပြန်လည် အသက်သွင်းလိုနေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အင်တာမိုင်ယာမီရဲ့ ပူးတွဲ ပိုင်ရှင် ဒေးဗစ် ဘက်ခမ်းဟာ နေမာနဲ့ ရင်နှီးတဲ့ ဆက်ဆံရေး ရှိပြီး နေမာ ကိုယ်တိုင်က တစ်နေ့မှာ ဒေးဗစ်ဘက်ခမ်းရဲ့ အသင်းမှာ လာရောက် ကစားမယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။
လက်ရှိမှာ မေဂျာလိဂ် ကလပ် အင်တာမိုင်ယာမီဟာ နာမည်ကျော် ကစားသမားတွေကို ဖြည်းဖြည်းချင်း ခေါ်ယူနေခဲ့သလို အောင်မြင်မှုတွေလည်း တဖြည်းဖြည်းနဲ့ ရယူဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ အင်တာမိုင်ယာမီဟာ မေဂျာလိဂ် အမှတ်ပေး ပြိုင်ပွဲရဲ့ ရှုံးထွက်အဆင့်ကို ရောက်ရှိနေပြီးတော့ အတ္တလန္တာ ယူနိုက်တက်နဲ့ နှစ်ကျော့ ကစားပြီးချိန်မှာ ၂-၁ ရလဒ်တွေချည်း ထွက်ပေါ်နေတာကြောင့် တတိယအကျော့ အဖြစ် ဆက်လက် ကစားရဖို့လည်း ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.