နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရလဒ်ပိုင်းထက် ဂုဏ်သိက္ခာအတွက် ပြိုင်ဆိုင်မှု ပြင်းထန်လာဦးမယ့် လန်ဒန်ဒါဘီ – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

တော့တင်ဟမ်ဟော့စပါး vs အာဆင်နယ်

အခုတစ်ပတ် ပရီးမီးယားလိဂ် စူပါဆန်းဒေးရဲ့ အကောင်းဆုံး ပွဲစဉ် တစ်ပွဲအဖြစ် တော့တင်ဟမ်ဟော့စပါးနဲ့ အာဆင်နယ်တို့ ယှဉ်ပြိုင်ကစားဖို့ ရှိနေပြီး ၂၀၁၈ ခုနှစ်နောက်ပိုင်း  စပါးကွင်းမှာ အာဆင်နယ်တို့ အသာမရတာ ကြာပြီ ဖြစ်လို့ လက်ရှိမှာ ခြေစွမ်းပိုင်း တော်တော်လေး ယိမ်းယိုင်နေတဲ့ အာဆင်နယ်တို့ တော့တင်ဟမ်ဟော့စပါးကို အဝေးကွင်းမှာ အသာရနိုင်ပါ့မလား ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

နာမည်ကျော် စပယ်ရှယ်ဝမ်းနည်းပြ မော်ရင်ဟိုရဲ့ တော့တင်ဟမ်ဟော့စပါးတို့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ အဲဗာတန်ကို ရှုံးနိမ့်ခဲ့ပြီးကတည်းက တောက်လျောက် ရှုံးပွဲမရှိတာ ကြာပါပြီ။ လက်တလော ပရီးမီးယားလိဂ် မှာ ၁၀ ပွဲကစား၊ ၆ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၁ ပွဲရှုံးပြီး ရမှတ် ၂၁ မှတ် နဲ့ အမှတ်ပေးဇယား အဆင့် ၁ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ ပွဲမှာ ၃ ပွဲနိုင် ၂ ပွဲသရေကျထားပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၅ ပွဲမှာတော့ ၄ ပွဲနိုင်ပြီး ချဲလ်ဆီး တစ်သင်းတည်းကို သရေကျထားပါတယ်။ တော့တင်ဟမ်ရဲ့ အိမ်ကွင်းစွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင် ၅ ပွဲကစားရာမှာ ၂ ပွဲနိုင်၊ ၂ ပွဲသရေကျပြီး၊ ၁ပွဲရှုံးထားပါတယ်။ တော့တင်ဟမ်မှာ တိုက်စစ်က ဆွန်ဟောင်မင်၊ ဟယ်ရီကိန်းတို့ ဦးဆောင်မှုနဲ့ ၁၀ ပွဲကစားပြီးချိန်မှာ သွင်းဂိုး ၂၁ ဂိုး ရရှိပြီး ပေးဂိုးကတော့ ၉ ဂိုးပဲ ရှိထားပါတယ်။ အော်ရီရာ၊ အန်ဒါဝီရယ်၊ ဒိုင်ယာ၊ ရက်ဂီလွန် တို့ ရှိနေတဲ့ ခံစစ်က အားရစရာ ကောင်းနေပြီး နောက်ဆုံး ၃ ပွဲမှာ ပေးဂိုး ၃ ဂိုးပဲ ရှိထားခဲ့ပါတယ်။

အာဆင်နယ်တို့ ပရီးမီးယားလိဂ်မှာ ကစားခဲ့တဲ့ နောက်ဆုံး ၃ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့လို့ နည်းပြ မီခယ်အာတေးတား တစ်ယောက် ဖိအားတွေ နဲ့ ရင်ဆိုင်နေရပါတယ်။
ပရီးမီးယားမှာ ရလဒ်တွေ တောက်လျောက် ဆိုးရွားနေတဲ့ အာဆင်နယ်

အာဆင်နယ်တို့ ပရီးမီးယားလိဂ် မှာ ကစားခဲ့တဲ့ နောက်ဆုံး ၃ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့လို့ နည်းပြ မီခယ်အာတေးတား တစ်ယောက် ဖိအားတွေ နဲ့ ရင်ဆိုင်နေရပါတယ်။ အာတေးတားရဲ့ အသင်းက ပရီးမီးယားလိဂ် မှာ ကစားနေတာ တစ်သင်း ယူရိုပါလိဂ် ကစားနေတာ တစ်သင်းလို့တောင် ပြောရအောင်ကို ခြေစွမ်းမတည်ငြိမ် ဖြစ်နေပါ တယ်။ အက်စတွန်ဗီလာကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပြီး လိဒ်စ်ယူနိုက်တက်ကို ဂိုးမရှိသရေကစားခဲ့သလို နောက်ဆုံးပွဲစဉ်မှာ ဝုဗ်ကို အိမ်ကွင်းမှာပဲ ၁-၂ နဲ့ ရှုံးနိမ့်ထားခဲ့ပါတယ်။ အာဆင်နယ်ရဲ့ ကစားပုံက လက်တလောမှာ ခံစစ်က ပေါက်ပြဲနေပြီး ကွင်းလယ်က ဖန်တီးမှုမရှိ တိုက်စစ်က ဂိုးမိုးခေါင်နေပါတယ်။ ယူရိုပါလိဂ်မှာ တိုက်စစ်ခြေစွမ်းပြပြီး ဂိုးတွေ သွင်းနိုင် နေတယ်ဆိုတာလည်း တတိယတန်းအဆင့်လောက်ပဲ ရှိတဲ့ အသင်းတွေနဲ့ တစ်အုပ်စုတည်း ကျရောက်နေခဲ့တာကြောင့်လို့ ပြောလို့ရပါတယ်။ အာတေးတားအနေနဲ့ အာဆင်နယ်ကို အစောပိုင်းကိုင်တွယ်ခဲ့တဲ့ ပွဲစဉ်တွေမှာ ရလဒ်ကောင်းတွေ ရရှိ‌အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး အက်ဖ်အေဖလားနဲ့ ကွန်မြူနတီဒိုင်းတွေ ရယူပေးနိုင်ခဲ့လို့ ပရိသတ်တွေက မျှော်လင့်ခဲ့ ကြပေမယ့် လက်ရှိမှာတော့ နည်းပြထိုင်ခုံတောင် လှုပ်နေခဲ့ပါပြီ။ အခုကစားမယ့် တော့တင်ဟမ်ဟော့စပါးနဲ့ ပွဲစဉ်ဟာ အာတေးတားရဲ့ အနာဂတ်အတွက် အရေးပါနေလို့ မဖြစ်မနေ နိုင်ပွဲ ရှာဖွေဖို့ အာရုံစိုက်လာမှာ သေချာပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

တော့တင်ဟမ်ဟော့စပါးနဲ့ အာဆင်နယ်တို့ လန်ဒန်ဒါဘီ ထိပ်တိုက်တွေ့ဆုံမှုတွေကို ပြန်ကြည့်မယ်ဆိုရင် အကြိမ်ပေါင်း ၂၀၁ တွေ့ဆုံခဲ့ပြီး အာဆင်နယ်တို့ ၈၂ ကြိမ်အထိ အနိုင်ရထားပြီး စပါးကတော့ ၆၅ ကြိမ် အနိုင်ရထားပါတယ်။ သရေပွဲကတော့ ၅၄ ပွဲအထိရှိထားခဲ့ပါတယ်။ မနှစ်က ထိပ်တိုက်တွေ့ဆုံမှု ၂ ကြိမ်မှာတော့ အာဆင်နယ်ကွင်းမှာ ၂ ဂိုးစီ သရေကျပြီး တော့တင်ဟမ်ဟော့စပါးကွင်းမှာတော့ စပါးက ၂-၁ နဲ့ အနိုင်ရထားခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
တော့တင်ဟမ် ဟော့စပါး vs အာဆင်နယ် 1X2 တော့တင်ဟမ် ဟော့စပါး @ 2.01
ဒီဇင်ဘာလ ၆ ရက်, ည ၈:၄၅ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၂.၀၃ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၃.၆၅ ဆနဲ့ သရေအတွက်ကိုတော့ ၃.၃၀ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ လက်ရှိခြေစွမ်းပိုင်းနဲ့ စိတ်ဓာတ်ပိုင်းအရ အမှတ်ပေးဇယား  ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ တော့တင်ဟမ်ဟော့စပါးတို့ အာဆင်နယ်ထက် အစစအရာရာ သာနေပါတယ်။ ပေါက်ကြေးအရဆိုရင်လည်း ၂ ဆနီးပါးလောက် ခွာပြီး ကြေးဖွင့်ပေးထားလို့ အစဉ်အလာအရ သာတာ တစ်ချက်တည်းကိုပဲ ကြည့်ပြီး အာဆင်နယ်ဘက်မှာ ရပ်တည်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ လန်ဒန်ဒါဘီ ထုံးစံအတိုင်း အပြန်အလှန်ရှိပြီး ပြိုင်ဆိုင်မှု ပြင်းထန်ဦးမှာ ဖြစ်လို့ ကြည့်ကောင်းမယ့် ပွဲတစ်ပွဲ ဖြစ်လာမှာတော့ သေချာနေပါတယ်။ တော့တင်ဟမ်ဟော့စပါး အနိုင်သေချာပါတယ်။ ဂိုးပြတ်ဖို့တော့ မရှိပါဘူး။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်