နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဝက်ဖို့ဒ် နည်းပြသစ် ရာနီယေးရီကို သွင်းဂိုးတွေနဲ့ ကြိုဆိုခဲ့တဲ့ လစ်ဗာပူးလ် | (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

ဝက်ဖို့ဒ် ၀-၅ လစ်ဗာပူးလ်

မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ရဲ့ အစောဆုံး ပွဲစဉ် မှာတော့ လစ်ဗာပူးလ်တို့ တိုက်စစ် ခြေစွမ်းပြပြီး အိမ်ရှင် ဝက်ဖို့ဒ်ကို ၀-၅ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ လစ်ဗာပူးလ်တို့ ၂၀၂၀ ခုနှစ် တုန်းက ဂိုးပြတ် အရှုံးကို အကောင်းဆုံး လက်စားချေနိုင်ခဲ့တာ ဖြစ်ပေမယ့် ဝက်ဖို့ဒ် နည်းပြသစ် ရာနီယေးရီ အတွက် ကတော့ တကျော့ပြန် ပရီးမီးယားလိဂ် နည်းပြ ခရီး အစကို ဂိုးပြတ် အရှုံးနဲ့ ဖွင့်လှစ်လိုက်ရတာ ဖြစ်ပါတယ်။
 

ပွဲစဉ်အကျဉ်း

 

ဒီနေ့ပွဲမှာ လစ်ဗာပူးလ်တို့ အယ်လီဆွန်၊ ဖာဘင်ဟိုနဲ့ ဂျိုတာ တို့လို အဓိက ကစားသမားတွေ မပါခဲ့ပေမယ့် တိုက်စစ်မှာ ရော်ဘတ်တို ဖေမီနို၊ မာနေး၊ မိုဟာမက်ဆာလာ၊ ကွင်းလယ်မှာ ဟန်ဒါဆင်၊ နာဘီ ကေတာနဲ့ မီလ်နာ၊ ခံစစ် မှာ ဗန်ဒိုက်ချ်၊ မက်တစ်ပ်၊ ရော်ဘတ်ဆန်၊ အာနိုးလ်၊ ဂိုး မှာတော့ ကယ်လာဟာကို ပွဲထွက် ကစားစေခဲ့ပါတယ်။ အိမ်ရှင် ဝက်ဖို့ဒ် ကတော့ ၄-၄-၂ ကစားကွက်နဲ့ ပြန်လည် ရင်ဆိုင်ခဲ့ပြီး ဒဏ်ရာရနေတဲ့ ကစားသမား တချို့က လွဲလို့ အစ်မေလာ ဆား၊ ကွတ်ကာ၊ ဆစ်ဆိုခို၊ ရို့စ်၊ ကီကို၊ ဖော်စတာ တို့ အဓိက ကစား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ထုံးစံ အတိုင်း  ကလော့ပ်ရဲ့ အသင်းက High Pressing ကစားဟန်နဲ့ ဝက်ဖို့ဒ်ကို ပွဲချိန်ပြည့် ဖိအားပေးနိုင်ခဲ့ပြီး ဘောလုံး ပိုင်ဆိုင်မှု ကလည်း ၇၆ ရာခိုင်နှုန်း အထိ ရှိခဲ့ပါတယ်။ ဂိုးပေါက် ကန်ချက် ၁၉ ကြိမ် မှာတော့ ဂိုးပေါက် တည့်မှု ၈ ကြိမ်နဲ့ သွင်းဂိုး ၅ ဂိုး အထိ ရရှိခဲ့တာ ဖြစ်ပါတယ်။ လစ်ဗာပူးလ် အတွက် သွင်းဂိုးတွေ ကိုတော့ ပထမပိုင်း ပွဲအစ ၉ မိနစ်မှာ ဆာဒီယို မာနေး၊ ၃၇ မိနစ်၊ ၅၂ မိနစ်နဲ့ ၉၀+၁’ မိနစ် တွေမှာ ဖေမီနို၊ ၅၄ မိနစ် မှာတော့ မိုဟာမက် ဆာလာ တို့က အသီးသီး သွင်းယူ ပေးသွားခဲ့တာ ဖြစ်ပါတယ်။ 
 

ပွဲပြီးသုံးသပ်ချက်

အခုပွဲ အပြီးမှာ ဝက်ဖို့ဒ်တို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၆ နေရာမှာ ဆက်လက် ရပ်တည်ခဲ့ပြီး လစ်ဗာပူး ကတော့ အဆင့် ၂ နေရာ ကနေ ချဲလ်ဆီးကို ဆက်လက် ဖိအားပေးထားနိုင်ဆဲ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ၂ ပွဲဆက် ရှုံးပြီး အမှတ်ပေးဇယား အဆင့် ၁၆ နေရာမှာ ဆက်လက် ရပ်တည်နေတဲ့ ဝက်ဖို့ဒ်

ဒီနေ့ပွဲမှာ ကလော့ပ်ရဲ့ အသင်း နိုင်ပွဲ ရ၊ မရ ဆိုတာနဲ့ ပတ်သတ်လို့ သံသယ မရှိခဲ့ပေမယ့် ဒီလောက်အထိ ဂိုးပြတ်လိမ့်မယ် လို့တော့ မထင်ထားခဲ့ပါဘူး။ ရာနီယေးရီရဲ့ နည်းစနစ်ကို ယုံကြည်တာနဲ့ လစ်ဗာပူးလ်ရဲ့ အဓိက ကစားသမား တချို့ လွဲချော်မယ် ဆိုတဲ့ အချက်တွေကြောင့် ၀-၂ လောက်ပဲ မျှော်လင့်ထားခဲ့တာပါ။ ဒါပေမယ့် ကလော့ပ်ရဲ့ အသင်း ကတော့ နေရာစုံမှာ အပြစ်ပြောစရာ မရှိအောင် အမှားအနည်းဆုံး ကစားပြီး တိုက်စစ် ထက်မြတ်မှုနဲ့ အတူ အဝေးကွင်းမှာ ဂိုးမိုး ရွာနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ ရာစုနှစ်ရဲ့ အကောင်းဆုံး ၃ ယောက်တွဲ တိုက်စစ်တွေ ထဲက တစ်တွဲ အဖြစ် သတ်မှတ်ခံထားရတဲ့ MFS ရဲ့ တောက်ပမှုကို တဖန် ပြန်လည် မြင်တွေ့ခဲ့ရပြီး စံချိန်သစ် တချို့လည်း တင်နိုင်ခဲ့ကြပါတယ်။ အဖွင့်ဂိုး သွင်းယူခဲ့တဲ့ ဆာဒီယို မာနေး ကတော့ ဒရော့ဘာနဲ့ မိုဟာမက် ဆာလာ ပြီးရင် ပရီးမီးယားလိဂ် သွင်းဂိုး ၁၀၀ ပြည့်ခဲ့တဲ့ အာဖရိက ကစားသမား ဖြစ်လာခဲ့ပြီး ဆာလာ ကလည်း ၂၀၁၄ ခုနှစ် နောက်ပိုင်း လစ်ဗာပူးလ် အတွက် နောက်ဆုံး ၈ ပွဲဆက် ဂိုးသွင်းနိုင်သူ ဖြစ်လာခဲ့ပါတယ်။ ဒုတိယ အကြိမ် ပရီးမီးယားလိဂ် ဟက်ထရစ် ရရှိခဲ့တဲ့ ဖေမီနို ကတော့ ဒီလိဂ်ပြိုင်ပွဲမှာ ဟက်ထရစ် ၂ ကြိမ်ရတဲ့ ပထမဦးဆုံး ဘရာဇီးလ် ကစားသမား ဖြစ်ခဲ့ပါတယ်။ လစ်ဗာပူးလ် အသင်း အနေနဲ့ ကတော့ ပြိုင်ပွဲစုံ အဝေးကွင်း ၇ ပွဲဆက် ၃ ဂိုးနဲ့ အထက် သွင်းယူနိုင်ခဲ့တဲ့ ပထမဦးဆုံးသော ပရီးမီးယားလိဂ် ကလပ် ဖြစ်လာခဲ့ပါတယ်။ ဝက်ဖို့ဒ် အတွက် ကတော့ စိတ်ပျက်စရာ ခြေစွမ်းနဲ့ ပရီးမီးယားလိဂ် ရှုံးပွဲ ဆက်ခဲ့ရတာ ဖြစ်ပြီး နည်းပြ ရာနီယေးရီ အနေနဲ့ အသင်းရဲ့ အားနည်းချက် များစွာကို မြင်တွေ့ခဲ့ရတဲ့ ပွဲပဲ ဖြစ်ပါတယ်။ အခုပွဲ အပြီးမှာ ဝက်ဖို့ဒ်တို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၆ နေရာမှာ ဆက်လက် ရပ်တည်ခဲ့ပြီး လစ်ဗာပူး ကတော့ အဆင့် ၂ နေရာ ကနေ ချဲလ်ဆီးကို ဆက်လက် ဖိအားပေးထားနိုင်ဆဲ ဖြစ်ပါတယ်။
 

လာမယ့်ပွဲစဉ်များ

လစ်ဗာပူးလ်တို့ လာမယ့် အောက်တိုဘာလ ၂၀ ရက်နေ့ မှာတော့ အက်တလက်တီကို မက်ဒရစ်နဲ့ ချန်ပီယံလိဂ် အဝေးကွင်း ပွဲစဉ် ကစားဖို့ ရှိပြီး ၂၄ ရက်နေ့ မှာတော့ မန်ချက်စတာယူနိုက်တက်နဲ့ အင်္ဂလန် ဒါဘီ ပွဲကြီး ပွဲကောင်း နွှဲရမှာ ဖြစ်ပါတယ်။ ဝက်ဖို့ဒ် ကတော့ လာမယ့် စနေနေ့မှာ ဂူဒီဆင်ပါ့ခ်ကို သွားပြီး အဲဗာတန်နဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်