နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆီမြွန်နီရဲ့ အသင်းကိုအိမ်ကွင်းမှာထပ်ပြီးအနိုင်ယူခဲ့တဲ့ လစ်ဗာပူးလ် (ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်)

လစ်ဗာပူးလ် ၂-၀ အက်တလက်တီကိုမက်ဒရစ်

မနေ့ညကယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု (၄) မှာတော့ လစ်ဗာပူးလ်တို့ အက်တလက်တီကိုမက်ဒရစ်ကိုဂျိုတာ၊ မာနေးတို့ရဲ့ သွင်းဂိုးတွေနဲ့ အိမ်ကွင်းအန်ဖီးလ်မှာထပ်မံအနိုင်ရသွားခဲ့ပါတယ်။ထုံးစံအတိုင်းအသင်းကြီးနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုဖြစ်လို့ အကြိတ်အနယ် ရှိတဲ့ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပေမယ့် ဧည့်သည် အသင်းရဲ့ နောက်ခံလူဖိလစ်ပီအနီကတ်ပြ ထုတ်ပယ်ခံခဲ့ရခြင်းနဲ့ အတူအိမ်ရှင် လစ်ဗာပူးလ်တို့ အဘက်ဘက်ကအသာစီးနဲ့ ကစားပြီးအနိုင်ရသွားခဲ့တာဖြစ်ပါတယ်။

 

ပွဲစဉ်အကျဉ်း

 

နှစ်သင်းလုံးအသုံးပြုနေကျ ကစားကွက်တွေနဲ့ပဲပွဲထွက်လာခဲ့ကြပြီးလစ်ဗာပူးလ်ရဲ့ ၄-၃-၃ မှာမိုဟာမက်ဆာလာ၊ မာနေး၊ ဂျိုတာ၊ ဖာဘင်ဟို၊ ချိန်ဘာလိန်၊ ဟန်ဒါဆင်၊ အာနိုးလ်၊ မက်တစ်ပ်၊ ဗန်ဒိုက်ခ်၊ ဆီမီကတ်စ်၊ အလီဆွန် ဘက်ကာတို့ ပါဝင်လာခဲ့ပါတယ်။ အက်တလက်တီကိုမက်ဒရစ် ကတော့ ၃-၄-၂-၁ ကစားကွက်နဲ့ကိုမှ အိုဘလက်ခ်၊ ဟာမိုဆို၊ ဂျင်မီနက်ဇ်၊ ဖိလစ်ပီ၊ ကာရက်စ်ကို၊ ကိုကီ၊ ဒီပေါလ်၊ ထရစ်ပီယာ၊ ဂျာအိုဖီးလစ်၊ ကော်ရီယာ၊ လူးဝစ် ဆွာရက်ဇ်တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။

ပထမအကျော့ အိမ်ကွင်းရှုံးပွဲကိုချေဖျက်နိုင်ဖို့ အတွက် အက်တလက်တီကိုမက်ဒရစ်တို့ ပွဲအစပိုင်းမှာကတည်းကလစ်ဗာပူးလ် နောက်တန်းကိုဖိအားပေးကစားနိုင်ခဲ့ပေမယ့် မက်တစ်ပ်၊ ဗန်ဒိုက်ခ်တို့ကိုမကျော်နိုင်ခဲ့တာကြောင့် ဂိုးပေါက် တည့်မှု ၁ ကြိမ်တောင် မရှိခဲ့ပါဘူး။ဒါပေမယ့် လျင်မြန်တဲ့ တန်ပြန် တိုက်စစ်တွေကနေတစ်ဆင့် ဂိုးရသွားတာကလစ်ဗာပူးလ်တို့ပဲဖြစ်ပြီးအာနိုးလ်ရဲ့ ဖြတ်တင် ပေးပို့မှုကနေဒီယိုဂိုအဲ့နောက် ပွဲချိန် ၃၆ မိနစ်မှာမာနေးကိုပြစ်ဒဏ်ကျုးလွန်ခဲ့တဲ့ ဖိလစ်ပီအနီကတ်ပြ ထုတ်ပယ်ခံလိုက်ရချိန် မှာတော့ အက်တလက်တီကိုမက်ဒရစ်တို့ရဲ့ ချန်ပီယံလိဂ် အဝေးကွင်းနိုင်ပွဲရရှိရေး မျှော်လင်ချက် ကုန်ဆုံးသလောက် ဖြစ်သွားခဲ့ပါတယ်။လက်ကျန် မိနစ် တွေကိုအိမ်ရှင် လစ်ဗာပူးလ်တို့ပဲအသာစီးနဲ့ ပွဲကိုထိန်းကစားသွားတာကြောင့် ၂-၀ ရလဒ် နဲ့ပဲပွဲပြီးဆုံးသွားခဲ့ပါတယ်။

 

ပွဲပြီးသုံးသပ်ချက်

အက်တလက်တီကိုမက်ဒရစ်ကတော့ချန်ပီယံလိဂ်၁၆သင်းအဆင့်ကစားခွင့်ရဖို့အတွက်ဆိုရင်လက်ကျန်ပွဲတွေမှာရလဒ်ကောင်းဖို့လိုအပ်နေခဲ့ပြီဖြစ်ပါတယ်။
အခုနှစ် ချန်ပီယံလိဂ် မှာ ၁ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၂ ပွဲရှုံးနိမ့်ထားတဲ့ အက်တလက်တီကိုမက်ဒရစ်

ဒီနေ့ပွဲမှာအဓိကခြေစွမ်းပြနိုင်ခဲ့တဲ့ လစ်ဗာပူးလ် ကစားသမားကတော့ ညာနောက်ခံလူထရန့် အလက်ဇန္တားအာနိုးလ်ပဲဖြစ်ပါတယ်။အနိုင်ဂိုး ၂ ဂိုးလုံးအတွက် အဓိကကျသူဖြစ်ခဲ့ပြီးပွဲစဉ် တစ်လျှောက်လုံးရဲ့ လုပ်အားနှုန်းအကောင်းဆုံးကစားသမားဖြစ်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာလစ်ဗာပူးလ် တိုက်စစ်ကဒီယိုဂိုဂျိုတာရဲ့ သွင်းဂိုးလူကျွံဘောအဖြစ် သတ်မှတ်ခံခဲ့ရပြီး ၅၇ မိနစ်မှာလူးဝစ် ဆွာရက်ဇ်ရဲ့ သွင်းဂိုးဟာလည်းလူကျွံဘောအဖြစ်ပဲသတ်မှတ်ခံခဲ့ရပါတယ်။ဒါကြောင့် သွင်းဂိုးတွေထပ်မံမြင်တွေ့ခဲ့ရခြင်းမရှိပဲ ၂-၀ ရလဒ်နဲ့ပဲပွဲပြီးခဲ့တယ်လို့ ဆိုရပါမယ်။ ဆီမြွန်နီရဲ့ အသင်းကတော့ ဖိလစ်ပီပါရင် ရှုံးပွဲတွေ့ဖို့ များနေတယ်လို့တာင် ပြောရမလိုဖြစ်နေပြီးကွန်ဒေါ့ဘီယာ၊ ယော်ယန်းတေး၊ လီမားတို့ မပါဝင်နိုင်တာကအဓိကအားနည်းချက် ဖြစ်ခဲ့ရတာဖြစ်ပါတယ်။ လစ်ဗာပူးလ်တို့ အခုနှစ် ချန်ပီယံလိဂ်အုပ်စုပွဲစဉ် ၄ ပွဲကစားပြီးချိန်အထိရာနှုန်းပြည့် နိုင်ပွဲရရှိထားတာကြောင့် ရှုံးထွက်အဆင့်ကိုတက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ အက်တလက်တီကိုမက်ဒရစ် ကတော့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ကစားခွင့် ရဖို့ အတွက် ဆိုရင် လက်ကျန် ပွဲတွေမှာရလဒ်ကောင်းဖို့ လိုအပ်နေခဲ့ပြီဖြစ်ပါတယ်။

 

လာမယ့်ပွဲစဉ်များ

လစ်ဗာပူးလ်တို့ လာမယ့် နိုဝင်ဘာလ ၇ ရက်နေ့မှာဝက်စ်ဟမ်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားဖို့ ရှိနေပြီးအက်တလက်တီကိုမက်ဒရစ် ကတော့ ဗလင်စီယာနဲ့ လာလီဂါ ပွဲစဉ် ၁၃ ကိုယှဉ်ပြိုင် ကစားရမှာဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်