နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အသင်း အတွက် ပြဿနာ ရှိနေရင် လျော်ကြေး မယူပဲ ထွက်မယ် ဆိုတဲ့ မာဆေးလ် နည်းပြ ဒီဇာဘီ | လီဂူးဝမ်း

မာဆေးလ် ကတော့ ပြီးခဲ့တဲ့ လီဂူးဝမ်း ပွဲစဉ်မှာ အော့ဇေးကို အိမ်ကွင်းမှာ ၁-၃ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အမှတ်ပေးဇယား ထိပ်ဆုံးက ပီအက်စ်ဂျီနဲ့ ၉ မှတ် ကွာဟသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီပွဲ အပြီးမှာ မာဆေးလ် နည်းပြ ရော်ဘတ်တို ဒီဇာဘီ အနေနဲ့ အသင်း ကနေ ထွက်ခွာဖွယ် ရှိတယ် ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့သလို သူကိုယ်တိုင် ကလည်း ပြတ်ပြတ်သားသား ပြောဆိုမှုတွေ ပြုလုပ်လာခဲ့ပါတယ်။ ဒီဇာဘီက သူ့အနေနဲ့ အသင်း အတွက် ပြဿနာ ဖြစ်နေတယ် ဆိုရင် လက်ကျန် စာချုပ် အတွက် လစာမယူပဲ ရာထူး ကနေ ထွက်ခွာဖို့ အသင့်ရှိနေကြောင်း ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ဒီဇာဘီက “အိမ်ကွင်း ရှုံးပွဲ အတွက် ကျွန်တော် တာဝန်ယူရမှာပါ။ အိမ်ကွင်း ပွဲစဉ်တွေက ကျွန်တော်တို့ အတွက် အခက်အခဲ ရှိနေတယ် ဆိုတာ ထင်ရှားပါတယ်။ အခုလို အိမ်ကွင်းမှာ ရှုံးပွဲတွေ တွေ့နေတာက ကျွန်တော်တို့ သတ္တိနည်းလို့လား ဒါမှမဟုတ် ကိုယ်ရည်ကိုယ်သွေးကြောင့်လား ဆိုတာ ကိုတော့ ကျွန်တော် နားမလည်ပါဘူး။ ကျွန်တော့် အနေနဲ့ မာဆေးလ်ရဲ့ အိမ်ကွင်း ဖြစ်တဲ့ ဗယ်လိုဒရုမ်း မှာ ရှင်သန်ရတဲ့ အတွေ့အကြုံကို လိုချင်တာလို့ ဒီကို လာခဲ့တာပါ။ တကယ်လို့ အသင်း အတွက် ကျွန်တော်က ပြဿနာ ဖြစ်နေခဲ့မယ် ဆိုရင်တော့ ရာထူးက ထွက်ခွာသွားဖို့ အသင့်ပါပဲ။ ကျွန်တော့် အနေနဲ့ လျော်ကြေး မယူပဲ အသင်း ကနေ ထွက်ခွာသွားမှာပါ။ ကျန်တာတွေကို ကျွန်တော် ဂရုမစိုက်ပါဘူး။ ကျွန်တော့် အနေနဲ့ ဆင်ခြေတွေ မပေးချင်သလို၊ အဓိပ္ပာယ် မရှိတာတွေ ကိုလည်း မပြောချင်ပါဘူး။ ကျွန်တော့် အနေနဲ့ ကိုယ်လွတ် ရုန်းဖို့လည်း ဆန္ဒမရှိပါဘူး။ အမှန်တရားကို ရင်ဆိုင်မှာပါ။ ဒါက ကျွန်တော် လုပ်ရမယ့် အလုပ်ပါပဲ။” လို့ ပြောကြားသွားခဲ့ပါတယ်။

မာဆေးလ် ကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့က ကစားခဲ့တဲ့ လီဂူးဝမ်း ပွဲစဉ်မှာ အိမ်ကွင်း ဗယ်လိုဒရုမ်းမှာ ကစားခဲ့ရပေမယ့်လည်း အော့ဇေးကို ဂိုးပြတ် ရှုံးနိမ့်ခဲ့ရတာပါ။ မာဆေးလ်ဟာ ရာသီအစကမှာ ရလဒ်တွေ တောက်လျောက် ကောင်းမွန်ခဲ့ပေမယ့်လည်း လီဂူးဝမ်း နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲ ၂ ပွဲသာ ရခဲ့ပြီး ၁ ပွဲ သရေ ၂ ပွဲ ရှုံးနိမ့်ခဲ့ပါတယ်။ ဒီအခြေအနေမှာ နည်းပြ ဒီဇာဘီက ရှုံးပွဲ အတွက် သူ့အပေါ်မှာသာ တာဝန်ရှိကြောင်းနဲ့ သူဟာ အသင်း အတွက် ပြဿနာ ရှိနေတော့ လျော်ကြေး မယူပဲ ရာထူး ကနေ ထွက်သွားဖို့ အသင့်ရှိနေတယ်လို့ ပြောကြားလာတာ ဖြစ်ပါတယ်။

အီတလီ လူမျိုး နည်းပြ ရော်ဘတ်တို ဒီဇာဘီ ကတော့ ပြီးခဲ့တဲ့ ၂၀၂၃/၂၄ ဘောလုံး ရာသီအကုန်မှာ ဘရိုက်တန်နဲ့ လမ်းခွဲခဲ့ပြီးနောက် ထိပ်တန်း အသင်းကြီးတွေရဲ့ ကမ်းလှမ်းမှု များစွာ ရရှိခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူက ဒီလို ကမ်းလှမ်းချက်တွေကို ငြင်းပယ်ပြီး မာဆေးလ်ကို ၃ နှစ် စာချုပ်နဲ့ ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ် မာဆေးလ်ဟာ ဒီရာသီ လီဂူးဝမ်း ပွဲစဉ် ၁၁ အပြီးမှာ ရမှတ် ၂၀ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။ ဒီဇာဘီဟာ ရာသီအစ ကလည်း မာဆေးလ် ကစားသမားတွေကို ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို ပြကာ စိတ်ဓာတ် မြှင့်တင်ပေးခဲ့ကြောင်း သတင်းတွေ ထွက်ခဲ့ပါသေးတယ်။ ယူနိုက်တက်ဟာ အခုရာသီမစတင်ခင်က ရော်ဘတ်တို ဒီဇာဘီကို ကမ်းလှမ်းခဲ့တာ ဖြစ်ပြီး ဒီဇာဘီက ပိုက်ဆံထက် ရည်မှန်းချက်ကို တန်ဖိုးထားကြောင်း အကြောင်းပြကာ ယူနိုက်တက် နည်းပြ ရာထူးကို ငြင်းဆန် ပယ်ချခဲ့သူ ဖြစ်ကြောင်းလည်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်