နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အိမ်ရှင်ရဲ့ လက်ရှိ ခြေစွမ်းကြောင့် ယူနိုက်တက်ကိုပဲ မျှော်လင့်ထားချင်တယ် | လက်စတာစီးတီး – မန်ချက်စတာယူနိုက်တက်(ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်)

countdown banner

လက်စတာစီးတီး – မန်ချက်စတာယူနိုက်တက်

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် နှစ်ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးထားတဲ့ မန်ချက်စတာယူနိုက်တက်တို့ အခုတစ်ပတ် စနေနေ့ မှာတော့ လက်စတာစီးတီးကို ကင်းပါဝါမှာ သွားရောက် ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။ ဘရန်ဒန် ရော့ဒ်ဂျားစ်ရဲ့ အသင်းဟာနောက်ပိုင်း နှစ်တွေထဲမှာ မန်ချက်စတာယူနိုက်တက်ကို ဒုက္ခအပေးနိုင်ဆုံး ဖြစ်ပေမယ့် လက်ရှိ ခြေစွမ်းအရတော့ သရေ ၁ မှတ် ရဖို့တောင် အသည်းအသန် ကစားရမယ့် သဘော ရှိနေပါတယ်။

 
လက်စတာစီးတီး အတွက် ကတော့ စိတ်ပျက်စရာ ရာသီ အစ လို့တောင် ပြောလို့ ရပါတယ်။ အခုနှစ် ပရီးမီးယားလိဂ်မှာ ပွဲစဉ်၇ ပြီးတဲ့ အထိ ၂ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၃ ပွဲရှုံး၊ ရမှတ် ၈ မှတ်နဲ့ အဆင့် ၁၃ နေရာ အထိ ရောက်ရှိနေတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ကတည်းက နိုင်ပွဲဝေးနေခဲ့တဲ့ လက်စတာစီးတီးတို့ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၄ ပွဲ ကနေ ရမှတ် ၂ မှတ်သာ ရှာဖွေထားနိုင်ခဲ့ပါတယ်။ လက်စတာရဲ့ ခြေစွမ်း ကျဆင်းမှုက ဥရောပပြိုင်ပွဲ အထိပါ ကူးစက်နေပြီး ၂ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၁ မှတ်သာ ရရှိထားလို့ ယူရိုပါလိဂ် အုပ်စု(C) ရဲ့ အောက်ဆုံး နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ အဓိကကစားသမားတွေ ဒဏ်ရာ ပြသနာ ရှိနေတာနဲ့ ကြံ့ခိုင်မှု မပြည့်ဝတာကလက်စတာတို့ ရလဒ် ဆိုးရွားနေခြင်းရဲ့ အကြောင်းရင်း တစ်ခု ဖြစ်ပေမယ့် မကြာခဏ ဆိုသလို ကစားသမားနဲ့ ကစားကွက် အခင်းအကျင်းတွေပြောင်းလဲနေတာက အသင်းရဲ့ ဟန်ချက် မညီအောင် လုပ်သလို ဖြစ်နေပါတယ်။ အခု ကစားမယ့် ပွဲမှာလည်း ဒဏ်ရာရနေတဲ့ ဖိုဖာနာ၊ ဂျက်စတင်၊ အန်ဒီဒီ၊ မန်ဒီတို့ အပြင် ဗဟိုခံစစ်မှူး ဂျွန်နီ အီဗန့်စ် ကလည်း ဖျားနာနေလို့ ပါဝင်ကစားနိုင်ဖို့ မသေချာဘူးလို့ သိရပါတယ်။ အီဗန်စ် အနေနဲ့ ဖျားနေနေတာ အပြင် ဒဏ်ရာ ပြသနာ ရှိနေတာကြောင့် မြောက်အိုင်ယာလန် အသင်း အတွက် ပါဝင် ကစားပေးနိုင်ခြင်း မရှိခဲ့ပေမယ့် အသင်းဟောင်း ယူနိုက်တက်နဲ့ ပွဲမှာတော့ ပြန်လည် ပါဝင်လာဖို့ ရှိနေတယ် ဆိုပြီး တချို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလကတည်းကနိုင်ပွဲဝေးနေခဲ့တဲ့လက်စတာစီးတီးတို့နောက်ဆုံးကစားခဲ့တဲ့ပရီးမီးယားလိဂ်၄ပွဲကနေရမှတ်၂မှတ်သာရှာဖွေထားနိုင်ခဲ့ပါတယ်။
အခုနှစ် ဘောလုံးရာသီမှာ အဓိက ကစားသမားတွေ ဒဏ်ရာ ရရှိနေမှုနဲ့ အတူ ခြေစွမ်း ကျဆင်းနေတဲ့ လက်စတာစီးတီး

လက်စတာတို့ အခြေအနေ မကောင်းတဲ့ နည်းတူ မန်ချက်စတာယူနိုက်တက်ရဲ့ ခြေစွမ်း ကလည်း အားရစရာ အနေအထားမှာ ရှိမနေပါဘူး။ ဆန်ချို၊ ဗာရန်း အပြင် ခရစ္စတီယာနို ရော်နယ်ဒို ကိုပါ အရ ခေါ်ယူထားခဲ့ပေမယ့် ဆိုးလ်ရှားရဲ့ အသင်းက ရလဒ် ပိုင်း မတည်ငြိမ်သလို နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် အိမ်ကွင်း ၂ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးထားခဲ့ပါတယ်။ အက်စတွန်ဗီလာကို ဟောက်စ်ရဲ့ နောက်ကျ ဂိုးကြောင့် ရှုံးနိမ့်ခဲ့သလို အဲဗာတန်နဲ့ ပွဲမှာလည်း မာစီရယ်ရဲ့ ဂိုးနဲ့ ဦးဆောင်ပြီးမှ တောင်ဆန်ရဲ့ ချေပဂိုး ပြန်လည် ခွင့်ပြုပေးခဲ့ရလို့ ၃ မှတ် အပြည့်ရမယ့် အခွင့်အရေး ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။ဒါပေမယ့် ယူနိုက်တက်တို့ လက်တလောရမှတ် ၁၄ မှတ်အထိ ရှာဖွေထားနိုင်လို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးက ချဲလ်ဆီးနဲ့ ၂ မှတ် အကွာ အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။ ချန်ပီယံလိဂ် မှာတော့ ရော်နယ်ဒိုရဲ့ နောက်ကျဂိုးနဲ့ ဗီလာရီးရဲယ်ကို အနိုင်ရခဲ့လို့ ၃ မှတ် စတင် ရရှိထားခဲ့ပါတယ်။ ယူနိုက်တက်တို့ ဒီပွဲ ပြီးရင် အတ္တလန္တာ၊ လစ်ဗာပူးလ်၊ စပါး၊ မန်ချက်စတာစီးတီး တို့နဲ့ တောက်လျောက် ပွဲကြပ်တွေ ကစားရဖို့ ရှိတာကြောင့် နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားရဲ့ အနာဂတ် အတွက်တောင် အဆုံးအဖြတ် စာမေးပွဲတွေ ဖြစ်သွားနိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။ ဆိုးလ်ရှား အတွက် အဓိက ထိုးနှက် တစ်ခုက ဗဟိုခံစစ်မှာ ဟယ်ရီ မက်ဂွိုင်းယား အပြင် ရာဖာရယ် ဗာရန်းလည်း ဒဏ်ရာ ရရှိနေသလို တောင်အမေရိကသားတွေ ဖြစ်တဲ့ အက်ဒီဆင် ကာဗာနီနဲ့ ဖရက်ဒ် တို့လည်း လွဲချော်ဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဆိုးလ်ရှား အနေနဲ့ ဗဟိုခံစစ်မှာ လင်ဒီအော့ဖ်၊ ဘိုင်ယီကို ပွဲထွက်စေပြီး ကွင်းလယ် မှာတော့ တော်မီနေးနဲ့ ပေါ့ဘာကို အထိုင် ကစားခိုင်းဖို့ များနေပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

လက်စတာစီးတီးနဲ့ မန်ချက်စတာယူနိုက်တက်တို့ သမိုင်းတစ်လျှောက် စုစုပေါင်း ၁၁၃ ကြိမ် ထိပ်တိုက်တွေ့ဆုံ ကစားခဲ့ပြီး ဖြစ်ပါတယ်။ ယူနိုက်တက်တို့ ၆၈ ကြိမ် အနိုင်ရပြီး လက်စတာစီးတီး ကတော့ ၃၅ ကြိမ် ပြန်လည် အနိုင်ရထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ပြိုင်ပွဲစုံ တွေ့ဆုံမှု ၂ ကြိမ်မှာ လက်စတာစီးတီးတို့ ၂ ကြိမ်စလုံး အနိုင်ရထားခဲ့ပေမယ့် ကင်းပါဝါမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၁၅ ပွဲမှာ ယူနိုက်တက်တို့ ၁ ပွဲပဲ ရှုံးနိမ့်ထားတာ တွေ့ရပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
လက်စတာစီးတီး – မန်ချက်စတာယူနိုက်တက် အချိန်ပြည့် ဂိုးပေါင်း ၂ ဂိုးနဲ့ အောက် @ ၁.၇၇ ဆ
အောက်တိုဘာလ၁၆ ရက် , ည ၈:၃၀ နာရီ (GMT + ၆:၃၀)

1×2 မှာတော့ အိမ်ရှင် အနိုင်နဲ့ သရေ ရလဒ် အတွက် ၃.၃၅ ဆ ကြေးဖွင့်ထားပြီး ဧည့်သည် အသင်း အတွက် ၂.၁၂ ဆ သတ်မှတ်ပေးထားပါတယ်။ လက်စတာတို့ ယူနိုက်တက်နဲ့ ကစားခဲ့တဲ့ ပြီးခဲ့တဲ့ ၂ ပွဲလုံး ရလဒ်ကောင်းခဲ့ပေမယ့် လက်ရှိ ခြေစွမ်းနဲ့ စုဖွဲ့မှု အရ ယူနိုက်တက်ကို ယှဉ်ဖို့ တော်တော်လေး ခက်ခဲနေပါလိမ့်မယ်။ ယူနိုက်တက် အနေနဲ့ ကလည်း ခြေစွမ်း အကောင်းကြီး မဟုတ်ပေမယ့် ရော်နယ်ဒို ဦးဆောင်လာမယ့် တိုက်စစ်က လူမစုံတဲ့ လက်စတာရဲ့ ခံစစ် ကိုတော့ ကျော်ဖြတ်နိုင်မယ်လို့ ထင်ပါတယ်။ ဆိုးလ်ရှားရဲ့ အသင်းက နိုင်ပွဲ တစ်ပွဲ အတွက် ယုံကြည်ဖို့ ခက်နေတယ် ဆိုပေမယ့် အားနည်းချက်တွေ များနေတဲ့ ပြိုင်ဘက်ကြောင့် အဝေးကွင်းမှာ ၁ ဂိုး အသာလောက် နဲ့ပဲ ကပ်နိုင်သွားဖို့ပဲ အရဲစွန့်ပြီး မျှော်လင့်ထားချင်ပါတယ်။

ခန့်မှန်းရလဒ် (၁-၂)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်