နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လက်စတာစီးတီးနဲ့ တွေ့မှ ရိုက်ချိုး ဖျက်ဆီးခံလိုက်ရတဲ့ ယူနိုက်တက်ရဲ့ အဝေးကွင်း ရှုံးပွဲ မရှိ မှတ်တမ်း

လက်စတာစီးတီး ၄-၂ မန်ချက်စတာယူနိုက်တက်

ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် (၈)ကလည်း မန်ချက်စတာယူနိုက်တက် ပရိသတ်တွေ အတွက် ဝမ်းသာစရာ မဟုတ်ခဲ့ပြန်ပါဘူး။ အိမ်ရှင် အသင်းရဲ့ ခြေစွမ်း ကျဆင်းနေမှုကြောင့် အခုပွဲ အနိုင် ၃ မှတ်ဟာ သေချာပေါက် ယူနိုက်တက် အတွက်လို့ ထင်ကြေးပေး မျှော်လင့်ခဲ့ကြပေမယ့် တကယ်တမ်း ကစားတဲ့ အချိန် မှာတော့ ဆိုးလ်ရှားရဲ့ အသင်းက စိတ်ပျက်စရာ ခြေစွမ်းနဲ့ အတူ လက်စတာစီးတီးကို ဂိုးပြတ် ရှုံးနိမ့်သွားခဲ့တာ ဖြစ်ပါတယ်။
 

ပွဲစဉ်အကျဉ်း

အခု ရှုံးပွဲကြောင့် မန်ချက်စတာယူနိုက်တက်တို့ ပရီးမီးယားလိဂ် အဝေးကွင်း ၂၉ ပွဲဆက် ရှုံးပွဲ မရှိ စံချိန်ကောင်း ပျက်စီးသွားခဲ့သလို လက်စတာ ကိုလည်း ကင်းပါဝါမှာ ၂ ပွဲဆက် ရှုံးနိမ့်ခဲ့တဲ့ အသင်းလည်း ဖြစ်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် ၃ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့တဲ့ မန်ချက်စတာယူနိုက်တက်

ဒီနေ့ပွဲမှာ လက်စတာစီးတီးတို့ ၃-၄-၁-၂ ကစားကွက်ကို အသုံးပြုပြီး အန်ဒီဒီ၊ ဂျက်စတင်၊ ဖိုဖာနာ တို့က လွဲလို့ အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် ကတော့ ထုံးစံ အတိုင်း ၄-၂-၃-၁ ကစားကွက်နဲ့ပဲ ပွဲထွက်လာပြီး ဗာရန်း နေရာမှာ လင်ဒီအော့ဖ်ကို ဒဏ်ရာက ပြန်လည် သက်သာလာတဲ့ ဟယ်ရီ မက်ဂွိုင်းယားနဲ့ တွဲကစားစေခဲ့သလို ကွင်းလယ် အထိုင် နေရာမှာ ပေါ့ဘာနဲ့ မားတစ်ကို အသုံးပြုခဲ့ပါတယ်။ တောင်ပံ နှစ်ဖက်မှာ ဆန်ချို၊ ဂရင်းဝုဒ်နဲ့ အလယ်မှာ ဖာနန်ဒက်စ် ကိုပဲ သုံးပြီး အထောင် တိုက်စစ်မှူး အဖြစ် ခရစ္စတီယာနို ရော်နယ်ဒို ကိုပဲ ကစားစေခဲ့ပါတယ်။ ပွဲအစ ၁၉ မိနစ် မှာတင်ပဲ ဂရင်းဝုဒ်က ယူနိုက်တက် အတွက် ဦးဆောင်ဂိုးကို လှလှပပ သွင်းယူပေးခဲ့ပေမယ့် ပွဲချိန် မိနစ် ၃၀ ကျော် မှာတော့ လက်စတာ ကွင်းလယ်လူ ယူရီတေးလီမန့်စ်က လှပတဲ့ ကန်ချက်နဲ့ပဲ ပြန်လည် ချေပခဲ့ပါတယ်။ ပွဲချိန် ၇၅ မိနစ် ကျော်တဲ့ အထိ ၁-၁ သရေ ရလဒ် ထွက်ပေါ်နေခဲ့ပြီး နှစ်သင်းလုံး တိုက်စစ် ပိုမြှင့် ကစားလာလို့ ၇၈ မိနစ် ကစပြီး သွင်းဂိုးတွေ ဆက်တိုက် မြင်တွေ့ခဲ့ရပါတယ်။ ဆိုယွန်ချူက လက်စတာ အတွက် ဒုတိယ ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပြီး နောက်ထပ် ၄ မိနစ် အကြာမှာ လူစားဝင် ကစားသမားက ရက်ရှ်ဖို့ဒ် က ယူနိုက်တက် အတွက် ဒုတိယ ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်တို့ ချေပဂိုး ရပြီး ၁ မိနစ် အကြာမှာပဲ ဂျေမီဗာဒီ က တတိယဂိုးနဲ့ မိနစ် ၉၀ ပြည့်ပြီးလို့ နာကျင်အချိန်ပို ၁ မိနစ်မှာ ဒါကာက စတုတ္ထဂိုး တွေကို အသီးသီး သွင်းယူပေးခဲ့လို့ ပွဲအပြီးမှာ လက်စတာစီးတီးတို့ ၄-၂ ရလဒ်နဲ့ ယူနိုက်တက်ကို အနိုင်ရသွားခဲ့ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

ပြောရမယ် ဆိုရင်တော့ လက်စတာစီးတီး ကစားသမားတွေ ခြေစွမ်းကောင်းလို့ အနိုင်ရခဲ့တာ ဖြစ်သလို မန်ချက်စတာယူနိုက်တက် ကစားသမားတွေရဲ့ စွမ်းဆောင်ရည် ညံ့လွန်းခဲ့တာကြောင့် ဒီလောက်အထိ ဂိုးပြတ် ရှုံးသွားခဲ့တာ ဖြစ်ပါတယ်။ နည်းပြ ဆိုးလ်ရှား ကတော့ အခု ရှုံးပွဲ အတွက် သူ့မှာ တာဝန်ရှိကြောင်း ဝန်ခံထားပေမယ့် ဒီပွဲမှာတော့ ယူနိုက်တက် ကစားသမားတွေရဲ့ စွမ်းရည်ကို မေးခွန်းထုတ်ရမှာ ဖြစ်ပါတယ်။ ဒဏ်ရာက ပြန်ပြီး သက်သာလာတဲ့ မက်ဂွိုင်းယားရဲ့ အမှားများခဲ့သလို လင်ဒီအော့ဖ် ကလည်း အခုထိ ခြေစွမ်း တိုးတက်လာတာ မတွေ့ရသေးပါဘူး။ ညာနောက်ခံလူ ဘစ်ဆာခါ အနေနဲ့ ပြိုင်ဘက် တောင်ပံက ကတ်စတန်ညာကို ကောင်းကောင်း မထိန်းချုပ်နိုင်ခဲ့သလို တောင်ပံ ကစားသမား ဆန်ချို ကလည်း ပေါင်သန်း ၇၀ ကျော် ပေးထားရတဲ့ ဈေးနဲ့ တန်တဲ့ ခြေစွမ်းမျိုး မပြသနိုင်သေးပါဘူး။ တိုက်စစ်မှူး ကိုယ်တိုင် ပထမပိုင်းမှာ ထိရောက်တဲ့ ဂိုးပေါက် ခြိမ်းခြောက်မှု ၁ ကြိမ် ပြုလုပ်နိုင်ရုံက လွဲလို့ ယူနိုက်တက် အတွက် ဘာမှ ထူးထူးခြားခြား စွမ်းဆောင်ပေးနိုင်ခဲ့ခြင်း မရှိခဲ့သလို ပေါ့ဘာလည်း ထိုနည်း လည်းကောင်း ပါပဲ။ အဲ့တော့ အခုရှုံးပွဲ အတွက် ယူနိုက်တက် တစ်သင်းလုံးမှာ တာဝန်ရှိပါတယ်။ လက်ရှိ အခြေအနေကိုသာ မပြင်ဆင်နိုင်ရင် လာမယ့် ပွဲစဉ်တွေမှာ ဒီထက် ပိုဆိုးတဲ့ အခြေအနေ မြင်တွေ့ရနိုင်ချေ ရှိပါတယ်။

 
အခု ရှုံးပွဲကြောင့် မန်ချက်စတာယူနိုက်တက်တို့ ပရီးမီးယားလိဂ် အဝေးကွင်း ၂၉ ပွဲဆက် ရှုံးပွဲ မရှိ စံချိန်ကောင်း ပျက်စီးသွားခဲ့သလို လက်စတာ ကိုလည်း ကင်းပါဝါမှာ ၂ ပွဲဆက် ရှုံးနိမ့်ခဲ့တဲ့ အသင်းလည်း  ဖြစ်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာ အနိုင်ဂိုး ၁ ဂိုး သွင်းခဲ့တဲ့ လက်စတာ တိုက်စစ်မှူး ဂျေမီ ဗာဒီ ကတော့ ပရီးမီးယားလိဂ် ထိပ်သီး ၆ သင်းကို ဂိုးအများဆုံး သွင်းနိုင်တဲ့ တိုက်စစ်မှူး ဖြစ်လာခဲ့ပါတယ်။ ဗာဒီ အနေနဲ့ အာဆင်နယ်ကို ၁၁ ဂိုး၊ မန်စီးတီးကို ၈ ဂိုး၊ လစ်ဗာပူးလ်ကို ၈ ဂိုး၊ စပါးကို ၈ ဂိုး၊ ယူနိုက်တက် ၅ ဂိုး၊ ချဲလ်ဆီးကို ၃ ဂိုးနဲ့ စုစုပေါင်း ၄၃ ဂိုး သွင်းယူထားခဲ့ပြီး ဖြစ်ပါတယ်။ လက်စတာတို့ အခုနိုင်ပွဲကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၁ နေရာကို တက်လှမ်းနိုင်ခဲ့ပြီး ယူနိုက်တက် ကတော့ အဆင့် ၅ နေရာက ဘရိုက်တန်ရဲ့ ကျော်တက်တာ ခံခဲ့ရပါတယ်။
 

လာမယ့်ပွဲစဉ်များ

မန်ချက်စတာယူနိုက်တက်တို့ လာမယ့် အောက်တိုဘာလ ၂၁ ရက်နေ့ မှာတော့ အတ္တလန္တာနဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် ကစားဖို့ ရှိနေပြီး ၃ ရက် အကြာ မှာတော့ လစ်ဗာပူးလ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၉)ကို ဆက်ပြီး ကစားရမှာ ဖြစ်ပါတယ်။ လက်စတာစီးတီး ကတော့ အောက်တိုဘာလ ၂၀ ရက်နေ့မှာ စပါးတပ်ခ် မော်စကိုနဲ့ ယူရိုပါလိဂ်၊ ၂၄ ရက်နေ့မှာ ဘရန့်ဖို့ဒ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ ဆက်တိုက် ကစားရဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်