နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အိမ်ကွင်း ၃ ပွဲ ဆက်တိုက် အနိုင်ရလဒ် နဲ့အတူ အဆင့် ၆ နေရာ အထိ ရောက်လာတဲ့ လာဇီယို (စီးရီးအေ ပွဲပြီးသုံးသပ်ချက်)

လာဇီယို ၁-၀ ဖီအိုရင်တီးနား

လာဇီယိုရဲ့ အိမ်ကွင်း ခြေစွမ်း ကတော့ တကယ်ကို အထင်ကြီးစရာ အခြေအနေ ဖြစ်နေခဲ့ပါပြီ။ လက်ရှိ ဘောလုံး ရာသီ အတွင်း စီးရီးအေ အိမ်ကွင်း ရှုံးပွဲ မရှိသေးတဲ့ အသင်းကြီး အချို့ထဲက လာဇီယိုရဲ့ အိမ်ကွင်းက အသင်းတိုင်း ကစားရခက်တဲ့ အနေအထား ဖြစ်လာတာပါ။ ဖီအိုရင်တီးနားရဲ့ ခြေစွမ်းနဲ့ ကစားပုံက ထင်သလောက် အလုပ် မဖြစ်ခဲ့ဘဲ လိုအပ်ချက် မြင့်မားနေဆဲလို့ ပြောလို့ရပါတယ်။ ပြိုင်ဘက် အသင်းဆီက အမှတ်ခွဲယူနိုင်ဖို့ အတွက် ကစားသမား အင်အား တောင့်တင်းတယ် ဆိုပေမယ့် ဖီအိုရင်တီးနား အသင်းရဲ့ ခံစစ်ပိုင်းက လိုအပ်ချက် မြင့်မားနေတယ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။

 

ပွဲစဉ်အကျဉ်း

အိမ်ကွင်း ခြေစွမ်းကောင်းတဲ့ လာဇီယိုကို ရင်ဆိုင်ဖို့ အတွက် ဖီအိုရင်တီးနားတို့ ပြင်ဆင်လာခဲ့ ပေမယ့် ထင်သလောက် အလုပ် မဖြစ်ခဲ့ဘူးလို့ပဲ ဆိုရမှာပါ။ ဂိုးသမား အဖြစ် ပီပီရေနာ၊ နောက်တန်းမှာ အက္ကာဘီ၊ ဖီလစ်ပီနဲ့ ကွင်းလယ်မှာ ဆာဗစ်၊ အယ်လ်ဘာတို၊ တိုက်စစ်မှာ အန်ဒါဆန်၊ အင်မိုဘီလီ၊ ပက်ဒရို တို့နဲ့ လာဇီယိုတို့ လူစုံခဲ့ပါတယ်။ စီးရီးအေ နောက်ဆုံး ၃ ပွဲမှာ ရှုံးပွဲ ၂ ပွဲ ရှိထားတဲ့ ဖီအိုရင်တီးနား ကတော့ အဝေးကွင်း ရလဒ် ကောင်းဖို့အတွက် ကယ်လီဂျွန်၊ တော်ရီယာ၊ မီလန်ကိုဗစ်၊ ကက်စထရိုဗီလီ တို့ကို ပွဲထုတ်ခဲ့တာပါ။ ကစားသမား အင်အားအရ ကွာခြားချက် သိပ်မရှိခဲ့ ပေမယ့် ကစားကွက်ပိုင်းအရ နည်းပြ ဆာရီရဲ့ လာဇီယိုက ပိုသာခဲ့တယ်လို့ ဆိုရမှာပါ။ ပွဲအစ ကတည်းက ကြံ့ခိုင်မှု အသားပေး ကစားခဲ့တဲ့ ဖီအိုရင်တီးနားရဲ့ မာမာထန်ထန် ကစားပုံက လာဇီယို အတွက် အနည်းငယ်တော့ အခက်အခဲ ဖြစ်စေခဲ့ပါတယ်။ ပွဲချိန် တစ်လျှောက်လုံး တန်ပြန် တိုက်စစ်နဲ့သာ ကစားခဲ့တဲ့ ဧည့်သည် အသင်းရဲ့ ပုံစံနဲ့ အလွန်အကျွံ တိုက်စစ် မလိုက်ပါရဲတဲ့ အိမ်ရှင်အသင်းရဲ့ ကစားပုံတွေ ဆီကနေ သွင်းဂိုးတွေ မြင်ရဖို့ ခက်ခဲခဲ့ပါတယ်။ ဒါပေမဲ့ ပွဲချိန် ၅၂ မိနစ်မှာ ဆာဗစ်ရဲ့ ဖန်တီးပေးမှုကို ပက်ဒရိုက ဂိုးအဖြစ် ဖန်တီး ပေးနိုင်ခဲ့တာက လာဇီယို အတွက် နိုင်ပွဲရဖို့ အစဖြစ်ခဲ့ပါတယ်။ ပက်ဒရိုရဲ့ ဂိုးက ဒီနှစ် စီးရီးအေရဲ့ အဆင့်မြင့် သွင်းဂိုးတွေထဲက တစ်ဂိုး အဖြစ် သတ်မှတ်ရမယ့် အခြေအနေ သေသပ် ကောင်းမွန် ခဲ့တာပါ။ ဂိုးပေးလိုက်ရ ပြီးတဲ့နောက် ဖီအိုရင်တီးနားတို့ ဂိုးပြန်ရဖို့ အားစိုက် လာခဲ့ပေမယ့် လာဇီယိုရဲ့ ခံစစ်က လုံးဝ အမှားကင်းခဲ့ပါတယ်။ အပြန်အလှန် တိုက်စစ်ဆင်မှုတွေ ပြုလုပ်ရင်း အခွင့်အရေး ကိုယ်စီ ထပ်ပြီး ရရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တဲ့ အတွက် ပွဲအပြီးမှာ လာဇီယိုတို့ကပဲ ၁-၀ ဂိုး ဆိုတဲ့ ကျဉ်းမြောင်းတဲ့ ရလဒ် တစ်ခုနဲ့ အနိုင်ရရှိခဲ့ပြီး စီးရီးအေ အမှတ်ပေးဇယား အဆင့် ၆ နေရာ အထိ တက်ရောက် လာနိုင်ခဲ့ ပါတယ်။

 

ပွဲပြီးသုံးသပ်ချက်

ကျဉ်းမြောင်းတဲ့ ပွဲရလဒ်၊ ၄၉-၅၁ ရာခိုင်နှုန်းရှိတဲ့ ဘောလုံး ပိုင်ဆိုင်မှု၊ ဂိုးပေါက်တည့်မှု ၂ ကြိမ် ၁ ကြိမ် ဆိုတဲ့ ရလဒ် တွေက တကယ်ကို ကြည့်ကောင်းခဲ့တဲ့ ပွဲတစ်ပွဲ ဆိုတာ သက်သေပြနေသလိုပါပဲ။ အစဉ်အလာ အရလည်း ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပြိုင်ဘက်တွေ ဖြစ်လို့ အနိုင်ရလဒ်အတွက် တော်တော်လေးကို အားစိုက်ခဲ့တာပါ။ အထူးသဖြင့် စီးရီးအေ နောက်ဆုံး ၃ ပွဲမှာ ၂ ပွဲ အထိ ရှုံးပွဲ ရှိခဲ့တဲ့ ဖီအိုရင်တီးနားတို့ အမှတ်အပြည့်ရဖို့ ပြင်ဆင် လာခဲ့ပေမယ့် ဒီရာသီ အိမ်ကွင်း ရှုံးပွဲ လုံးဝ မရှိသေးတဲ့ လာဇီယိုကြောင့် အခက်တွေ ခဲ့တာလည်း ဖြစ်ပါတယ်။ နှစ်သင်းလုံး ခံစစ်ပိုင်းက ရှေ့ပွဲတွေမှာ အားရစရာ မရှိခဲ့သလို အခုပွဲစဉ်မှာလည်း အမှားကိုယ်စီ ရှိခဲ့တာကို တွေ့ရပါတယ်။ လာဇီယိုရဲ့ အနိုင်ဂိုးရှင် ပက်ဒရိုရဲ့ ဂိုးကို ကြည့်ရင် ဖီအိုရင်တီးနားရဲ့ ခံစစ်နဲ့ ကွင်းလယ် ချိတ်ဆက်မှု၊ ဂိုးသမားရဲ့ လိုအပ်ချက်တွေကို မြင်တွေ့ ရပါလိမ့်မယ်။ အခွင့်အရေး ကိုယ်စီ ရရှိခဲ့ကြတယ် ဆိုပေမယ့် ဖီအိုရင်တီးနားထက် လာဇီယိုက အနည်းငယ် ပိုပြီး အမှားနည်း ခဲ့လို့ အခုလို နိုင်ပွဲ ရရှိခဲ့တာပါ။ ဒီပွဲ ရလဒ်ကြောင့် လာဇီယိုတို့ စီးရီးအေ အမှတ်ပေးဇယား အဆင့် ၆ နေရာ အ ထိ တက်ရောက်နိုင်ခဲ့ ပေမယ့် နောက်ဆုံး ၅ ပွဲမှာ ၃ ပွဲ အထိ ရှုံးပွဲ ကြုံတွေ့ခဲ့တဲ့ ဖီအိုရင်တီးနား ကတော့ အဆင့် ၈ နေရာကို ဆင်းပေးခဲ့ရပါတယ်။

 

လာမယ့်ပွဲစဉ်များ

လာဇီယို အနေနဲ့ လာမယ့် စီးရီးအေ ပွဲစဉ်မှာ အမှတ်ပေးဇယား အဆင့် ၁၉ နေရာမှာ ရပ်တည်နေတဲ့ ဆယ်လ်မီတာနာကို ရင်ဆိုင်ရဖို့ ရှိနေပြီး ဖီအိုရင်တီနား ကတော့ စပီဇီယာ အသင်းကို အိမ်ကွင်းမှာ လက်ခံ ကစားရမှာလည်း ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်