နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မက်ဆီနဲ့ နှိုင်းယှဉ်ခံရလို့ ကျေနပ်ပေမယ့် မက်ဆီလို ဖြစ်မလာနိုင်ကြောင်း ဖွင့်ဟခဲ့တဲ့ ယာမယ် | လာလီဂါ

လာလီဂါ ကလပ် ဘာစီလိုနာရဲ့ လာမာစီယာ အကယ်ဒမီထွက် တောင်ပံကစားသမားလေး လမိုင်း ယာမယ်က လီယွန်နယ် မက်ဆီနဲ့ နှိင်းယှဉ်ခံရတာကို သဘောကျပေမယ့် မက်ဆီလို အဆင့်မျိုး ရောက်ဖို့ ဆိုတာက မဖြစ်နိုင်ကြောင်း ပြောကြားလာခဲ့ပါတယ်။

လက်ရှိမှာ အသက် ၁၇ နှစ် အရွယ်သာ ရှိနေသေးတဲ့ စပိန် ကြယ်ပွင့်လေးက လမိုင်း ယာမယ်ဟာ ဆယ်ကျော်သက် အရွယ်မှာတင် ဘာစီလိုနာရဲ့ အဓိက ကစားသမား ဖြစ်နေသူပါ။ ဒါ့အပြင် ဒီကစားသမားလေးက စပိန် မှာပါ အဓိက ကစားသမား အဖြစ် ပွဲထွက်နေရသလို ယူရို ၂၀၂၄ ချန်ပီယံဆု ကိုလည်း ကိုင်မြှောက်ထားနိုင်တဲ့ အရည်အသွေးမြင့် ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။ ညာတောင်ပံ ကစားသမားလေးဟာ ဘာစီလိုနာရဲ့ အထင်ကရ ကစားသမားဟောင်း ဖြစ်တဲ့ မက်ဆီ ခြေရာကို နင်းနိုင်မယ့်သူ ဆိုပြီး အများစုက ထင်ကြေးပေးမှုတွေ ရှိနေပြီးတော့ လာမယ့် အနာဂတ် မှာလည်း မက်ဆီလို ဘယ်လွန်ဒေါဆုရှင် ဖြစ်လာနိုင်သူ အဖြစ် သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။

ဘာစီလိုနာ ဂန္တဝင် မက်ဆီက တော့ လာလီဂါ ကလပ် အတွက် ၁၇ ရာသီ အတွင်း ပြိုင်ပွဲစုံ ၇၆၅ ပွဲ ကစားပြီး ၆၆၆ ဂိုး သွင်းယူခဲ့ပါတယ်။
လာလီဂါ ကလပ် အတွက် ၁၇ ရာသီ အတွင်း ပြိုင်ပွဲစုံ ၇၆၅ ပွဲ ကစားပြီး ၆၆၆ ဂိုး သွင်းခဲ့တဲ့ မက်ဆီ

အခုလိုမျိုး ထင်ကြေးပေးခံရမှုတွေနဲ့ ပတ်သက်လို့တော့ လမိုင်း ယာမယ်က“ဘောလုံးသမိုင်းမှာ အကောင်းဆုံး အဖြစ် သတ်မှတ်ခံထားရတဲ့ လီယွန်နယ် မက်ဆီနဲ့ နှိင်းယှဉ်ခံနေရတာ သဘောကျပါတယ်။ ဒါပေမယ့် ကျွန်တော်က လမိုင်း ယာမယ်သာ ဖြစ်ချင်ပြီးတော့ မက်ဆီရဲ့ အဆင့်မျိုးကို ရောက်ဖို့ဆိုတာ ကလည်း မဖြစ်နိုင်ပါဘူး။ ကျွန်တော် ဘာစီလိုနာ ကနေ ဘယ်တော့မှ မထွက်ခွာသွားချင်ပါဘူး။ ကျွန်တော် ဒီကလပ်ရဲ့ ဂန္တဝင် ကစားသမား တစ်ဦးပဲ ဖြစ်ချင်ပြီးတော့ ကျနော် နီကို ဝီလီယမ်စ်နဲ့ အပတ်စဉ် တွဲဖက် ကစားသွားချင်ပါတယ်။ သူက ကျွန်တော့် အတွက် သူငယ်ချင်းကောင်း တစ်ယောက်ပါ။ လာမယ့် ဘောလုံးရာသီကျရင် သူ ကျွန်တော်တို့ အသင်းဆီ ပြောင်းရွှေ့လာမလား ဆိုတာ ကိုတော့ ကျွန်တော် မသိပါဘူး။ ဒါက သူ့အပေါ်မှာပဲ မူတည်ပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

လမိုင်း ယာမယ်ဟာ ပြီးခဲ့တဲ့ ၂ဝ၂၃-၂ဝ၂၄ ဘောလုံးရာသီ ကမှ လာလီဂါ ကလပ် ဘာစီလိုနာ စီနီယာ အသင်းကြီး အတွက် စတင် ကစားခွင့်ရရှိခဲ့သူ ဖြစ်ပါတယ်။ ယာမယ်ဟာ ပြိုင်ပွဲစုံ ပွဲပေါင်း ၅၀ အထိတောင် ပါဝင် ကစားခဲ့တဲ့ ယာမယ်ဟာ အခုဆိုရင် စပိန်နဲ့ ယူရို ၂၀၂၄ ချန်ပီယံ ဖြစ်ခဲ့သလို ၂၀၂၄ ခုနှစ် အတွက် ကမ္ဘာ့အကောင်းဆုံး လူငယ်ကစားသမားဆုကို ဆွတ်ခူးနိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။

လမိုင်း ယာမယ်ဟာ ဘာစီလိုနာ အတွက် လာလီဂါ အပါအဝင် ပြိုင်ပွဲစုံ ၅၅ ပွဲ ကစားထားခဲ့ပြီးတော့ ၈ ဂိုး သွင်းယူထားပါတယ်။ ဒီရာသီမှာတော့ ယာမယ်က လာလီဂါမှာ ၄ ပွဲ ကစားထားပြီး ၁ ဂိုး သွင်းကာ ဖန်တီးမှု ၄ ကြိမ် ပြုလုပ်ထားပါတယ်။ ဘာစီလိုနာ ဂန္တဝင် မက်ဆီက တော့ လာလီဂါ ကလပ် အတွက် ၁၇ ရာသီ အတွင်း ပြိုင်ပွဲစုံ ၇၆၅ ပွဲ ကစားပြီး ၆၆၆ ဂိုး သွင်းယူခဲ့ပါတယ်။ အဲဒီနောက် မက်ဆီက ပီအက်စ်ဂျီကို ပြောင်းရွှေ့သွားချိန်မှာတော့ ရုန်းကန်ခဲ့ရပြီး ၇၅ ပွဲ ကစားခဲ့ရာမှာ ၃၂ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ လက်ရှိ မေဂျာလိဂ် ကလပ် အင်တာမီယာမီ မှာတော့ မက်ဆီက ၂၉ ပွဲ ကစားကာ ၂၅ ဂိုး သွင်းယူပေးထားပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်