စပိန် လူငယ် တောင်ပံ ကစားသမားလေး လမိုင်း ယာမယ် ကတော့ လာလီဂါ ကလပ် ဘာစီလိုနာ အတွက် ခြေစွမ်းပြ ကစားပေးနေသူ ဖြစ်ပါတယ်။ ဒီအချိန်မှာ လူငယ် ကြယ်ပွင့်လေး ယာမယ်က သူ့ အနေနဲ့ ၂၀၂၅ ခုနှစ်မှာ ဂိုးတွေ ပိုမိုသွင်းယူနိုင်ဖို့နဲ့ ဆုဖလားတွေ ပိုပြီး ရယူနိုင်ဖို့ မျှော်လင့်ကြောင်း ကြုံးဝါး ပြောဆိုလာခဲ့ပါတယ်။
အသက် ၁၇ နှစ် အရွယ်သာ ရှိသေးတဲ့ လမိုင်း ယာမယ်က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ လာလီဂါ ကလပ် ဘာစီလိုနာနဲ့ စပိန် လက်ရွေးစင် အသင်း အတွက် အဓိက ကစားသမား အဖြစ် ခြေစွမ်းပြခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ယာမယ်က စပိန်နဲ့ ယူရို ၂၀၂၄ ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီးတော့ ၂ဝ၂၄ ခုနှစ်ရဲ့ Kopa Trophy ဆုကိုပါ ဆွတ်ခူး နိုင်ခဲ့ပါတယ်။ ဒါ့အပြင် စပိန်သားလေးက ၂၀၂၄ ခုနှစ် အတွက် ဘယ်လွန်ဒေါဆု အတွက် အဆင့် သတ်မှတ်ချက်မှာလည်း နာမည်ကျော် ကစားသမားကြီးတွေ ကိုပါ ကျော်ဖြတ်ပြီး အဆင့် ၈ နေရာမှာ ရပ်တည်နိုင်ခဲ့သူ ဖြစ်ပါတယ်။
ဒီမတိုင်ခင် ယာမယ်က သူ့ အနေနဲ့ ဘယ်လွန်ဒေါဆု ရယူချင်ကြောင်း ပြောကြားခဲ့ဖူးပါသေးတယ်။ ယာမယ်က “ကျွန်တော် ဘယ်လွန်ဒေါဆုကို အမြန်ဆုံး ဆွတ်ခူးနိုင်ဖို့ မျှော်လင့်မိပါတယ်။ ဒါက ကျွန်တော့် စိတ်ထဲမှာ ရှိနေမယ့် အရာပါပဲ။ ဒီအရာကို ရအောင် ယူဆောင်သွားပါမယ်။” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ ယာမယ်က ဘာစီလိုနာနဲ့ အတူ လာလီဂါ ချန်ပီယံဆု အပြင် ချန်ပီယံလိဂ် ဖလားပါ ရယူလိုကြောင်း ထပ်မံ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ယာမယ်က သူ့ရဲ့ ၂၀၂၅ ရည်မှန်းချက်နဲ့ ပတ်သက်လို့ ပြောကြားရာမှာတော့ “ကျွန်တော့် အနေနဲ့ ဂိုးတွေ ပိုသွင်းနိုင်ဖို လိုအပ်ပါတယ်။ ပြီးတော့ ဂိုးဖန်တီးမှု အပိုင်း မှာလည်း အခုထက် ပိုပြီး တိုးတက်ဖို့ လိုအပ်နေပါသေးတယ်။ ဒါတွေက ကျွန်တော့် အတွက် စိန်ခေါ်မှုတွေပါပဲ။ ၂၀၂၄ ခုနှစ်မှာ ဘာစီလိုနာက ဆုဖလားတွေနဲ့ လွဲခဲ့ရပါတယ်။ ဒီတော့ ၂၀၂၅ မှာ ဘာစီလိုနာနဲ့ အတူ လာလီဂါ ချန်ပီယံဆု၊ ချန်ပီယံလိဂ်ဖလားနဲ့ အခြား ဖလားတွေ ရယူချင်ပါတယ်။ ကျွန်တော်တို့ ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲတိုင်းမှာ ချန်ပီယံ ဖြစ်ချင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။
ယာမယ်သာ ဘယ်လွန်ဒေါဆုကို လာမယ့် နှစ်ပိုင်း အတွင်း ရရှိခဲ့မယ် ဆိုရင် ဘယ်လွန်ဒေါဆု သမိုင်းတလျှောက် အသက်အငယ်ဆုံး ဆုရှင် ဖြစ်တဲ့ ရော်နယ်ဒို နာဇာရီယိုရဲ့ စံချိန် ကိုပါ ကျော်ဖြတ်သွားနိုင်မှာလည်း ဖြစ်ပါတယ်။ ရော်နယ်ဒို (ဘရာဇီးလ်) ကတော့ အသက် ၂၁ နှစ် အရွယ်နဲ့ ဘယ်လွန်ဒေါဆုရှင် ဖြစ်ခဲ့သူပါ။ ဒါ့အပြင် ယာမယ်ဟာ ဘာစီလိုနာ ဂန္တဝင် လီယွန်နယ် မက်ဆီနဲ့လည်း မကြာခဏ ဆိုသလို ခိုင်းနှိုင်း ချီးကျူးခံနေရသူလည်း ဖြစ်ပါတယ်။
လမိုင်း ယာမယ်ဟာ လာလီဂါ ကလပ် ဘာစီလိုနာ အတွက် ပြိုင်ပွဲစုံ ၇၂ ပွဲ ကစားကာ ၁၃ ဂိုး သွင်းယူပေးထားခဲ့ပြီးတော့ ဒီရာသီမှာတော့ ၁၆ ပွဲ ကစားကာ ၅ ဂိုး သွင်းပြီး ၉ ဂိုး ဖန်တီးထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.