နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဗင်နီးစီးယပ်စ် မျက်ရည်တွေနဲ့ ပြောပြတဲ့ လူမျိုးရေး ခွဲခြားမှု အကြောင်း | လာလီဂါ

countdown banner

ဗင်နီးစီးယပ်စ်က စပိန်နဲ့ ကစားမယ့် ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေရဲ့ မေးခွန်းတွေကို ဖြေရင်း မျက်ရည်ကျခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ရီးရဲလ်မက်ဒရစ် တောင်ပံကစားသမားဟာ လာလီဂါမှာ ကစားနေချိန်ရော နိုင်ငံအသင်း အတွက် ကစားနေချိန်မှာပါ လူမျိုးရေး ခွဲခြားမှုတွေနဲ့ ဆက်တိုက် ရင်ဆိုင်ခဲ့ရတာပါ။

အခု စပိန်နဲ့ပွဲကလည်း သူ့ရဲ့ မိခင်ကလပ် ရီးရဲလ်မက်ဒရစ် အိမ်ကွင်း ဘာနေဗျူးကွင်းမှာ ကစားရမှာ ဖြစ်ပါတယ်။ ဘရာဇီးလ်ဟာ ဒီပွဲမတိုင်ခင် နောက်ဆုံး ကစားခဲ့တဲ့ အင်္ဂလန်နဲ့ ပွဲမှာ အန်းဒရစ်ခ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိထားခဲ့ပါတယ်။

စပိန်နဲ့ ခြေစမ်းပွဲ မတိုင်ခင် သတင်းစာ ရှင်းလင်းပွဲမှာ ဗင်နီးစီးယပ်စ်က သူ့ရဲ့ ကစားသမားဘဝ တစ်လျှောက်လုံး ကြုံတွေ့ခဲ့တဲ့ လူမျိုးရေးခွဲခြားမှုနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ဖြေကြားပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဗီနီရှပ်စ်က “ပါးစပ်နဲ့ လူမျိုးရေး ခွဲခြားတာက စပိန်နိုင်ငံမှာပဲ ဖြစ်နေတာမျိုး မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးမှာ ဖြစ်နေတာပါ။ ကျနော် အိမ်ကို ပြန်တဲ့ အချိန်တိုင်း ပိုပိုပြီး ဝမ်းနည်းရပါတယ်။ ဘယ်သူကမှ ကျွန်တော့်ကို ထောက်ခံ အားပေးတာမျိုး မရှိပါဘူး။ ဒီအတွက် စိတ်မကောင်းပါဘူး။ ကျနော်က ဘောလုံးပဲ အာရုံစိုက်ကစားချင်တာပါ။ အသင်း အတွက် ကျွန်တော့် မိသားစုအတွက် ဘာမဆိုပဲ လုပ်ပေးချင်တာပါ”

“စောဒကတက်တိုင်း ကျနော်က ပိုပြီး ခံစားချက် ဆိုးရွားလာပါတယ်။ ဒါပေမယ့် ကျနော် ဒီနေရာမှာ ပေါ်လာဖို့ လိုအပ်ပြီး ကျနော့် မျက်နှာကို ပြဖို့ လိုအပ်ပါတယ်။ ယူအီးအက်ဖ်အေ၊ ဖီဖာ၊ ဘရာဇီးလ် ဘောလုံးအဖွဲ့ချုပ်၊ တောင်အမေရိက ဘောလုံးအဖွဲ့ချုပ် တို့လို ဘောလုံးလောကရဲ့ အကြီးမားဆုံး အဖွဲ့အစည်းတွေ၊ ဒီဖြစ်ရပ်တွေကို ဆန့်ကျင် တိုက်ခိုက်နိုင်တဲ့ အဖွဲ့အစည်းတွေ ကိုလည်း ကျွန်တော် အကူအညီ တောင်းပြီးပါပြီ”လို့ မျက်ရည်တွေနဲ့ အတူ ပြောကြားသွားခဲ့ပါတယ်။

ဗင်နီးစီးယပ်စ်ရဲ့ အင်တာဗျူး ဖြေကြားမှုနဲ့ ပတ်သတ်ပြီး ရီးရဲလ်မက်ဒရစ်ရဲ့ လာလီဂါ ပြိုင်ဘက် ကာဒစ်ဇ် အသင်းနဲ့ စီးရီးအေ ထိပ်သီး အေစီမီလန်တို့ ထောက်ခံကြောင်း သူတို့ရဲ့ လူမှုကွန်ယက် စာမျက်နှာတွေက တစ်ဆင့် ပြသခဲ့ပါတယ်။

“ကာဒစ်ဇ်က လူမျိုးရေး ခွဲခြားမှုတွေကို ဆန့်ကျင် တိုက်ခိုက်ပါတယ်။ အသားအရောင် ခွဲခြားမှုတွေ မရှိသင့်ပါဘူး။ ငါတို့ မင်းနဲ့ အတူ ရှိနေပါတယ်” လို့ ရေးသား ဖော်ပြခဲ့တာ ဖြစ်ပြီး အေစီမီလန် ကတော့ ဗင်နီးစီးယပ်စ်ရဲ့ အင်တာဗျုးပို့စ်ကို “ငါတို့ အတူရှိရင် အနိုင်ရနိုင်ပါတယ်။” ဆိုတဲ့ စာသားနဲ့ ပြန်လည် ဝေမျှခဲ့တာ ဖြစ်ပါတယ်။

ဆက်လက်ပြီး လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်ရဲ့ နာမည်ကျော် တောင်ပံ ကြယ်ပွင့် ဗင်နီးစီးယပ်စ် ဂျူနီယာ ကတော့ သူတွေ့ဆုံဖူးသမျှ အခက်ခဲဆုံး ပြိုင်ဘက်က ဝေါ်လ်ကာ ဖြစ်တယ်လို့ ဖွင့်ဟ ပြောဆိုလိုက်ပါတယ်။

ဒီစကား ကိုတော့ ဗင်နီးစီးယပ်စ်က အင်္ဂလန်ကို ၁-၀ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ အခုလို့ပဲ ပွင့်ပွင့်လင်းလင်း ဖွင့်ဟ ဝန်ခံခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ သူတို့ နှစ်ဦးရဲ့ ထိပ်တိုက်တွေ့ဆုံမှုက တော်တော်လေး အကြိတ်အနယ် ရှိခဲ့ပြီး ဗင်နီးစီးယပ်စ်က ဝေါလ်ကာကို ကျော်ဖြတ်နိုင်ခဲ့တာ ရှိခဲ့သလို ဝေါ်လ်ကာက ဗင်နီးစီးယပ်စ်ကို တားဆီးနိုင်ခဲ့ချိန်လည်း ရှိခဲ့ပါတယ်။

နှစ်ဦးစလုံးက ကမ္ဘာ့အဆင့် ကစားသမားတွေ ဖြစ်ပြီး ဒီကစားသမား နှစ်ဦးက ချန်ပီယံလိဂ်မှာ မကြာခဏ ဆိုသလို ထိပ်တိုက်တွေ့ဆုံနေခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ပွဲကတော့ ပြီးခဲ့တဲ့ နိုင်ငံတကာ ခြေစမ်းပွဲ ဖြစ်ပြီး ဝေါ်လ်ကာ ဒဏ်ရာရသွားတဲ့ အပေါ် ဗင်နီးစီးယပ်စ်က အမြန်ဆုံး ပြန်လည် သက်သာစေဖို့ ဆုတောင်းပေးရင်း တစ်ခါတည်း ဝန်ခံသွားခဲ့တာ ဖြစ်ပါတယ်။

ဗင်နီးစီးယပ်စ်က “ဝေါလ်ကာ ဒဏ်ရာရသွားတာက စိတ်မကောင်းစရာပါ။ ကစားသမား တစ်ယောက် ကွင်းထဲမှာ ဒဏ်ရာရသွားတိုင်း အဲ့ဒီကစားသမား အပြင် တခြားသူတွေလည်း ဝမ်းနည်းရပါတယ်။ ဝေါ်လ်ကာက ကျနော် အရင်က ပြောခဲ့ဖူးသလိုပဲ မြင်တွေ့ဖူးသမျှ ခံစစ်မှူးတွေထဲမှာ အကောင်ဆုံးပါ။ သူက တစ်ယောက်ချင်း ဘောလုံး ယှဉ်လုတဲ့ နေရာမှာ တော်တော်လေး ကောင်းပြီး သူက ကျနော့်ကို လေးစားသလို ကျနော်လည်း သူ့ကို လေးစားပါတယ်။ ကျနော်တို့ နှစ်ယောက်လုံး ကိုယ်ကစားတဲ့ အသင်းတွေ အတွက် တိုက်ပွဲဝင်နေကြသူတွေပါ” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်