နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယခုရာသီ လာလီဂါမှာ ပထမဆုံး ထုတ်ခံရတဲ့ နည်းပြ ဖြစ်လာတဲ့ ကီကေး ဆက်တီယန် (လာလီဂါ သတင်းများ)

countdown banner

ဒီတစ်ခါ မှာတော့ စက်တင်ဘာလ ၆ ရက်နေ့ အထိ ရရှိထားသမျှ လာလီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ယခုရာသီ လာလီဂါမှာ ပထမဆုံး ထုတ်ခံရတဲ့ နည်းပြ ဖြစ်တဲ့ ကီကေး ဆက်တီယန်

ဗီလာရီးရဲလ်ဟာ ရာသီသစ်ကို ဆိုးရွားစွာ စတင်နိုင်ခဲ့ပြီးနောက် အင်္ဂါနေ့မှာ နည်းပြ ကီကေး ဆက်တီယန်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီ ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ ဆက်တီယန်ဟာ ၂၀၂၂ ခုနှစ် အောက်တိုဘာလကမှ အက်စတွန်ဗီလာကို ပြောင်းရွှေ့သွားခဲ့တဲ့ အူနိုင်း အမ်မရီရဲ့ နေရာမှာ အစားထိုး ခန့်အပ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။

ဗီလာရီးရဲလ် နည်းပြဘဝဟာ တိုတောင်းတဲ့ အချိန်ကာလ အတွင်းမှာပဲ အဆုံးသတ်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဗီလာရီးရဲလ်ဟာ လာလီဂါ ၄ ပွဲမှာ ၁ ပွဲသာ အနိုင်ရရှိခဲ့ပြီး ၃ ပွဲ အထိ ရှုံးခဲ့တာကြောင့် နိုင်ငံတကာပွဲစဉ် အားလပ်ရက်ကို အဆင့် ၁၅ နေရာနဲ့ ဖြတ်သန်းသွားရတော့မှာ ဖြစ်ပါတယ်။

ဆက်တီယန် လက်အောက်မှာ ဗီလာရီးရဲလ်က ပြီးခဲ့တဲ့ရာသီ လာလီဂါ အဆင့် ၅ နေရာမှာ ရာသီ ပြီးဆုံးခဲ့ပြီး ကိုပါဒယ်ရေး ၁၆ သင်းရှုံးထွက် အဆင့်မှာ ရှုံးနိမ့်ခဲ့သလို ယူရိုပါကွန်းဖရင့်လိဂ် မှာလည်း ၁၆ သင်းအဆင့် ကနေပဲ လှည့်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။       


ယခုရာသီမှာ လစာပေးချေနေရမှုကို ယူရို ၁၆၂ သန်း အထိ လျှော့ချနိုင်ခဲ့တဲ့ ဘာစီလိုနာ

ဒါပေမယ့်လည်း လာလီဂါ ထိပ်သီး ကတ်တလန် ကလပ်ဟာ လစာပေးချေနေရတဲ့ ပမာဏကို သိသိသာသာ လျှော့ချနိုင်ပြီးနောက် အကြပ်အတည်း ကနေ စတင် သက်သာလာနေပြီ ဖြစ်ပါတယ်။
လစာငွေ ယူရို သန်း ၁၆၀ ကျော် လျှော့ချနိုင်ခဲ့တဲ့ ဘာစီလိုနာ

ဘာစီလိုနာရဲ့ ဘဏ္ဍာရေးပြဿနာဟာ တကမ္ဘာလုံးက ပရိသတ်တွေ သိရှိထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လာလီဂါ ထိပ်သီး ကတ်တလန် ကလပ်ဟာ လစာပေးချေနေရတဲ့ ပမာဏကို သိသိသာသာ လျှော့ချနိုင်ပြီးနောက် အကြပ်အတည်း ကနေ စတင် သက်သာလာနေပြီ ဖြစ်ပါတယ်။

အလုပ်များတဲ့ နွေရာသီ အပြောင်းအရွှေ့ကာလမှာ နူးကမ့်ပ်ကို ကစားသမား ၁၂ ဦး အထိ စွန့်ခွာသွားတာကြောင့် ဘာစီလိုနာ အနေနဲ့ တော်တော်လေး အသက်ရှူချောင်သွားခဲ့တယ်လို့ Catalunya Radio က ဖော်ပြခဲ့ပါတယ်။ ဘာစီလိုနာရဲ့ လစာပေးချေနေရမှု ပမာဏဟာ ယခုနွေရာသီ အပြောင်းအရွှေ့ စျေးကွက် အပြီးမှာ ယူရို ၁၆၁၇၅၁၆၁၂ အထိ လျှော့ချနိုင်ခဲ့ပြီး ယူရို ၅၆၆၄၆၀၇၆၇ ကနေ ယူရို ၄၀၄၇၀၉၁၅၅ အထိ လျော့ကျသွားခဲ့တာ ဖြစ်ပါတယ်။

ဒီလျော့ကျသွားမှုကြောင့် ဘာစီလိုနာရဲ့ လစာပေးချေနေရမှုဟာ အသင်း လည်ပတ်ငွေရဲ့ ၇၃ ရာခိုင်နှုန်း ကနေ ၅၄ ရာခိုင်နှုန်း အထိ လျှော့ချနိုင်ခဲ့တာ ဖြစ်ပြီး ဂရစ်ဇ်မန်း၊ ပီကေး၊ ဒမ်ဘီလီ၊ ယော်ဒီ အယ်လ်ဘာ၊ ထရင်ကာအို၊ ဆာဂီယို ဘူးစ်ကတ်တို့လို လစာပေးချေရမှု များပြားတဲ့ ကစားသမားတွေကို ရှင်းထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာဟာ ကစားသမားသစ်တွေ ပြန်လည် ခေါ်ယူခဲ့ပေမယ့်လည်း လုပ်ခလစာ နည်းနည်းနဲ့ စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပြီး အိုရီယို ရိုမီအူ၊ ဂွန်ဒိုအန်၊ ဂျာအို ဖီးလစ်၊ ဂျာအို ကန်ဆယ်လို၊ အီနီဂို မာတီနက်ဇ်တို့ အားလုံးကို အလွတ်နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

လာလီဂါ
ဗီလာရီးယဲလ်
အယ်လ်မရီးယား
ဂိုးပေါ် 2.75 @ 1.81
1X2 သရေ (Draw) @ 4.00
ဂိုးပေါင်း 2-3 @ 2.00
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

နူးကမ့်ပ်ကို ရောက်ရှိလာတဲ့ ဖီးလစ်ကို သတင်းစကားပါးလိုက်တဲ့ ဆွာရက်ဇ်

ဘာစီလိုနာ ကစားသမားဟောင်း လူးဝစ္စ ဆွာရက်ဇ်က အက်သလက်တီကို မက်ဒရစ် ကနေ နူးကမ့်ကို အငှားနဲ့ ပြောင်းရွှေ့ခဲ့တဲ့ အသင်းဖော်ဟောင်း ဂျာအို ဖီးလစ်ကို သတင်းစကား ပေးပို့ခဲ့ပါတယ်။

ဥရုဂွေး ဝါရင့်တိုက်စစ်မှူးကြီးဟာ အက်သလက်တီကို မက်ဒရစ်မှာ ဂျာအို ဖီးလစ်နဲ့ အတူတူ တွဲကစားခဲ့ဖူးသူ ဖြစ်ပြီး ပေါ်တူဂီ ကြယ်ပွင့် တိုက်စစ်မှူး အနေနဲ့ နူးကမ့်မှာ ကြီးမားတဲ့ အောင်မြင်မှုတွေ ရရှိနိုင်မယ်လို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ “လုပ်စမ်းပါ ငါ့ကောင်။ ဒီအခန်းကဏ္ဍသစ်က ကောင်းကောင်း ဖြစ်သွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။” လို့ အင်စတာဂရမ်မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။ ဂျာအို ဖီးလစ်ဟာ တနင်္ဂနွေနေ့က အိုဆာဆူနာကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ လူစားဝင် ကစားသမား အဖြစ် ပွဲဦးထွက် ပါဝင်ကစားခွင့် ရရှိခဲ့ပြီး ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်