နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အသင်း ပိုင်ရှင် ပီတာလင်းကို ဆန္ဒပြခဲ့ကြတဲ့ ဗလင်စီယာ ပရိသတ်များ၊ ကလပ် ကမ္ဘာ့ဖလား ဆွတ်ခူးနိုင်ခဲ့ပေမယ့် ရီးရဲလ် ဂိုးသမား လူနင် ဝေဖန်ခံနေရ (လာလီဂါ နောက်ဆုံးရ သတင်းများ)

အသင်း ပိုင်ရှင် ပီတာလင်းကို ဆန္ဒပြခဲ့ကြတဲ့ ဗလင်စီယာ ပရိသတ်များ၊ ကလပ် ကမ္ဘာ့ဖလား ဆွတ်ခူးနိုင်ခဲ့ပေမယ့် ရီးရဲလ် ဂိုးသမား လူနင် ဝေဖန်ခံနေရ စတာတွေ အပါအဝင် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မနက်ခင်း အထိ ရရှိထားတဲ့ လာလီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အသင်း ပိုင်ရှင် ပီတာလင်းကို ဆန္ဒပြခဲ့ကြတဲ့ ဗလင်စီယာ ပရိသတ်များ

လာလီဂါမှာ ရလဒ်တွေ ဆက်တိုက် ဆိုးရွားနေပြီး တန်းဆင်းရမယ့် အခြေအနေနဲ့ပါ ရင်ဆိုင်လာရတဲ့နောက် ဗလင်စီယာ ပရိသတ်တွေဟာ အသင်း ပိုင်ရှင် ပီတာလင်းကို ဆန္ဒပြနေကြပြီ ဖြစ်ပါတယ်။ ဘီလ်ဘာအိုကို အရေးနိမ့်ခဲ့တဲ့ ပွဲမတိုင်ခင်မှာ ဆန္ဒပြခဲ့ကြတာ ဖြစ်ပြီး အဆိုပါ ပွဲကိုလည်း ဗလင်စီယာက အရေးနိမ့်ခဲ့ပါတယ်။

ထောင်နဲ့ချီတဲ့ ဗလင်စီယာ ပရိသတ်တွေဟာ ကွင်း အပြင်မှာ စုဝေးခဲ့ကြပြီး ပီတာလင်းကို အသင်း ကနေ ထွက်ခွာပြီး အိမ်ပြန်သွားဖို့ အတွက် ရေးသားထားတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြပါတယ်။ စင်ကာပူ နိုင်ငံသား သူဌေး တစ်ဦးဖြစ်တဲ့ ပီတာလင်းဟာ ဗလင်စီယာကို နှစ်အတန်ကြာ ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။ 

သူ့လက်ထက်မှာ အသင်းက တည်ငြိမ်မှု အားနည်းခဲ့ပြီး ခြေစွမ်းပြလိုက်၊ မပြလိုက် ဖြစ်နေခဲ့ကာ အသင်း အတွက် ရင်းနှီးမြုပ်နှံမှု အပေါ်လည်း ပရိသတ်တွေက အားမရဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ပိုင်ရှင်အသစ် ကိုလည်း မျှော်လင့်နေကြပြီး ပီတာလင်း ကိုတော့ အသင်းကို ရောင်းချကာ ထွက်ခွာဖို့ တောင်းဆိုနေပြီ ဖြစ်ပါတယ်။ 


ကလပ် ကမ္ဘာ့ဖလားကို ရီးရဲလ်မက်ဒရစ်တို့ ၅ ကြိမ်မြောက် ဆွတ်ခူး

မော်ရိုကိုမှာ ကျင်းပခဲ့တဲ့ ကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်က ဆော်ဒီကလပ် အယ်လ်ဟီလယ်ကို ၅-၃ နဲ့ အနိုင်ရရှိပြီး ဗိုလ်စွဲသွားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ် အတွက် ဗင်နီစီးယပ်စ် က ၂ဂိုး၊ ဗယ်လ်ဗာဒီက ၂ဂိုးနဲ့ ကာရင်မ် ဘန်ဇီမာက ၁ ဂိုး သွင်းယူပေးခဲ့ကာ ဆော်ဒီ ကလပ် ကလည်း ချေပဂိုး ၃ ဂိုးရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ 

ရီးရဲလ်ဟာ ဒီဆုဖလားကို ၅ ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပြီး နည်းပြ ကားလို အန်ဆယ်လော့တီ အတွက် အသက်ရှူချောင်စရာ ဖြစ်ခဲ့ရပါတယ်။ လာလီဂါမှာ ရလဒ်တွေ ကျဆင်းနေခဲ့လို့ ဖိအားတွေ ဝင်နေချိန်မှာ ဆုဖလား တစ်လုံး ရယူနိုင်ခဲ့တာက အသင်း စိတ်ဓာတ်ပိုင်း ကိုပါ ကြီးကြီးမားမား ပြောင်းလဲသွားဖွယ်ရာ ရှိနေပါတယ်။ 

အယ်လ်ဟီလယ် ကတော့ ကစားသမားချင်း၊ အသင်းချင်း ကွာဟပေမယ့် ရီးရဲလ်မက်ဒရစ်လို အသင်းကို ၃ ဂိုးပြန်သွင်းနိုင်ခဲ့တာ ကိုတော့ ချီးကျူးရမှာ ဖြစ်ပါတယ်။ တတိယနေရာ ကိုတော့ အီဂျစ် ကလပ် အယ်လ်အာလီကို အနိုင်ရရှိခဲ့တဲ့ ဘရာဇီးလ်ကလပ် ဖလာမင်ဂိုက ရရှိခဲ့ပြီး ၄-၂ နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ 


ကလပ် ကမ္ဘာ့ဖလား ဆွတ်ခူးနိုင်ခဲ့ပေမယ့် ရီးရဲလ် ဂိုးသမား လူနင် ဝေဖန်ခံနေရ

အသင်းနဲ့ အတူ ကလပ် ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ် ဂိုးသမား အန်ဒရီ လူနင် ကတော့ ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရပါတယ်။ ဒီပွဲမှာ သူဟာ ပြိုင်ဘက် အသင်းကို ၃ ဂိုးအထိ ခွင့်ပြုပေးခဲ့ရတာ ဖြစ်ပြီး သူ့ရဲ့ လက်စွမ်း အပေါ် မေးခွန်းထုတ်နေကြသလို အသင်း ဂိုးပေါက်ကို စောင့်ကြပ်ဖို့ မထိုက်တန်ဘူးလို့ ယူဆလာကြပါတယ်။ 

အသင်း ပထမဂိုးသမား သီဘို ကော်တွိုက်စ်က ဒဏ်ရာကြောင့် အနားယူနေရချိန်မှာ သူ ဝင်ကစားနေရပေမယ့် ပွဲတိုင်းနီးပါး ဂိုးတွေ ပေးနေခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိမှာ ပရိသတ်တွေက နွေရာသီမှာ လူနင်ကို အသင်း ကနေ ထွက်ခွာစေချင်နေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ဗိုလ်လုပွဲမှာ လူနင် အပြင် ခံစစ် ကစားသမားတွေလည်း ခြေစွမ်းမပြနိုင်ခဲ့တာပါ။ 

နောက်ခံလူ အန်တိုနီယို ရူဒီဂါနဲ့ ဒေးဗစ်အလာဘာ တို့ဟာလည်း ဒီပွဲကို ကောင်းကောင်း မကစားနိုင်ခဲ့ဘဲ ဖြစ်ခဲ့ပါတယ်။ ခံစစ်ကစားသမားတွေရဲ့ ခြေစွမ်း မပြသနိုင်မှု ကလည်း လူနင် အပေါ် သက်ရောက်မှုရှိနေခဲ့တာ ဖြစ်ပါတယ်။ ဘယ်အစွန် ခံစစ်နေရာမှာ ကစားနေတဲ့ ကာမာဗင်ဂါ ကတော့ ပုံစံကောင်းကို ပြသနိုင်ခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်