နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ (လာလီဂါ)

အခုတစ်ခါ မှာတော့ မေလ ၂၅ ရက်နေ့ အထိ နောက်ဆုံး ရရှိထားတဲ့ လာလီဂါ ထိပ်သီး အသင်းတွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


မက်ဆီရော၊ အပယ်ခံ နေမာပါ နူးကမ့်ပ်ကို ပြန်လာသင့်တယ်လို့ ဆိုလိုက်တဲ့ လာပေါ်တာ

ပီအက်စ်ဂျီ တိုက်စစ်မှူး နှစ်ဦး ဖြစ်တဲ့ လီယွန်နယ် မက်ဆီနဲ့ အပယ်ခံ နေမာ တို့ အနေနဲ့ နူးကမ့်ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြန်လာသင့်တယ်လို့ ဘာစီလိုနာ ဥက္ကဌ လာပေါ်တာက ပြောကြားလိုက်ပါတယ်။ ပီအက်စ်ဂျီ အသင်း အနေနဲ့ လူငယ်ကြယ်ပွင့် အန်ဘာပေးကို လာလီဂါ ထိပ်သီး ရီးရဲယ်မက်ဒရစ် အသင်းဆီ မပြောင်းရွှေ့စေဖို့ ငွေပုံအောပေးပြီး စာချုပ်သစ် ချုပ်ဆိုခဲ့ပြီးတဲ့နောက် လာပေါ်တာက အခုလိုပဲ တိုက်ခိုက် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီ ကလည်း နေမာကို သင့်တော်တဲ့ ကမ်းလှမ်းမှု ရရင် ရောင်းထုတ်သွားဖို့ ဆန္ဒရှိနေတာကြောင့် လာပေါ်တာ အနေနဲ့ တစ်ချိန်က ကတ်တာလန် ကလပ် အတွက် အောင်မြင်မှုတွေ ရယူပေးခဲ့တဲ့ ကစားသမား နှစ်ဦးစလုံးကို ပြန်လည် ပေါင်းစည်းပေးဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

ဂျေလိဂ်
ဗစ်ဆယ် ကိုဗီ
ကွန်စာဒိုးလ် စပ်ပိုရို
1X2 သရေ @ 3.10
ဂိုးအောက် 2.25 @ 2.05
ပထမပိုင်း ဂိုးပေါ် 1.00 @ 2.05
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

နေမာ ဟာ ဘာစီလိုနာမှာ မက်ဆီ၊ ဆွာရက်ဇ်တို့နဲ့ တွဲကစားစဉ်က ကမ္ဘာ့အကောင်းဆုံး ကစားသမား တစ်ဦး အဖြစ် သတ်မှတ်ခံခဲ့ရပေမယ့် ၂၀၁၇ ခုနှစ်မှာ စံချိန်တင် ပြောင်းရွှေ့ကြေး တစ်ရပ်နဲ့ ပဲရစ် ကလပ်ထံ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။ မက်ဆီ ကတော့ ပြီးခဲ့တဲ့ ရာသီ အစမှာ ဘာစီလိုနာ အသင်းရဲ့ ဘဏ္ဏာရေး အကြပ်အတည်းတွေကြောင့် နူးကမ့်ပ်ကို နှုတ်မဆက်ချင်ပဲ နှုတ်ဆက်ခဲ့ရပြီး ပီအက်စ်ဂျီ အသင်းထံ ပြောင်းရွှေ့သွားခဲ့ရတာ ဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ ဘာစီလိုနာ အသင်းဟာ နယ်သာလန် တိုက်စစ်မှူး မန်းဖစ် ဒီပေးကို ပေါင်သန်း ၂၀ ရရင် ရောင်းထုတ်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ လာပေါ်တာ အနေနဲ့ ဘေယန်မြူးနစ် ကနေ ထွက်ခွာဖို့ သေချာနေတဲ့ ပိုလန် တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီးကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အသင်းရဲ့ များပြားတဲ့ လုပ်ခလစာပေးချေရမှု ဖြေလျှော့ဖို့ အတွက် ဒီပေးကို အသင်းပြောင်းခွင့် ပေးချင်နေတာ ဖြစ်ပါတယ်။


ရီးရဲယ်မက်ဒရစ်မှာပဲ ဆက်လက် တိုက်ပွဲဝင်သွားဖို့ လိုလားနေတဲ့ ဟာဇက်

ရီးရဲယ်မက်ဒရစ် အသင်းရဲ့ တောင်ပံ ကစားသမား အီဒင် ဟာဇက် ကတော့ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာတော့မယ် ဆိုတဲ့ သတင်းတွေကို ငြင်းဆန်လိုက်ပါတယ်။ အသက် ၃၁ နှစ် အရွယ် ဘယ်ဂျီယံ အသင်းခေါင်းဆောင်ဟာ လာလီဂါ ထိပ်သီး ရီးရဲယ်မက်ဒရစ်မှာ ဒဏ်ရာ ပြသနာတွေကြောင့် ၃ ရာသီ ဆက်တိုက် ရုန်းကန်နေခဲ့ရသူ ဖြစ်ပါတယ်။ ဟာဇက်ဟာ ၂၀၁၉ ခုနှစ်က ချဲလ်ဆီး ကနေ ရီးရဲယ်မက်ဒရစ်ထံ စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၁၈ သန်းနဲ့ ပြောင်းရွှေ့ခဲ့ ဖြစ်ပေမယ့် စပိန် ကလပ် အတွက် ၆၆ ပွဲသာ ကစားပေးထားပြီး ၆ ဂိုးသာ သွင်းယူထားနိုင်ပါတယ်။ ဟာဇက် အနေနဲ့ ခက်ခဲတဲ့ ရာသီတွေကို ကျော်ဖြတ်ခဲ့ရပေမယ့် သူဘာလုပ်နိုင်တယ် ဆိုတာကို အားလုံးကို ပြသဖို့ စိတ်အားထက်သန်နေကြောင်း ပြောကြားခဲ့တာပါ။ မီဒီယာ တော်တော်များများ မှာတော့ ဟာဇက် အနေနဲ့ မက်ဒရစ်မြေကို စွန့်ခွာတော့မယ်လို့ ဖော်ပြနေခဲ့ပေမယ့် နည်းပြ အန်ဆယ်လော့တီ ကတော့ အသင်းမှာ ဆက်လက် ထိန်းသိမ်းထားဖို့ ဆန္ဒရှိကြောင်း ထုတ်ဖော် ပြောကြားထားခဲ့ပါတယ်။

အသက် ၃၁ နှစ် အရွယ် ဘယ်ဂျီယံ အသင်းခေါင်းဆောင်ဟာ လာလီဂါ ထိပ်သီး ရီးရဲယ်မက်ဒရစ်မှာ ဒဏ်ရာ ပြသနာတွေကြောင့် ၃ ရာသီ ဆက်တိုက် ရုန်းကန်နေခဲ့ရသူ ဖြစ်ပါတယ်။
ရီးရဲယ်မက်ဒရစ် အတွက် ၃ ရာသီ အတွင်း ၆၆ ပွဲကစားပြီး ၆ ဂိုးသာ သွင်းထားတဲ့ အီဒင်ဟာဇက်

နောက်ထပ် သတင်းတွေ မှာတော့ ရီးရဲယ်မက်ဒရစ်နဲ့ ပြင်သစ် ကွင်းလယ် ကြယ်ပွင့် အော်ရီလီယန် ချူအာမန်နီ တို့ရဲ့ အပြောင်းအရွှေ့ဟာ နောက်ဆုံး အဆင့်ကို ရောက်ရှိနေပြီလို့ သိရပါတယ်။ အသက် ၂၂ နှစ် အရွယ် မိုနာကို ကစားသမား ချူအာမန်နီကို ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက် တို့ကလည်း သဘောကျခဲ့ပေမယ့် ရီးရဲယ်မက်ဒရစ် ကိုသာ ကစားသမား အနေနဲ့ ပြောင်းရွှေ့ဖို့ လိုလားခဲ့တာကြောင့် ပေါင် ၆၈ သန်းနဲ့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။


အင်တာမိုင်ယာမီ၊ အက်စတွန်ဗီလာ တို့နဲ့ အသံတွေ ထွက်နေတဲ့ လူးဝစ် ဆွာရက်ဇ်

လူးဝစ် ဆွာရက်ဇ် ကတော့ အက်တလက်တီကိုမက်ဒရစ် အသင်း ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ရထားပြီး ဒေးဗစ်ဘက်ခမ်း ပူးတွဲ တည်ထောင်ထားတဲ့ အမေရိကန် မေဂျာလိဂ် ကလပ် အင်တာမိုင်ယာမီ အသင်းနဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ အစောပိုင်း သတင်းတွေ မှာတော့ ဆွာရက်ဇ်ဟာ လစ်ဗာပူးလ် အသင်းဖော်ဟောင်း စတီဗင် ဂျရတ်နဲ့ ကော်တင်ဟိုတို့ ရှိနေတဲ့ အက်စတွန်ဗီလာ အသင်းထံ ပြောင်းရွှေ့ဖို့လည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

တစ်ဆက်တည်းမှာပဲ အက်တလက်တီကို နည်းပြ ဒီယေဂို ဆီမြွန်နီ အနေနဲ့ အူးဒီးနီးစ် ညာနောက်ခံလူ မိုလီနာကို ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။ အီတလီ ကလပ် ဘက်ကတော့ အသက် ၂၄ နှစ် အရွယ် အာဂျင်တီးနား ညာအစွန်လူ အတွက် အနည်းဆုံး ပေါင် ၂၆ သန်းလောက် အလိုရှိနေပြီး အက်တလက်တီကို အနေနဲ့ လူအင်အား ဖြည့်တင်းချင်တယ် ဆိုရင်တော့ အသင်းမှာ ရှိတဲ့ ကစားသမား နှစ်ဦးလောက်ကို မဖြစ်မနေ ထွက်ခွာခွင့်ပေးရမယ်လို့ သိရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်