နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မိုဒရစ်နဲ့ အတွေးချင်း မတူဘူးလို့ ဆိုလိုက်တဲ့ တိုနီ ခရူးစ် | လာလီဂါ

countdown banner

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ဝါရင့် နောက်ခံလူဟာ လာမယ့် ယူရို ၂၀၂၄ ပြီးရင် ကစားသမား ဘဝ ကနေ အနားယူတော့မှာ ဖြစ်ကြောင်း ကြေညာထားခဲ့သူပါ။ ဒါပေမယ့်လည်း သူ့ရဲ့ အသင်းဖော် လူကာ မိုဒရစ် ကတော့ ဘောလုံး ဆက်ကစားဖို့ ဆန္ဒ ရှိနေဆဲ ဖြစ်ပြီး လက်ရှိ ကလပ် ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်းတိုးချင်နေသူ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သတ်လို့ ခရူးစ်ကို မေးမြန်းရာမှာတော့ “မဟုတ်ဘူး။ ဒါက မတူညီတဲ့ ကိစ္စပါ။ လူကာနဲ့ ကျွန်တော့်ရဲ့ အသက်မွေးဝမ်းကြောင်းမှုကို ဘယ်လို အဆုံးသတ်မလဲ ဆိုတာ တွေးတောပုံခြင်း ကွဲပြားမယ် ထင်ပါတယ်။ လူကာက ဒီအခြေအနေမှာ ဘောလုံးခြင်းမှာပဲ ဆက်လက် ပျော်မွေ့ချင်သူပါ။ ကျွန်တော် ကတော့ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်က ကောင်းကောင်း အလုပ်လုပ်နေသေးတဲ့ အချိန်၊ ကောင်းမွန်တဲ့ အခိုက်အတန့်မှာ အမြဲတမ်း အနားယူချင်သူ ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော့်မှာ ဘဝ အတွက် မျှော်လင့်ထားတဲ့ အရာတွေကို ဆက်လုပ်ဖို့ နှစ်ပေါင်းများစွာ ကျန်နေသေးလို့ ပါပဲ။” လို့ ခရူးစ်က ဆိုပါတယ်။

ဆက်လက်ပြီး “ကျွန်တော်ဟာ ရုပ်ပိုင်းဆိုင်ရာ ပြဿနာမရှိဘဲ ဘောလုံး ကစားတာ ကနေ အနားယူချင်ပြီး အသက် ၃၄ နှစ် အရွယ်မှာ ဒီလို အောင်မြင်မှုတွေနဲ့ အဆုံးသတ်နိုင်ခဲ့လို့ ပျော်ပါတယ်။ ကွင်းထဲမှာ ကျွန်တော့် ကစားသမားဘဝ ပြီးဆုံးဖို့ အမြဲတမ်း မြင်တွေ့ခဲ့ပြီး အသင်းအတွက် အရေးပါသူလို့လည်း ကျွန်တော် ကောင်းကောင်း ခံစား ရပါတယ်။ နောက်ပြီး ဒါဟာ ပြီးပြည့်စုံတဲ့ အချိန်လို့လည်း ကျွန်တော် ထင်ပါတယ်။” လို့ ခရူးစ်က ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

အဲ့နောက် ယူရို ၂၀၂၄ ပြိုင်ပွဲဟာ ခရူးစ်ရဲ့ နိုင်ငံ ဖြစ်တဲ့ ဂျာမနီမှာ ပြုလုပ်မှာ ဖြစ်တာကြောင့် ဒီပွဲအပြီးမှာ အနားယူခြင်းနဲ့ သက်ဆိုင်၊ မသက်ဆိုင်ကို မေးမြန်းရာမှာတော့ ခရူးစ်က “မဟုတ်ဘူး။ မဟုတ်ဘူး။ သူတို့ ငါ့ကို လိုအပ်တယ်လို့ ခံစားခဲ့ရတယ်။ နေဂဲလ်စ်မန်းက ကျွန်တော့်ကို ခေါ်ခဲ့ပါတယ်။ ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲ ကတည်းက သူတို့တွေ ဒုက္ခရောက်ခဲ့ရတာကို မြင်ခဲ့ရတယ်။ ကျွန်တော် ခုဏက ပြောခဲ့သလိုပဲ နေဂဲလ်စ်မန်းက ကျွန်တော့်ကို ဖုန်းဆက်တယ်၊ ယူရိုမှာ ကစားချင်လားလို့ မေးတယ်၊ အဲဒါကို စဉ်းစားပြီး ချက်ချင်းပဲ ကစားမယ်လို့ ပြန်ဖြေခဲ့တယ်။ ကျွန်တော့် အနေနဲ့ ရုပ်ပိုင်းဆိုင်ရာ အရ ကောင်းနေဆဲလို့ ခံစားရတယ်၊ ဒါက အရေးကြီးဆုံးပါပဲ။ ရာသီ အတော်ကြာပြီးနောက်မှ ပြိုင်ပွဲ တစ်ခုကို ပြန်ကစားရမှာပါ။

အသင်းနဲ့ အတူ ကျွန်တော်တို့ လုပ်ခဲ့တာထက် ပိုလုပ်နိုင်မယ်လို့ ထင်ပါတယ်။”လို့ ပြောကြားသွားခဲ့ပါတယ်။ ဘေယန်မြူးနစ်နဲ့ အတူ စတင် တောက်ပခဲ့တဲ့ တိုနီ ခရူးစ်ဟာ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် အတွက် ပွဲပေါင်း ၄၆၄ ပွဲ ကစားပြီး ၂၈ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့လာခဲ့တဲ့ ခရူးစ်ဟာ လာလီဂါ ကလပ် အတွက် ပွဲပေါင်း ၄၆၀ ကျော် ကစားပေးခဲ့သူပါ။ ဒါ့အပြင် လာလီဂါ ဖလား ၄ ကြိမ်၊ ကိုပါဒယ်ရေး ၁ ကြိမ်၊ စူပါဖလား ၄ ကြိမ်၊ ချန်ပီယံလိဂ် ၄ ကြိမ်၊ ယူအီးအက်ဖ်အေ စူပါဖလား ၃ ကြိမ်၊ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ၅ ကြိမ် ကိုင်မြှောက်နိုင်ခဲ့သူ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်