နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကမ္ဘာ့အကောင်းဆုံး ကလပ်နဲ့ လမ်းခွဲရတော့မယ့် ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူဟောင်းျ | လာလီဂါ

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ဟာ အသင်းရဲ့ ဝါရင့် ကွင်းလယ်လူ လူကာ မိုဒရစ်ကို စာချုပ်သက်တမ်းမတိုးဖို ဆုံးဖြတ်လိုက်ပါတယ်။ Relevoရဲ့ ဖော်ပြချက်အရ ရာသီကုန်မှာလာလီဂါ ထိပ်သီး ကလပ် ဘက်က ခရိုအေးရှား အသင်းခေါင်းဆောင် အတွက် ဂုဏ်ပြု နှုတ်ဆက်ပွဲကို ခမ်းခမ်းနားနား ပြုလုပ်ပေးသွားမယ်လို့လည်း သိရပါတယ်။

လူကာ မိုဒရစ်ဟာ ရီးရဲလ်မက်ဒရစ်မှာ ၁၂ နှစ်ကြာ ကစားခဲ့ပြီးနောက် မက်ဒရစ်မြို့ ကနေ စွန့်ခွာတော့မှာ ဖြစ်ပါတယ်။ သူ့ အနေနဲ့ ရီးရဲလ်မက်ဒရစ် မှာပဲ ကစားသမားဘ၀ကို အဆုံးသတ်ချင်တာကြောင့် လစာလျှော့ယူပြီး အသင်းမှာ ဆက်နေဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အဓိက ကတော့ ရီးရဲလ်မက်ဒရစ်ရဲ့ လူငယ်တွေကို နေရာပေးတဲ့ မူဝါဒကြောင့် ဖြစ်ပါတယ်။

သတင်းတွေ အရ ဆိုရင် အသင်း တာဝန် ရှိသူတွေ ဘက်က မိုဒရစ်ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး ခက်ခက်ခဲခဲ ဆုံးဖြတ်ချက်ချခဲ့ရတယ်လို့ သိရပြီး လမ်းခွဲခြင်းနဲ့ပဲ အကောင်းဆုံး ရှေ့ဆက်နိုင်မယ့် လမ်းကို ရွေးချယ်သွားခဲ့တာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ အသက် ၃၀ ကျော်ရင် စာချုပ်ကို တစ်နှစ်ချင်းစီပဲ တိုးသွားလေ့ ရှိတဲ့ အသင်း ဖြစ်ပြီး ဘယ်တုန်းကမှလဲ သူတို့ရဲ့ မူဝါဒကို မပြောင်းလဲခဲ့ပါဘူး။ မိုဒရစ်ရဲ့ ရှေ့မှာ အနီးစပ်ဆုံး နောက်ခံလူ ဆာဂျီယို ရာမို့စ် ရှိခဲ့ပြီး စပိန် နောက်ခံလူက ၂ နှစ် စာချုပ် ချုပ်ပေးဖို့ တောင်းဆိုခဲ့ပေမယ့်လည်း အသင်း ပြောင်းခွင့်ပဲ ပေးခဲ့တာ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ် ဘက်က “သူ့ရဲ့ စာချုပ်ဟာ ဇွန်လ ၃၀ ရက်နေ့မှာ ကုန်ဆုံးမှာ သိရှိထားတဲ့ အတိုင်း ကလပ်က သူ့ကို ဆက်လက် ကမ်းလှမ်းဖို့ ဆန္ဒမရှိပါဘူး။” ဆိုပြီး မိုဒရစ်ရဲ့ အနာဂတ်နဲ့ ပတ်သတ်လို့ ပြတ်ပြတ်သားသား ပြောခဲ့တာ ဖြစ်ပါတယ်။

Relevoရဲ့ ဖော်ပြချက်အရ ရာသီကုန်မှာ လာလီဂါ ထိပ်သီး ကလပ် ဘက်က ခရိုအေးရှား အသင်းခေါင်းဆောင် အတွက် ဂုဏ်ပြု နှုတ်ဆက်ပွဲကို ခမ်းခမ်းနားနား ပြုလုပ်ပေးသွားမယ်လို့လည်း သိရပါတယ်။
ရီးရဲလ်မက်ဒရစ်မှာပဲ ကစားသမား ဘဝ ကုန်ဆုံးချင်ခဲ့တဲ့ မိုဒရစ်

အသက် ၃၉ နှစ် အရွယ် ကွင်းလယ်လူရဲ့ နေရာ မှာတော့ တူရကီ မက်ဆီလို့ တင်စားနေကြတဲ့ အာဒါဂူလာကို အခွင့်အရေး ပေးဖို့ စဉ်းစားနေပြီး ကစားသမားလေး ကလည်း နောက်ပိုင်း ပွဲတွေမှာ ဂိုးတွေ သွင်းပြီး ခြေစွမ်းပြလာနိုင်တာ တွေ့ရပါတယ်။ တူရကီ ကစားသမားလေးဟာ မိုဒရစ်ရဲ့ ခြေရာကို လိုက်နင်းနိုင်တဲ့ ကစားသမား အဖြစ် အသင်း ဘက်က မှတ်ယူထားပြီး လာမယ့် ရာသီ အသင်းမှာ ပွဲထွက်ကစားခွင့် ပိုပေးဖို့ ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်။ မိုဒရစ် ထွက်ခွာခြင်းနဲ့ ပတ်သတ်လို့ မကြာမီအချိန် အတွင်း လာလီဂါ ကလပ် ဘက်က တရားဝင် ကြေညာချက် ထုတ်ပြန်သွားဖို့ ရှိပြီး ကြီးကျယ်ခမ်းနားစွာ နှုတ်ဆက်သွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

တော့တင်ဟမ်ဟော့စပါးနဲ့ အတူ တောက်ပခဲ့တဲ့ မိုဒရစ်ဟာ ၂၀၁၂ ခုနှစ်က ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့လာခဲ့ပြီး ၁၀ နှစ်ကျော် အတွင်း ပွဲပေါင်း ၅၃၀ ကျော် ကစားပေးခဲ့သူ ဖြစ်ပါတယ်။ မက်ဒရစ် ကလပ်နဲ့ အတူ လာလီဂါ ဖလား ၄ ကြိမ်၊ ကိုပါဒယ်ရေး ၂ ကြိမ်၊ စပိန် စူပါဖလား ၅ ကြိမ်၊ ချန်ပီယံလိဂ် ၅ ကြိမ်၊ ယူအီးအက်ဖ်အေ စူပါဖလား ၄ ကြိမ်၊ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ၅ ကြိမ် ရရှိခဲ့သူ ဖြစ်ပါတယ်။ တစ်ဦးချင်း ဆုတံဆိပ် များစွာလည်း ရရှိခဲ့ပြီး မက်ဆီနဲ့ ရော်နယ်ဒို လွှမ်းမိုးထားတဲ့ ခေတ်မှာ ၂၀၁၈ ဘယ်လွန်ဒေါဆု ရယူနိုင်ခဲ့တဲ့ ဂန္တဝင် ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။

ဒီလို အောင်မြင်များစွာ ရခဲ့တဲ့ မိုဒရစ်ဟာ ကစားသမား ဘဝ ကနေ အနားယူသွားမလား ဒါမှမဟုတ် ဘယ်အသင်းကို ပြောင်းရွှေ့သွားမလဲ ဆိုတာတော့ အခုချိန်ထိ မသိရသေးပါဘူး။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်