နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘာဆာကို ဟက်ထရစ် သွင်းတဲ့ စပိန် တတိယတန်း ကစားသမား၊ ၃ ပွဲပယ်ခံရတော့မယ့် လီဝန်ဒေါစကီး (လာလီဂါ နောက်ဆုံးရ သတင်းများ)

ဘာဆာကို ဟက်ထရစ် သွင်းတဲ့ စပိန် တတိယတန်း ကစားသမား၊ ၃ ပွဲပယ်ခံရတော့မယ့် လီဝမ်ဒေါစကီး စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၅ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဘာစီလိုနာကို ဟက်ထရစ်သွင်းခဲ့တဲ့ စပိန် တတိယတန်း ကစားသမား

မနေ့က ကစားခဲ့တဲ့ စပိန် ကိုပါဒယ်ရေး ဖလား ပွဲစဉ် မှာတော့ လာလီဂါ ထိပ်သီး ဘာစီလိုနာဟာ အဝေးကွင်းမှာ တတိယတန်း ကလပ်ငယ်လေး အင်တာစီးတီးကို အချိန်ပိုအထိ ကစားခဲ့ရပြီး ၃-၄နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဘာကာတို့ အကြိမ်ကြိမ် ဦးဆောင်ဂိုးတွေ ရခဲ့ပေမယ့် ပြိုင်ဘက်အသင်း ကွင်းလယ်ကစားသမား အိုရီယိုလ် ဆိုဒီဗီလာက ချေပဂိုးတွေ ပြန်သွင်းခဲ့ကာ ဟက်ထရစ်ပါ ရယူသွားခဲ့ပါတယ်။

ဆိုဒီဗီလာ ကတော့ အသက် ၂၁ နှစ်သာ ရှိသေးပြီး ဘာစီလိုနာ လူငယ်ကစားသမားဟောင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၃ နှစ် ကမှ လမ်းခွဲခဲ့ရတာ ဖြစ်ပြီး ဘာမင်ဂမ် အရန်အသင်း မှာလည်း ကစားခဲ့ကာ လက်ရှိက အင်တာစီးတီး အတွက် ကစားပေးနေတာပါ။ အသင်းဟောင်းနဲ့ ပြန်အတွေ့မှာ ဆိုဒီဗီလာက ခြေစွမ်းပြခဲ့ပြီး အချိန်ပိုအထိ ကစားနိုင်အောင် စွမ်းဆောင်ပေးခဲ့ပြီး အားလုံးရဲ့ စိတ်ဝင်စားမှုကိုပါ ရယူနိုင်ခဲ့ပါတယ်။

ဘာကာကို ဟက်ထရစ် သွင်းနိုင်ခဲ့တာ ကတော့ ၂၀၂၁ ဖေဖော်ဝါရီမှာ ဘတ်ပီက သွင်းယူပြီးနောက် သူက ပထမဆုံး သွင်းယူနိုင်ခဲ့တဲ့ ကစားသမားပါ ဖြစ်လာခဲ့တာပါ။ ဆိုဒီဗီလာဟာ ကစားသမား ဘ၀မှာ သွင်းဂိုး ၂ ဂိုးတည်းသာ ရယူထားနိုင်ခဲ့ပြီး အခုအခါမှာ တပွဲတည်းကို ၃ ဂိုး အထိ ရယူနိုင်ခဲ့ပြီး သူ့ရဲ့ ခြေစွမ်းကို အသင်းကြီးတွေ ကပါ စောင့်ကြည့်နေတော့မှာ သေချာပါတယ်။


၃ ပွဲပယ် ပြစ်ဒဏ် ကျခံရတော့မယ့် လီဝန်ဒေါစကီး

ဘာစီလိုနာ တိုက်စစ်မှူး ရောဘတ် လီဝန်ဒေါစကီးရဲ့ ပွဲပယ်ပြစ်ဒဏ်ကို စပိန်အားကစား တရားရုံးက အတည်ပြုလိုက်တာကြောင့် ၃ ပွဲပယ် ပြစ်ဒဏ်ကျခံရတော့မှာ ဖြစ်ပါတယ်။ လီဝန်ဒေါစကီးဟာ ကမ္ဘာ့ဖလား မတိုင်ခင် ကစားခဲ့တဲ့ အိုဆာဆူနာနဲ့ ပွဲစဉ်မှာ ထုတ်ပယ်ခံခဲ့ရတာပါ။

ပြီးခဲ့တဲ့ အပတ်က မက်ဒရစ်ရှိ တရားရုံးက သူ့ရဲ့ ပွဲပယ်ပြစ်ဒဏ်ကို ဆိုင်းငံ့ခဲ့လို့ လီဝန်ဒေါစကီးဟာ အက်စ်ပန်ညိုနဲ့ သရေကျခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာ ပါဝင်ကစားခွင့် ရခဲ့ပါတယ်။ အခုတော့ ၃ ပွဲပယ် ပြစ်ဒဏ်ကြောင့် ပိုလန် တိုက်စစ်မှူးဟာ အက်တလက်တီကို၊ ဂီတာဖေး၊ ဂီရိုနာနဲ့ ကစားမယ့် ပွဲစဉ်မှာ ဘာစီလိုနာ အတွက် ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။ လီဝန်ဒေါစကီးဟာ အိုဆာဆူနာနဲ့ ပွဲမှာ နှစ်ဝါ တစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရတာပါ။

စီးရီးအေ
အေစီမီလန်
ရိုးမား
1X2 သရေ (Draw) @ 3.30
ဂိုးအောက် 2.25 @ 2.16
ပထမပိုင်း ဂိုးပေါ် 2.50 @ 2.09
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒါပေမယ့် ကစားသမားဟာ ဒိုင်လူကြီး အပေါ် ပြုမူခဲ့တဲ့ အမူအရာတွေကြောင့် ၃ ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ အက်စ်ပန်ညို အသင်းရဲ့ အကြီးအကဲတွေဟာ သူတို့နဲ့ ပွဲမှာ လီဝန်ဒေါစကီးကို ပါဝင်ကစားခွင့် ပေးခဲ့တဲ့ အပေါ် အလွန်အမင်း ဒေါသထွက်နေကြပြီး ကန့်ကွက်မှုတွေပါ လုပ်ခဲ့ကြပါတယ်။ အဲ့ဒါကြောင့် ဒီပွဲကို တက်ရောက် ကြည့်ရှူဖို့ ငြင်းဆန်ခဲ့ကြတဲ့ အထိ ဖြစ်ခဲ့ပါတယ်။ လီဝန်ဒေါစကီး ပြန်လည် ပွဲပယ်ခံရတာဟာ ဘာစီလိုနာ အတွက်တော့ ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်လာခဲ့ပါတယ်။


ယာအို ဖီးလစ်ကို အမှန်တကယ် စိတ်ဝင်စားနေတဲ့ ယူနိုက်တက်

စပိန် လာလီဂါ ကလပ် အက်သလက်တီကိုမက်ဒရစ်ရဲ့ တိုက်စစ်ကစားသမား ယာအို ဖီးလစ်ကို ကနဦး အနေနဲ့ အငှား ခေါ်ယူဖို့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် အသင်းက စိတ်ဝင်စားနေပါတယ်။ အငှားခေါ်ယူမှု အတွက် ယူနိုက်တက်က ယူရို ၄ သန်းအထိ ပေးချေသွားဖို့ ဆန္ဒရှိနေပေမယ့်လည်း အေတီကို ဘက်ကတော့ ဒါဟာ လုံလောက်တဲ့ ပမာဏ မဟုတ်ဘူးလို့ တုံ့ပြန်ခဲ့ကြောင်း သိရပါတယ်။

ယူနိုက်တက်ဟာ ကစားသမားကို ခေါ်ယူပြီးချိန်မှာ ခြေစွမ်းပိုင်း စောင့်ကြည့်သွားမှာ ဖြစ်ပြီး ခြေစွမ်းပြနိုင်ခဲ့မယ် ဆိုရင် အပြီးသတ် ခေါ်ယူဖို့ အတွက် လုပ်ဆောင်သွားဖို့ စဉ်းစားထားတာ ဖြစ်ပါတယ်။ လက်ရှိမှာ ကစားသမား ကိုယ်တိုင် ကလည်း အသင်းပြောင်းရွှေ့ဖို့ကို စိတ်ဝင်စားနေပြီး အေတီကိုမှာ ဆက်လက် ကစားချင်စိတ် နည်းပါးနေပါတယ်။

ဆီမြွန်နီ ကတော့ သူ့ရဲ့ကစားသမားကို ရောင်းချလိုစိတ် မရှိဘဲ ဆက်လက် ထိန်းသိမ်းထားဖို့ ကိုသာ ကြိုးစားနေပေမယ့် ယာအို ဖီးလစ် ကိုယ်တိုင်က ထွက်ခွာချင်နေလို့ လက်လွှတ်ရဖွယ် ရှိပါတယ်။ တိုက်စစ်မှူး တစ်ဦး အလိုရှိနေတဲ့ ယူနိုက်တက်ဟာ ယာအိုဖိလစ် အပြင် နောက်ထပ် တိုက်စစ်မှူးတွေကိုပါ စောင့်ကြည့်နေပြီး အယ်လ်နာဆာ တိုက်စစ်မှူး အဘူဘာကာ လည်း ပါဝင်နေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်