နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

သူ့နေရာမှာ ဘယ်သူမဆို ကစားနိုင်တယ် ဆိုတဲ့ ဘက်စ်ကွက်စ်၊ ရော်နယ်ဒိုနဲ့ အဆင်မပြေဘူး ဆိုတဲ့ သတင်းတွေကို ငြင်းလိုက်တဲ့ ဘန်ဇီမာ (လာလီဂါ နောက်ဆုံးရ သတင်းများ)

သူ့နေရာမှာ အစားထိုးနိုင်မယ့်သူတွေကို ပြောပြခဲ့တဲ့ ဘက်စ်ကွက်စ်၊ ရော်နယ်ဒိုနဲ့ အဆင်မပြေဘူး ဆိုတဲ့ သတင်းတွေကို ငြင်းလိုက်တဲ့ ဘန်ဇီမာ အပါအဝင် ဇန်နဝါရီ ၁၅ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


သူ့နေရာမှာ အစားထိုးနိုင်မယ့်သူ ၂ ဦးကို ပြောပြခဲ့တဲ့ ဘက်ကွက်စ်

ရာသီကုန်မှာ ဘာစီလိုနာ ကနေ ထွက်ခွာတော့မယ့် ကွင်းလယ်လူ ဆာဂျီယို ဘက်ကွက်စ်က သူ့နေရာကို အစားထိုးနိုင်မယ့် ကစားသမားတွေက ဘယ်သူတွေလဲ ဆိုတာကို ဖွင့်ဟလိုက်ပါတယ်။ အသက် ၃၄ နှစ် အရွယ် စပိန် ကွင်းလယ်လူဟာ နွေရာသီမှာ အသင်း ကနေ ထွက်ခွာမှာ ဖြစ်ပြီး မေဂျာလိဂ် ကလပ် အင်တာမိုင်ယာမီကို ပြောင်းရွှေ့ဖွယ် ရှိနေပါတယ်။

ဘက်ကွက်စ်က လာလီဂါ မဟာ ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်နဲ့ ကစားရမယ့် စပိန်စူပါဖလား ဗိုလ်လုပွဲ အတွက် မနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဘက်ကွက်စ် ကတော့ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ် ခံစစ်ကစားသမား အဖြစ်နဲ့ နှစ်ပေါင်းများစွာ ရပ်တည်နိုင်ခဲ့သူ ဖြစ်ကာ ဘာဆာနဲ့အတူ အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့ပါတယ်။

“ ကျနော့် နေရာမှာ ဘယ်သူမဆို ကစားနိုင်ပါတယ်၊ အငှားချထားတဲ့ နီကို၊ ဖရန်ကီ ဒီယောင်တို့ ကစားပေးနိုင်ပါတယ်၊ သူတို့ တစ်ဦးချင်းစီမှာ အရည်အသွေး ပြည့်၀ပြီးသားပါ၊ တခြားသော ကစားသမားတွေလည်း အပြင်မှာ ရှိနေပါသေးတယ်၊ ဒါပေမယ့် ဆုံးဖြတ်ချက် ကိုတော့ နည်းပြနဲ့ အသင်းက ချမှတ်သွားမှာပါ” လို့ ဘက်ကွက်စ်က ပြောဆိုခဲ့ပါတယ်။


ရော်နယ်ဒိုနဲ့ အဆင်မပြေဘူး ဆိုတဲ့ သတင်းတွေကို ဘန်ဇီမာ ငြင်းဆန်

လက်ရှိမှာလည်း ဘာစီလိုနာက စပိန်စူပါဖလား ဗိုလ်လုပွဲ အဖြစ် လာလီဂါ ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်နဲ့ ကစားရဖို့ ရှိနေတာ ဖြစ်ပါတယ်။
ဒီရာသီ အယ်လ်ကလက်စီကိုမှာ ရီးရဲလ်ကို ရှုံးနိမ့်ထားတဲ့ ဘာစီလိုနာ

ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ကာရင်မ် ဘန်ဇီမာက အသင်းဖော်ဟောင်း ရော်နယ်ဒိုနဲ့ သူ့အကြားမှာ အဆင်မပြေ ဖြစ်နေတယ် ဆိုတဲ့ သတင်းတွေကို ငြင်းဆန်လိုက်ပါတယ်။ ဆော်ဒီကို ရောက်ရှိနေတဲ့ ရီးရဲလ် အသင်းသားတွေဟာ ရော်နယ်ဒိုနဲ့ သွားရောက် တွေ့ဆုံခဲ့ကြပြီး ထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေထဲမှာ ရော်နယ်ဒိုနဲ့ ဘန်ဇီမာတို့ တွဲဖက် ရိုက်ကူးထားတဲ့ ပုံမပါဝင်ခဲ့လို့ အဆင်မပြေဘူးလို့ ဖော်ပြနေကြတာပါ။

ဒါပေမယ့် ဘန်ဇီမာက “ ကျနော် တို့က ဓာတ်ပုံ တွဲရိုက်ဖို့မှ မလိုတာ၊ ကျနော် တို့က သူငယ်ချင်းတွေလေ၊ ဓာတ်ပုံတွေ ဆိုတာက အင်စတာဂရမ် ဒါမှမဟုတ် တွစ်တာ အတွက်ပဲ၊ အဲဒါက အခြားသော ကမ္ဘာတခုပါ၊ ကျနော်တို့ တစ်ယောက်နဲ့ တယောက် စကားတောင် ကောင်းကောင်းပြောဖို့ အချိန်မရခဲ့ဘူး၊ ကျနော် လေ့ကျင့်ခန်းဆင်းနေသလို သူကလည်း ချက်ချင်းပဲ လေ့ကျင့်ခန်း ဆင်းခဲ့ရတာပါ”

“ မနက်ဖြန်မှာ သူ့ကို ကွင်းထဲမှာ တွေ့ပြီး ခဏလောက်ပဲ ဖြစ်ဖြစ် စကားပြောနိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။ သူတို့ နှစ်ဦးဟာ ဘာနေဗျူးမှာ လိုက်ဖက်ညီတဲ့ တိုက်စစ်အတွဲ အဖြစ် ရှိခဲ့ပြီး ဂါရတ်သ် ဘေးလ်နဲ့ အတူ ပူးပေါင်းကာ BBC တိုက်စစ်အတွဲ အဖြစ် နာမည်ကျော်ခဲ့ပါတယ်။


ယူနိုက်တက်ရဲ့ နိုင်ပွဲကြောင့် ဘာစီလိုနာတို့ ကျိန်စာဆိုး ထပ်သင့်ဦးမလား

ပရီးမီးယား လိဂ်
ခရစ္စတယ်ပဲလေ့စ်
မန်ချက်စတာ ယူနိုက်တက်
ပထမပိုင်း 1X2 မန်ချက်စတာ ယူနိုက်တက် @ 2.43
ခရစ္စတယ်ပဲလေ့စ် အာရှ ဟန်းဒီးကပ် +0.50 @ 2.07
ဂိုးပေါ် 2.50 @ 1.98
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

မနေ့ညက ကစားခဲ့တဲ့ မန်ချက်စတာဒါဘီပွဲမှာ မန်ချက်စတာစီးတီးကို မန်ချက်စတာယူနိုက်တက်က အနိုင်ရရှိသွားခဲ့ပါတယ်။ ပထမအကျော့က ရှုံးကြွေးကို ယူနိုက်တက်တို့ ပြန်ဆပ်နိုင်ခဲ့တာ ဖြစ်ပြီး အိုးထရက်ဖို့ဒ်မှာ လှပတဲ့ နိုင်ပွဲ တစ်ပွဲကို ပုံဖော်နိုင်ခဲ့ကာ အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နိုင်ခဲ့ပြီး မန်စီးတီးနဲ့ ၁ မှတ်သာ ကွာဟပါတော့တယ်။

ထူးခြားချက် ကတော့ ယူနိုက်တက်ဟာ တစ်ရာသီ အတွင်း အိုးထရက်ဖို့ဒ်မှာ မန်စီးတီးနဲ့ လစ်ဗာပူးလ်ကို နောက်ဆုံး အကြိမ် အနိုင်ရခဲ့တုန်းက ဘာစီလိုနာဟာ စပိန်စူပါဖလား ဗိုလ်လုပွဲမှာ ရှုံးခဲ့တဲ့ မှတ်တမ်းမျိုး ရှိနေခဲ့ပါတယ်။ အခု ဒီရာသီမှာ ယူနိုက်တက်က သူတို့ ကွင်းမှာ မန်စီးတီးနဲ့ လစ်ဗာပူးလ်ကို အနိုင်ယူထားပြီး ဖြစ်ပါတယ်။
လက်ရှိမှာလည်း ဘာစီလိုနာက စပိန်စူပါဖလား ဗိုလ်လုပွဲ အဖြစ် လာလီဂါ ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်နဲ့ ကစားရဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလို ထူးခြား တိုက်ဆိုင်မှုက ဘာစီလိုနာကို ရှုံးပွဲနဲ့ ရင်ဆိုင်စေရမလား ဆိုတာ တွေးချင်စရာပါပဲ။ ဘာစီလိုနာဟာ ဒီရာသီ အယ်လ်ကလက်စီကို မှာလည်း ရီးရဲလ်ကို အရေးနိမ့်ထားပြီး ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်