နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ခြေတက်နေတဲ့ ဂျီရိုနာကြောင့် ရီးရဲလ်တို့ ခက်ခက်ခဲခဲ ကစားရဦးမယ် | လာလီဂါ (ပွဲကြိုသုံးသပ်ချက်)

countdown banner

ဂျီရိုနာ – ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်ဟာ လာလီဂါ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ ဂျီရိုနာကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်က ကြားရက်မှာ ကစားခဲ့တဲ့ လာ့စ် ပါးလ်မတ်စ်နဲ့ ပွဲမှာ ၂-၀ နဲ့ အနိုင်ရခဲ့သလို ဂျီရိုနာ ကလည်း ဗီလာရီးရဲလ်ကို ၂-၁ နဲ့ အနိုင်ရထားခဲ့တာ ဖြစ်ပါတယ်။

တကယ့်ကို လာလီဂါက မထင်မှတ်ထားတာတွေ ဖြစ်နေပြီး စီးတီးဖွတ်ဘော ဂရု့ပ်က ပိုင်ဆိုင်ပေမယ့် ကစားသမားကောင်းတွေ လက်ချိုးရေလို့ ရတဲ့ ဂျီရိုနာရဲ့ ဦးဆောင်ခြင်းခံထားရတာပါ။ ဂျီရိုနာဟာ ရာသီ အဖွင့်ပွဲမှာ ဆိုစီဒက်ကို သရေကျခဲ့ပေမယ့် နောက်ဆုံး ၆ ပွဲဆက် အနိုင်ရခဲ့တာကြောင့် ဇယားထိပ်မှာ ထိုက်ထိုက်တန်တန် ရပ်တည်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိရာသီ လာလီဂါရဲ့ တိုက်စစ် အကောင်းဆုံး အသင်း အဖြစ် ဘာစီလိုနာနဲ့ ပူးတွဲ ဦးဆောင်နေပြီး သွင်းဂိုး ၁၈ ဂိုး အထိ ရရှိထားပါတယ်။

ရီးရဲလ်မက်ဒရစ် ကတော့ လာလီဂါ အပါအဝင် ပြိုင်ပွဲစုံမှာ ရှုံးပွဲ ၁ ပွဲသာ ရှိထားပြီး အဲ့ဒီ ပွဲကလည်း မြို့ခံပြိုင်ဘက် အက်တလက်တီကိုမက်ဒရစ်ကို ဖြစ်ပါတယ်။ ခြေစွမ်းပိုင်း ကတော့ ပြောစရာ သိပ်မရှိပဲ ဘယ်လင်ဟမ် ကလည်း အကောင်းဆုံး စွမ်းဆောင်ပြနေလို့ ဘာတွေ ထပ်ပြီး လုပ်ပြနိုင်ဦးမလဲ စောင့်ကြည့်ရဦးမှာပါ။

လာလီဂါ
ဘာစီလိုနာ
ဆီဗီလာ FC
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

နှစ်ဖက်အသင်း သတင်းများ

ဂျီရိုနာ ဘက်မှာ ဘာနာဒို အက်စ်ပီနိုဆာ၊ ဘော်ဂျာ ဂါစီယာ၊ ဂျိုရယ် ရိုကာ၊ ရီကတ် အာတီရို၊ တိုနီ ဗီလာတို့ အားလုံး ဒဏ်ရာကြောင့် အနားယူနေရပြီး နည်းပြ မီချယ် အနေနဲ့ ဗီလာရီးရဲလ်ကို အနိုင်ရခဲ့တဲ့ ပွဲက လူစာရင်း အတိုင်း ပွဲထွက်လာနိုင်ပါတယ်။

ရီးရဲလ်မက်ဒရစ် ဘက်မှာလည်း ဗုဒ္ဓဟူးနေ့မှာ နောက်ထပ် ဒဏ်ရာ ပြဿနာ အသစ် တစ်ခု ရခဲ့ပြီး ဒေးဗစ် အလာဘာဟာ ပထမပိုင်း ပြီးခါနီးမှာ ပေါင်ဒဏ်ရာကြောင့် လူစားလဲခံခဲ့ရပြီးနောက် ဒီတစ်ပတ် ပွဲစဉ်ကို လွဲချော်မှာ ဖြစ်တာကြောင့် ရူဒီဂါ ပြန်ကစားပေးနိုင်မယ်လို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။ မီလီတာအို၊ ကော်တွိုက်စ်၊ အာဒါ ဂူလာ တို့ကလည်း ဆက်လက် လွဲချော်နေဦးမှာ ဖြစ်ပြီး ဗင်နီးစီးယပ်စ် ဂျူနီယာ ကတော့ လာ့စ် ပါးလ်မတ်စ်နဲ့ ပွဲမှာ အရန်ခုံမှာ ပါဝင်ခဲ့ပြီးနောက် စနေနေ့မှာ ပွဲထွက် ပါဝင်လာနိုင်ပါတယ်။ ကာဗာဂျယ်လည်း ဗုဒ္ဓဟူးနေ့မှာ အရန်ခုံမှာ ပြန်ပါလာခဲ့ပြီး စပိန် ဝါရင့် နောက်ခံလူဟာ ပွဲထွက်လူစာရင်းထဲ ပြန်လည် ပါဝင်လာဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။


ဖြစ်နိုင်ဖွယ် လူစာရင်း

ဒါ့အပြင် လက်ရှိရာသီ လာလီဂါရဲ့ တိုက်စစ် အကောင်းဆုံး အသင်း အဖြစ် ဘာစီလိုနာနဲ့ ပူးတွဲ ဦးဆောင်နေပြီး သွင်းဂိုး ၁၈ ဂိုး အထိ ရရှိထားပါတယ်။
လာလီဂါ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရှိနေတဲ့ ရီးရဲလ်မက်ဒရစ်

ဂျီရိုနာ – ဂက်ဇာနီဂါ၊ အေ မာတီနက်ဇ်၊ ဒီ လိုပက်ဇ်၊ ဂူတီယာရက်ဇ်၊ ဆီဂန်ကော့ဗ်၊ ဟာရဲရား၊ အေ ဂါစီယာ၊ မာတင်၊ ဆာဗီယို၊ ဒိုးဗျွတ်

ရီးရဲလ်မက်ဒရစ် – ကီပါ၊ ကာဗာဂျယ်၊ ရူဒီဂါ၊ နာချို၊ အက်ဖ် ဂါစီယာ၊ ဗယ်လ်ဗာဒီ၊ ချူဝါမန်နီ၊ ကမာဗင်ဂါ၊ ဘယ်လင်ဟမ်၊ ဗင်နီးစီးယပ်စ်၊ ရိုဒရီဂို


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ရီးရဲလ်မက်ဒရစ်နဲ့ ဂျီရိုနာတို့ ၈ ကြိမ် တွေ့ဆုံခဲ့ရာမှာ ရီးရဲလ်က ၄ ပွဲနိုင် ၁ ပွဲသရေ ဂျီရိုနာက ၃ ပွဲ အနိုင်ရခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၃ ကြိမ် တွေ့ဆုံမှုမှာ ဂျီရိုနာက ၂ ပွဲ နိုင် ၁ ပွဲ သရေ ကျခဲ့ပြီး ရီးရဲလ်မက်ဒရစ်ဟာ ၂၀၁၈ ခုနှစ် နောက်ပိုင်း ဂျီရိုနာ အိမ်ကွင်းမှာ ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ်တွေမှာ အနိုင်မရခဲ့ပါဘူး။ နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲမှာ ဂျီရိုနာက ၅ ပွဲစလုံး အနိုင်ရခဲ့ပြီး ရီးရဲလ်မက်ဒရစ်က ၄ ပွဲနိုင် ၁ ပွဲ ရှုံးနိမ့်ခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP ရဲ့ 1X2 မှာ အိမ်ရှင် ဂျီရိုနာ နိုင်ရင် ၃.၇ ဆ၊ ရီးရဲလ် နိုင်ရင် ၁.၉၉ ဆနဲ့ သရေ ဆိုရင် ၃.၉၆ ဆ ပေးထားပါတယ်။ Handicap မှာ ရီးရဲလ်က သရေ အရှုံးပေးထားပြီး ဂိုးပေါင်း ကတော့ ၂ လုံး အရှုံးပါ။ ဂျီရိုနာက ဒီရာသီမှာ ရှုံးပွဲ မရှိသေးသလို တိုက်စစ် အကောင်းဆုံး အသင်းလည်း ဖြစ်နေပါတယ်။ အခု ရီးရဲလ်နဲ့ ပွဲက သူတို့ အတွက် ကြီးမားတဲ့ စိန်ခေါ်မှုပါပဲ။ ဒိလိုပဲ ခြေစွမ်းပိုင်း အတက်အကျ မမှန်တဲ့ ရီးရဲလ် အတွက် ဂီရိုနာက ခက်ခဲတဲ့ ပြိုင်ဘက် ဖြစ်လာမှာပါ။ ဒီပွဲမှာတော့ ဂိုးအပြန်အလှန် သွင်းဖို့က သေချာနေပြီး နောက်ဆုံး တွေ့ခဲ့တဲ့ ၅ ကြိမ်စလုံးလည်း သွင်းခဲ့ကြတာပါ။ BBTS + Over 2.5 က အကောင်းဆုံး ရွေးချယ်မှုပါပဲ။

ခန့်မှန်းရလဒ်

ဂျီရိုနာ ၁-၂ ရီးရဲလ်မက်ဒရစ်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်