နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကိုပါဒယ်ရေးဖလား ချန်ပီယံ ဖြစ်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်၊ ဒိုင်လူကြီးကိုတောင် မနှုတ်ဆက်ခဲ့တဲ့ ဗင်နီးစီးယပ်စ် (လာလီဂါ နောက်ဆုံးရ သတင်းများ)

ကိုပါဒယ်ရေးဖလား ချန်ပီယံ ဖြစ်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်၊ ဒိုင်လူကြီးကိုတောင် မနှုတ်ဆက်ခဲ့တဲ့ ဗင်နီးစီးယပ်စ် အစရှိတဲ့ သတင်းတွေ အပါအဝင် မေလ ၇ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


စပိန်ကိုပါဒယ်ရေးဖလားကို ဆွတ်ခူးခဲ့တဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ် ကတော့ ဒီရာသီအတွက် စပိန် ကိုပါဒယ်ရေးဖလားကို ဆွတ်ခူးသွားခဲ့ပါပြီ။ ရိုဒရီဂို တစ်ဦးတည်းက ၂ဂိုး သွင်းယူပေးခဲ့ပြီး အိုဆာဆူနာက ချေပဂိုး ပြန်သွင်းကာ ၁-၁ ဆိုတဲ့ အနေအထား လိုက်ကစားနိုင်ခဲ့ပေမယ့် နောက်ထပ် အနိုင်ဂိုး ပေးလိုက်ရတာ ကိုတော့ မချေပနိုင်ခဲ့ပဲ အရှုံးပေးခဲ့ရတာပါ။

လာလီဂါ ထိပ်သီး ရီးရဲလ် အတွက် ဒီရာသီ ပထမဆုံး အဓိက ဆုဖလား ဖြစ်ခဲ့ပြီး အောင်မြင်မှု တစ်ခုကို ထပ်မံ ရရှိသွားခဲ့ပါပြီ။ မန်ချက်စတာစီးတီးနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ကစားရဖို့ ရှိနေပေမယ့် လူစုံထုတ် အသုံးပြုခဲ့ပြီး ပြိုင်ဘက်ကို အသာစီးရအောင် ကစားနိုင်ခဲ့ကာ လိုအပ်တဲ့ နိုင်ပွဲလည်း ရယူနိုင်ခဲ့ပါတယ်။

အန်ဆယ်လော့တီ ကတော့ ရီးရဲလ်ကို တကျော့ ပြန်ကိုင်တွယ်ခဲ့ရာမှာ ၂ နှစ် အတွင်းမှာပဲ ဆုဖလား ပေါင်းစုံကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီအသင်း ကတော့ အောင်ပွဲကို ဘယ်လိုရယူနိုင်မလဲ ဆိုတာကို ကောင်းကောင်း နားလည်ထားပြီး တကယ်ကစားပြီ ဆိုရင်လည်း ပြိုင်ဘက်ကို အသာစီးရအောင် ကစားနိုင်တဲ့ နေရာမှာ ဆရာ တစ်ဆု ဖြစ်နေတုန်းပါပဲ။


ရီးရဲလ်နဲ့ အတူ ၂ နှစ် အတွင်း ဆုဖလား အားလုံး ရယူနိုင်ခဲ့တဲ့ ကာမာဗင်ဂါ

ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ပြီး ၂ နှစ်အတွင်းမှာပဲ ကာမာဗင်ဂါဟာ ကစားသမား ဘဝ ရယူနိုင်တဲ့ ဆုဖလား အားလုံးကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ရီးရဲလ် သမိုင်းမှာလည်း အသက်အငယ်ဆုံးနဲ့ ဆုဖလားအားလုံး ဆွတ်ခူးနိုင်သူ ဖြစ်လာပါတယ်။ ပြင်သစ် ကွင်းလယ်လူဟာ ချန်ပီယံလိဂ်၊ ကလပ်ကမ္ဘာ့ဖလား၊ ဥရောပစူပါဖလား၊ စပိန်စူပါဖလား၊ လာလီဂါ၊ ကိုပါဒယ်ရေး တို့ကို ရယူနိုင်ခဲ့တာပါ။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
အေစီမီလန်
အင်တာမီလန်
1X2 အေစီမီလန် @ 2.90
ဂိုးပေါ် 2.25 @ 2.06
ဂိုးပေါင်း 0-1 @ 2.49
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

၂၀၀၂ ဖွား ကာမာဗင်ဂါဟာ ၂၀၂၁ ကမှ ရီးရဲလ်ကို ပြောင်းရွှေ့ခဲ့တာပါ။ ကစားသမားတိုင်းရဲ့ အိပ်မက်က ဘာနေဗျူးမှာ ကစားဖို့ဆိုတာ ဒီလိုမျိုး အောင်မြင်မှုရဖို့ အာမခံချက်တွေ ရှိတာကြောင့်ပါပဲ။ အသက် ၂၁ နှစ်အရွယ်မှာပဲ ကာမာဗင်ဂါက အောင်မြင်မှုအများအပြားဆွတ်ခူးနိုင်ခဲ့ပြီး သူ့ကစားသမားဘ၀ကတော့ လှပခမ်းနားခဲ့ပါပြီ။

ရီးရဲလ် အနာဂတ် အတွက် အားထားရမယ့်သူလို့ သတ်မှတ်ခံထားရပြီး ဒီလို အောင်မြင်မှုတွေက သူ့အတွက်တော့ အား တစ်ခုပါပဲ။ ကွင်းလယ်နဲ့ ခံစစ် ဘယ်အစွန် နေရာမှာ လိုအပ်ရင် လိုအပ်သလို ကစားပေးနေရပြီး အသင်း အတွက်ပါ ဂျိုကာ တကောင်လိုမျိုး ကာမာဗင်ဂါက အသုံးတော်ခံနေတာလည်း ဖြစ်ပါတယ်။


ဒိုင်လူကြီးကိုတောင် မနှုတ်ဆက်ခဲ့တဲ့ ဗီနီစီးယက်စ်

လာလီဂါမှာ လူမျိုးရေး ခွဲခြားခံရမှု၊ ပြိုင်ဘက် ကစားသမားတွေရဲ့ ပစ်မှတ်ထားခံရမှု၊ ကွင်းလယ်ဒိုင်တွေရဲ့ မျက်နှာသာ ပေးမခံရမှုတွေကို ရင်ဆိုင်နေရပြီးနောက် ဗင်နီစီးယက်စ်က ပြင်းပြင်းထန်ထန် တုံ့ပြန်လာခဲ့တာပါ။
လူမျိုးရေး ခွဲခြားခြင်းတွေ ခံနေရတဲ့ ဗင်နီးစီးယပ်စ် ဂျူနီယာ

ရီးရဲလ်မက်ဒရစ် တောင်ပံ ကစားသမား ဗင်နီးစီးယက်စ် ဂျူနီယာဟာ အိုဆာဆူနာနဲ့ ကစားခဲ့တဲ့ ကိုပါဒယ်ရေးဖလား ဗိုလ်လုပွဲမှာ ပွဲမတိုင်ခင် ကွင်းလယ်ဒိုင်ကို လက်ဆွဲ နှုတ်ဆက်ဖို့ ရှောင်ရှားသွားခဲ့ပါတယ်။ အသင်းဖော်တွေက နှုတ်ဆက်နေခဲ့ပေမယ့် ဗင်နီးစီးယက်စ် ကတော့ ရှောင်ထွက်ခဲ့ပြီး အပေါ် ဂျာကင်ကို သွားချွတ်နေခဲ့တာပါ။

လာလီဂါမှာ လူမျိုးရေး ခွဲခြားခံရမှု၊ ပြိုင်ဘက် ကစားသမားတွေရဲ့ ပစ်မှတ်ထားခံရမှု၊ ကွင်းလယ်ဒိုင်တွေရဲ့ မျက်နှာသာ ပေးမခံရမှုတွေကို ရင်ဆိုင်နေရပြီးနောက် ဗင်နီစီးယက်စ်က ပြင်းပြင်းထန်ထန် တုံ့ပြန်လာခဲ့တာပါ။ ပွဲချိန် အတွင်း မှာလည်း ပြိုင်ဘက် ကစားသမားတွေနဲ့ အချင်းများခဲ့ပြီး သူ့ကို ဝိုင်းဆွဲခဲ့ရပါသေးတယ်။

အိုဆာဆူနာ ကစားသမား တစ်ဦး ကတော့ ပွဲအပြီးမှာ ဗီနီစီးယက်စ် အနေနဲ့ လေးစားမှုရှိဖို့ လိုအပ်တယ်လို့ သတိပေးသွားခဲ့ပါတယ်။ ဗင်နီးစီးယက်စ်ဟာ အစောပိုင်းက ကွင်းတွင်း ခြေစွမ်းနဲ့သာ တုံ့ပြန်နေခဲ့ပေမယ့် အခုနောက်ပိုင်း မှာတော့ ရန်လိုမှုတွေပါ ရှိလာခဲ့ပြီး ပွဲတိုင်းလိုလိုမှာ ပြသနာတွေ တက်နေတာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်