နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချန်ပီယံဆု အတွက် အမှားခံမှာ မဟုတ်တဲ့ ရီးရဲလ်မက်ဒရစ် | လာလီဂါ (ပွဲကြိုသုံးသပ်ချက်)

countdown banner

ရီးရဲလ်မက်ဒရစ် ဘီလ်ဘာအို

လာလီဂါ ပွဲစဉ် (၃၀) ရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး ထိပ်တိုက်တွေ့ဆုံမှု အဖြစ် ရီးရဲလ်မက်ဒရစ်က ဘီလ်ဘာအိုနဲ့ ဘာနေဗျူးမှာ ကစားရမှာ ဖြစ်ပါတယ်။ လာလီဂါ ချန်ပီယံဆု အတွက် အခြေအနေ ကောင်းနေတဲ့ ရီးရဲလ်တို့ အသင်းကောင်း တစ်သင်း ဖြစ်တဲ့ ဘီလ်ဘာအိုကို အိမ်ကွင်းမှာ အသာရနိုင်မလား ဆိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ကာလို အန်ဆယ်လော့တီရဲ့ ရီးရဲလ်မက်ဒရစ်က ဒီရာသီ လာလီဂါ အပါအဝင် ပြိုင်ပွဲစုံမှာ ရှုံးပွဲ ၂ ပွဲသာ ရှိထားပြီး အက်တလက်တီကို မက်ဒရစ် တစ်သင်းတည်းကို ရှုံးနိမ့်ထားတာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ပြိုင်ပွဲစုံ ၁၂ ပွဲဆက် ရှုံးပွဲ မရှိသေးပဲ နောက်ဆုံး ကစားခဲ့တဲ့ လာလီဂါ ၂ ပွဲဆက်လည်း အနိုင်ရထားပါတယ်။ လက်ရှိ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရှိနေပြီး အဆင့် ၂ နေရာက ဘာစီလိုနာကို ၈ မှတ် ဖြတ်ထားနိုင်တဲ့ ရီးရဲလ်မက်ဒရစ်တို့ နိုင်ပွဲ ဆက်လက် ရှာဖွေဖို့ အားစိုက်လာမှာပါ။ ဒီပွဲပြီးရင် ရီးရဲလ်က မန်စီးတီးနဲ့ ချန်ပီယံလိဂ် ကစားရဦးမှာ ဖြစ်လို့ အမှတ်ရသလောက် ယူထားဦးမှာ ဖြစ်ပါတယ်။

ဘီလ်ဘာအို ကတော့ ဒီရာသီမှာ ခြေစွမ်းပိုင်း သိသိသာသာ တိုးတက်လာခဲ့ပြီးတော့ လာလီဂါ ဇယား အဆင့် ၄ နေရာမှာ ရှိနေပါတယ်။ ဘီလ်ဘာအိုဟာ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၀ မှာ ရှုံးပွဲ ၁ ပွဲသာ ရှိခဲ့ပြီး ပြီးခဲ့တဲ့ ၄ ပွဲဆက် ရှုံးပွဲ မရှိခဲ့ပါဘူး။ လာလီဂါ ပွဲစဉ် နောက်ဆုံး ၃ ပွဲမှာတော့ ဘာစီလိုနာကို သရေ၊ လက်စ်ပါးလ်မက်စ်နဲ့ အလာဗက်စ် တို့ကိုတော့ ၂ ဂိုးပြတ်တွေနဲ့ အနိုင်ရထားပါတယ်။ ဘီလ်ဘာအိုဟာ အက်တလက်တီကို မက်ဒရစ်ရဲ့ ၁ မှတ် အကွာနဲ့ လိုက်လံဖိအားပေးနေမှုကြောင့် ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အမှားခံလို့ မရသေးပဲ တတ်နိုင်သမျှ ရမှတ် စုဆောင်းဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။


နှစ်ဖက်အသင်း သတင်းများ

အခုပွဲ ကိုတော့ ရီးရဲလ်မက်ဒရစ် ဘက်က ဗင်နီးစီးယပ်စ် ဂျူနီယာ ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်ဖို့ ရှိနေပြီး သီဘောက် ကော့တွိုက်စ်၊ ကာမာဗင်ဂါ၊ ဒေးဗစ် အလာဘာ၊ ဆယ်ဘာယော့စ်တို့ ဒဏ်ရာကြောင့် လွဲချော်ဖို့ ရှိနေပါတယ်။ အဓိက နောက်ခံလူ တစ်ဦး ဖြစ်တဲ့ မီလီတာအို ကတော့ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီလို့ သိရပါတယ်။

ဘီလ်ဘာအို ဘက်မှာတော့ ဟာရဲရား၊ ပါရီဒက်စ်တို့ ပါဝင်ကစားဖို့ မသေချာသေးဘူးလို့ သိရပါတယ်။


ဖြစ်နိုင်ဖွယ် လူစာရင်း

ရီးရဲလ်မက်ဒရစ် – လူနင်၊ ကာဗာဟယ်၊ ရူဒီဂါ၊ နာချို၊ မန်ဒီ၊ ဗယ်လ်ဗာဒီ၊ ချူအာမန်နီ၊ ခရူးစ်၊ ဘယ်လင်ဂမ်၊ ဘရာဟင်မ် ဒီးယက်ဇ်၊ ရိုဒရီဂို

ဘီလ်ဘာအို ဆီမွန်၊ ဒီမားကို့စ်၊ ဗီဗီယန်၊ ယာရေး၊ လီကူး၊ ဘီနတ်၊ ဒီဂါစီယာ၊ အင်နာကီ ဝီလီယမ်စ်၊ ဆန့်တ်၊ နီကို ဝီလီယမ်စ်၊ ဂူရူဇီတာ


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက အကြိမ် ၃၀ တွေ့ဆုံခဲ့ရာမှာ ရီးရဲလ်မက်ဒရစ်က ၂၁ ကြိမ် နိုင်၊ ဘီလ်ဘာအိုက ၃ ကြိမ် နိုင်ပြီး ၆ ကြိမ် ကတော့ သရေကျခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ဘီလ်ဘာအိုနဲ့ ကစားခဲ့တဲ့ နောက်ဆုံး ၃ ကြိမ်ဆက် မရှုံးခဲ့ပါဘူး။ ပြီးခဲ့တဲ့ ၅ ပွဲ စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ ရီးရဲလ်မက်ဒရစ်က ၃ ပွဲနိုင်၊ ၂ ပွဲ သရေကျခဲ့ပြီး ဘီလ်ဘာအို ကတော့ ၃ ပွဲ နိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံးခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1×2မှာ ရီးရဲလ်မက်ဒရစ် နိုင်ရင် ၁.၅၀ ဆ၊ ဘီလ်ဘာအို နိုင်ရင် ၅.၄၀ ဆနဲ့ သရေ ဆိုရင်တော့ ၃.၉၃ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ရီးရဲလ်မက်ဒရစ်က ၁ လုံး သရေ၊ ၁ လုံး အရှုံးကြေးတွေ ပေါက်နေပါတယ်။ ဘီလ်ဘာအိုက ရီးရဲလ်ကို ဒုက္ခပေးတတ်တဲ့ အသင်း ဖြစ်တာကို မေ့ထားလို့ မရသလို ဒီပွဲ ပြီးရင် ရီးရဲလ်က ချန်ပီယံလိဂ် ကစားရဦးမှာ ဖြစ်လို့ အပြည့်အဝ အားထည့်မထည့် မသေချာပါဘူး။ ကံမကောင်းရင် သရေကျသွားနိုင်ပါတယ်။ ဒါပေမယ့် ကျနော် ကတော့ ဘာနေဗျူး မှာတော့ ရီးရဲလ် အသင်းမျိုး မငြင်းပယ်ချင်ပါဘူး။ ကပ်နိုင်သွားဖို့ များတဲ့ အတွက် အိမ်ရှင်ကို ရွေးချယ်ထားတာက စိတ်ချရမယ် ထင်ပါတယ်။

ခန့်မှန်းရလဒ်

ရီးရဲလ်မက်ဒရစ် ၁-၀ ဘီလ်ဘာအို


ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်