လာလီဂါ ထိပ်သီး ကလပ် ရီးရဲလ်မက်ဒရစ် ကတော့ ကွင်းလယ် ကစားသမား တစ်ဦး ခေါ်ယူဖို့ ရှိနေပြီးတော့ ဘေယန်မြူးနစ်ရဲ့ ကြယ်ပွင့် ဂျော်ရွှာ ကင်မစ်ချ်ကို ခေါ်ယူဖို့ အခြေအနေ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
လက်ရှိမှာ အသက် ၂၉ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ကင်မစ်ချ်က ဒီရာသီအကုန်မှာ ဘေယန်မြူးနစ်နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂျာမန်သားက လာမယ့် ၂၀၂၅ နွေရာသီ မှာလည်း အလွတ် ပြောင်းရွှေ့ကြေးနဲ့ ဘေယန်မြူးနစ် ကနေ ထွက်ခွာခွင့်ရမယ့်သူလည်း ဖြစ်ပါတယ်။ ဘေယန်မြူးနစ်ဟာ ဂျော်ရွှာ ကင်မစ်ချ်အား စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးပမ်းနေပေမယ့်လည်း သူ့ရဲ့ တစ်နှစ် လုပ်ခ လစာ ယူရိုသန်း ၂၀ကို လျှော့ယူဖို့ တောင်းဆိုထားရာမှာ သဘောတူညီမှု မရ ဖြစ်နေကြောင်း သိရပါတယ်။
ဒီအခြေအနေမှာ ရီးရဲလ်မက်ဒရစ်က ဘေယန်မြူးနစ်နဲ့ ဂျော်ရွှာ ကင်မစ်ချ် တို့ရဲ့ အခြေအနေကို စောင့်ကြည့်လျက် ရှိပြီး အခုလာမယ့် ဇန်နဝါရီလ ကတည်းက ကြိုတင် သဘောတူညီမှု ရယူထားဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ ကင်မစ်ချ်ကို ခေါ်ယူဖို့ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် အပါအဝင် မန်ချက်စတာစီးတီး၊ လစ်ဗာပူးလ်၊ ပီအက်စ်ဂျီနဲ့ ဥရောပ ထိပ်တန်း ကလပ် များစွာက စိတ်ဝင်စားနေတယ် သိရပါတယ်။
ကင်မစ်ချ်ဟာ ၂၀၁၅ ခုနှစ်မှာ ဘေယန်မြူးနစ်ကို စတင် ရောက်ရှိလာခဲ့ပြီးတော့ ပြီးခဲ့တဲ့ ၉ ရာသီ အတွင်း ပွဲပေါင်း ၄၀၀ ဝန်းကျင် ကစားပေးထားသူ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ကင်မစ်ချ်က ဘေယန်မြူးနစ် အတွက် အရေးပါတဲ့ ကစားသမား အဖြစ် ရှိနေဆဲ ဖြစ်ပြီး နည်းပြသစ် ကွန်ပနီ အနေနဲ့ ကင်မစ်ချ်ကို ဆက်ထိန်းဖို့ ကြိုးပမ်းမလား။ စာချုပ်သက်တမ်း မကုန်ခင်မှာပဲ ရောင်းထုတ်သွားမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ကင်မစ်ချ် ကတော့ ညာနောက်ခံလူ နေရာမှာ အဓိက ကစားသူ ဖြစ်ပေမယ့်လည်း ကွင်းလယ် ခံစစ်နေရာမှာပါ အကောင်းဆုံး ကစားနိုင်သူ ဖြစ်ပါတယ်။ ကင်မစ်ချ်ဟာ ဘေယန်မြူးနစ် အတွက် စုစုပေါင်း ပွဲပေါင်း ၄၀၆ ပွဲ ကစားထားပြီးတော့ ၄၂ ဂိုး သွင်းယူပေးထားပါတယ်။ ဒါ့အပြင် ကင်မစ်ချ်ဟာ ဂျာမနီ အတွက်လည်း ပွဲ ၁၀၀ ပြည့်ဖို့ ၃ ပွဲသာ လိုတော့ပြီး သွင်းဂိုး ကတော့ ၇ ဂိုး ရှိထားပါတယ်။
ဂျော်ရွှာ ကင်မစ်ချ်ဟာ လွန်ခဲ့တဲ့ လပိုင်း ကလည်း လာလီဂါ ကလပ် ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ် နှစ်သင်းစလုံးဟာ အံ့အားသင့်ဖွယ် ကောင်းတဲ့ ကလပ်တွေ ဖြစ်ကြောင်း ချီကျူး ပြောဆိုမှုတွေ ပြုလုပ်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ ကင်မစ်ချ်ဟာ ၂၀၁၅ ခုနှစ်မှာ စတုဂတ် ကနေ ဘေယန်မြူးနစ်ကို ပြောင်းရွှေ့ခဲ့ပြီးနောက် အောင်မြင်မှု များစွာ ရရှိခဲ့သူ ဖြစ်ပါတယ်။ ဆုဖလား အောင်မြင်မှု အနေနဲ့ ကတော့ ဘွန်ဒက်စ်လီဂါ ချန်ပီယံ ၉ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ် အပါအဝင် အခြားသော ဆုဖလားတွေလည်း ရယူနိုင်ခဲ့သူပါ။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.