နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကစားသမား ၅ ဦးကို ထွက်ခွင့်ပေးထားတဲ့ ရီးရဲလ်၊ ဇာဟာကို မျက်စိကျနေတဲ့ ဘာဆာ (လာလီဂါ နောက်ဆုံးရ သတင်းများ)

ကစားသမား ၅ ဦး အထိ ထွက်ခွင့်ပေးထားတဲ့ ရီးရဲလ်၊ ဖာရန်း တောရက်စ် နေရာမှာ ဇာဟာနဲ့ အစားထိုးချင်နေတဲ့ ဘာဆာ စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၃ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ကစားသမား ၅ ဦး အထိ ထွက်ခွင့်ပေးထားတဲ့ ရီးရဲလ်မက်ဒရစ်

စပိန် လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် ကတော့ ဇန်နဝါရီ အပြောင်းအရွှေ့ စျေးကွက် အတွင်းမှာ ကစားသမား ၅ ဦး အထိကို အသင်း ကနေ ထွက်ခွာခွင့်ပေးထားတယ်လို့ သိရပါတယ်။ အသင်းမှာ ပုံမှန် ကစားခွင့်မရ ဖြစ်နေပြီး ခြေစွမ်းလည်း မပြနိုင်တဲ့ သူတွေကို အသင်းက ထွက်ခွာချင်ရင် ထွက်ခွာနိုင်တယ်လို့ အသိပေးလိုက်တာ ဖြစ်ပါတယ်။ 

AS က ဖော်ပြထားခဲ့တဲ့ ကစားသမား စာရင်းမှာတော့ အိုဒရီအိုဇိုလာ၊ ဒန်နီ ဆယ်ဘာလော့စ်၊ မာကို အဆန်စီယို၊ အီဒင် ဟာဇက်နဲ့ မာရီယာနို ဒီယက်ဇ်တို့ ဖြစ်ပါတယ်။ ကစားသမားတွေ အနေနဲ့ အသင်းမှာ ဆက်လက်ပြီးတော့ ကစားနိုင်ပေမယ့် ကောင်းမွန်တဲ့ ကမ်းလှမ်းမှုတွေ ရရှိလာခဲ့လို့ ထွက်ချင်တယ် ဆိုရင်လည်း ထွက်ခွင့်ပေးသွားမှာ ဖြစ်ပါတယ်။ 

ပရီးမီးယား လိဂ်
လက်စတာ စီးတီး
ဖူလ်ဟမ်
1X2 သရေ (Draw) @ 3.55
ဂိုးပေါ် 2.75 @ 2.00
ဂိုးပေါင်း 2-3 @ 1.92
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အဆိုပါ ကစားသမားတွေဟာ ပွဲအရေအတွက် အနည်းငယ်ကိုသာ ကစားခွင့် ရနေသူတွေ ဖြစ်ပြီး ခြေစွမ်းပြနိုင်ဖို့လည်း ရုန်းကန်နေရပါတယ်။ လူငယ်ကြယ်ပွင့်တွေနဲ့ သွေးသစ်လောင်းပြီး အသင်းကို ပြန်လည် တည်ဆောက်နေတဲ့ ရီးရဲလ် အတွက်တော့ အသင်း ဘဏ္ဍာရေး ဝန်ထုပ်ဝန်ပိုး တချို့ကို လျှော့ချဖို့ ရည်ရွယ်ပြီး ဒီကစားသမား ၅ ဦးကို ထွက်ခွင့်ပေးလိုက်တာလည်း ဖြစ်ပါတယ်။ 


ဇာဟာကို ဖာရန်း တောရက်စ် နေရာမှာ အစားထိုးဖို့ ကြံနေတဲ့ ဘာဆာ

လာလီဂါ ထိပ်သီး ဘာစီလိုနာ ကတော့ အသင်းမှာ ခြေစွမ်းမပြနိုင် ဖြစ်နေတဲ့ စပိန် တိုက်စစ်မှူး ဖာရန်း တောရက်စ် နေရာမှာ ခရစ္စတယ်ပဲလေ့စ် တောင်ပံ ကစားသမား ဝီဖရိုင်း ဇာဟာနဲ့ အစားထိုးဖို့ ပစ်မှတ်ထားနေပါတယ်။ အိုင်ဗရီကို့စ် လက်ရွေးစင်ဟာ ပဲလေ့စ်ရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်ပြီး အသင်း မှာလည်း ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။ 

ပဲလေ့စ် နည်းပြ ပက်ထရစ် ဗီအဲရာ ကတော့ သူ့ကစားသမားက အသင်းမှာ ဆက်ရှိနေမယ်လို့ ယုံကြည်နေပေမယ့် အသက် ၃၀ အရွယ် ဇာဟာ ကတော့ ဥရောပမှာ နောက်ထပ် လိဂ်အသစ် တစ်ခုဆီ ပြောင်းရွှေ့ ကစားချင်တဲ့ ဆန္ဒရှိနေပါတယ်။ ဒီရာသီမှာ ဇာဟာက လိဂ်ဂိုး ၆ ဂိုးနဲ့ ဖန်တီးမှု ၂ ကြိမ် ပြုလုပ်ပေးထားပြီး အာဆင်နယ်၊ ချဲလ်ဆီးနဲ့ စပါးတို့ ကလည်း စိတ်ဝင်စားနေကြပါတယ်။ 

လာလီဂါ ထိပ်သီး ဘာစီလိုနာ ကတော့ အသင်းမှာ ခြေစွမ်းမပြနိုင် ဖြစ်နေတဲ့ စပိန် တိုက်စစ်မှူး ဖာရန်း တောရက်စ် နေရာမှာ ခရစ္စတယ်ပဲလေ့စ် တောင်ပံ ကစားသမား ဝီဖရိုင်း ဇာဟာနဲ့ အစားထိုးဖို့ ပစ်မှတ်ထားနေပါတယ်။
အသင်းမှာ ခြေစွမ်းမပြနိုင်ဖြစ်နေတဲ့ ဖာရန်း တောရက်စ်နေရာမှာ ဇာဟာနဲ့ အစားထိုးချင်နေတဲ့ ဘာဆာ

ဖာရန်း တောရက်စ် ကတော့ မန်စီးတီး ကနေ ပြောင်းရွှေ့လာခါစမှာ ခြေစွမ်းပြနိုင်ပေမယ့် လက်ရှိ မှာတော့ ပုံမှန် ကစားခွင့် ရဖို့ ရုန်းကန်နေရပါတယ်။ ဘာဆာ အတွက် ၄၅ ပွဲအထိ ကစားပေး အပြီးမှာ ၁၂ ဂိုးသွင်းထားပြီး ၇ ကြိမ် ဖန်တီးပေးထားနိုင်လို့ ကိန်းဂဏန်းအရ မဆိုးဘူးလို့ ပြောရမှာ ဖြစ်ပေမယ့် သူ့ရဲ့ အခွင့်အရေးတွေ အသုံးမချနိုင်မှု၊ အသင်းလိုက် ကစားပုံ အားနည်းချက်တွေက ဇာဗီ အတွက် စိတ်ပျက်စရာ အဖြစ်နဲ့တော့ ရှိနေခဲ့ပါတယ်။ 


ဟောဖန်ဟိမ်းကို အငှားနဲ့ပြောင်းရွှေ့သွားတဲ့ ဒေါလ်ဘာ့ဂျ်

ဆီဗီလာ တိုက်စစ်မှူး ကက်စ်ပါ ဒေါလ်ဘာ့ဂ် ကတော့ ဘွန်ဒက်လီဂါ ကလပ် ဟော်ဖန်ဟိမ်းကို ရာသီကုန်အထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။ ဒိန်းမတ် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ရာသီက ပြင်သစ် လီဂူးဝမ်း ကလပ် နိုက်စ်မှာ ပုံမှန်ကစားခွင့်ရကာ​ ခြေစွမ်းပြနိုင်ခဲ့ပြီးနောက် ဆီဗီလာကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် လာလီဂါ မှာတော့ ၂ ပွဲ တည်းသာ ပွဲထွက် ကစားခွင့် ရခဲ့ပြီး ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ ကမ္ဘာ့ဖလားမှာ ဒိန်းမတ် အတွက် ပါဝင်ကစားပေးပြီး ပြန်လာချိန် မှာတော့ သူက အသင်း ကနေ ထွက်ခွာချင်တဲ့ အကြောင်း အသိပေးခဲ့ပြီး ကလပ်အသင်းနဲ့ ပူးပေါင်းခြင်းလည်း မရှိခဲ့ဘူးလို့ သိရပါတယ်။ နောက်ဆုံးမှာ ဆီဗီလာက သူ့ကို အငှားချဖို့ အတွက် ဆုံးဖြတ်ခဲ့တာပါ။ ဒါဟာ အစ္စကိုနဲ့ စာချုပ်ဖျက်သိမ်းပြီးနောက် ဆီဗီလာ ကနေ နောက်ထပ် ကစားသမား တစ်ဦး ထွက်ခွာခဲ့တာလည်း ဖြစ်ပါတယ်။ လာလီဂါမှာ ရလဒ်ဆိုးတွေ ဆက်တိုက် ရင်ဆိုင်နေရပြီး နည်းပြသစ်ပါ ခန့်အပ်ထားရတဲ့ ဆီဗီလာတို့ တန်းဆင်းဇုန်နဲ့ ဝေးရာဆီကို ရောက်ရှိဖို့ ပစ်မှတ်ထားနေရပြီး အသင်းကြီး တသင်း အနေနဲ့တော့ ဆိုးရွားတဲ့ အခိုက်အတန့်တွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်