နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရော်နယ်ဒို ဦးဆောင်တဲ့ အသင်းနဲ့ ကစားမယ့် ပွဲကနေ ယူရို ၁၀ သန်း ရမယ့် ပီအက်စ်ဂျီ၊ ဘာဆာမှာပဲ ဆက်နေဖို့ ရှိတဲ့ ရာဖင်ညာ (လာလီဂါ နောက်ဆုံးရ သတင်းများ)

ရော်နယ်ဒို ဦးဆောင်တဲ့ အသင်းနဲ့ ကစားမယ့် ပွဲကနေ ယူရို ၁၀ သန်း ရမယ့် ပီအက်စ်ဂျီ၊ ဘာဆာမှာပဲ ဆက်နေဖို့ ရှိတဲ့ ရာဖင်ညာ စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၁၇ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ရော်နယ်ဒိုနဲ့ ကစားမယ့် ခြေစမ်းပွဲ အတွက် ယူရို ၁၀ သန်း ရရှိမယ့် ပီအက်စ်ဂျီ 

ပီအက်စ်ဂျီ အသင်းဟာ ဇန်နဝါရီ ၁၉ ရက် ရီယတ်ဒ်မှာ ခရစ္စတီယာနို ရော်နယ်ဒို ပါဝင်တဲ့ အယ်လ်ဟီလယ်နဲ့ အယ်လ်နာဆာ ပေါင်းစပ်ထားတဲ့ အသင်းနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီ အသင်းဟာ ဒီပွဲ ကနေ ယူရို ၁၀ သန်းကျော် ရရှိမှာ ဖြစ်တယ်လို့ L’Equipe’ က တနင်္လာနေ့က ကြေညာသွားခဲ့တာပါ။ ဒါ့အပြင် ပီအက်စ်ဂျီ ဟာ အသုံးပြုသူ တစ်ဦးကို ယူရို ၁.၉၉ ဈေးနှုန်းနဲ့ မတူညီတဲ့ နိုင်ငံတကာ ပလက်ဖောင်းတွေမှာ ထုတ်လွှင့် ပြသသွားဖို့ ရှိနေပါတယ်။

ပီအက်စ်ဂျီ ဝက်ဘ်ဆိုက်ရဲ့ ဖော်ပြချက်အရ ကာတာ အားကစား ရုပ်သံလိုင်း ဖြစ်တဲ့ beIN SPORTS လည်း ပါဝင်မယ်လို့ သိရပါတယ်။ ဒီပွဲဟာ လက်ရှိအချိန်မှာ ပရိသတ် စိတ်ဝင်စားမှု အမြင့်မားဆုံး အခြေအနေမှာ ရှိနေပါတယ်။ ပီအက်စ်ဂျီ အသင်းမှာ မက်ဆီ ပါဝင်မှာ ဖြစ်သလို ဆော်ဒီ အသင်း မှာလည်း အယ်လ်နာဆာက ခေါ်ယူထားတဲ့ ရော်နယ်ဒို ပါဝင်မှာကြောင့် စိတ်ဝင်စားမှု များပြားနေတာပါ။ အဓိက, ကတော့ တစ်ချိန်က လာလီဂါ ဘောလုံး အကျော်အမော် နှစ်ဦးရဲ့ အားပြိုင်မှုကို ပြန်လည် မြင်တွေ့ရမှာ ဖြစ်တာကြောင့်လို့ ပြောလို့ ရပါတယ်။

ပီအက်စ်ဂျီ အသင်းဟာ နွေရာသီတုန်း ကလည်း ဂျပန်မှာ မက်ဆီ၊ နေမာနဲ့ အမ်ဘာပေး တို့ကို အသုံးပြုပြီး ငွေကြေး ရှာဖွေနိုင်ခဲ့သေးတာလည်း ဖြစ်ပါတယ်။ ပီအက်စ်ဂျီ ကတော့ ပြီးခဲ့တဲ့ လီဂူးဝမ်း ပွဲစဉ်မှာ ရန်းစ် အသင်းကို အရေးနိမ့်ခဲ့ပေမယ့် ပြင်သစ် အမှတ်ပေးဇယားကို ဆက်ပြီး ဦးဆောင်နေတာ ဖြစ်ပါတယ်။


အာဆင်နယ်က စိတ်ဝင်စားနေပေမယ့် ဘာစီလိုနာ မှာပဲ ဆက်နေဖို့ ရှိတဲ့ ရာဖင်ညာ 

ရာဖင်ညာက နွေရာသီ ကမှ လိဒ်စ် ကနေ လာလီဂါ ကလပ် ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့ပေမယ့် ဒမ်ဘီလီကြောင့် ပုံမှန် နေရာ ရဖို့ ရုန်းကန်နေရတာပါ။
ရာဖင်ညာကို ပစ်မှတ်ထား ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ အာဆင်နယ်

အာဆင်နယ်ရဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ နောက်ထပ် ပစ်မှတ် တစ်ဦး ဖြစ်တဲ့ ရာဖင်ညာက ဘာစီလိုနာ မှာပဲ ဆက်နေဖို့ ရှိတယ်လို့ စပိန် ကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

အာဆင်နယ်ရဲ့ အဓိက ပစ်မှတ် မူဒရစ်ခ်ကို ချဲလ်ဆီး အသင်းထံ လက်လွှတ်ခဲ့ရပြီးနောက် အခြားပစ်မှတ်တွေကို ရှာဖွေနေခဲ့ပြီး ဘာစီလိုနာ တောင်ပံ ကစားသမား ရာဖင်ညာကို စိတ်ဝင်စားလာခဲ့တာ ဖြစ်ပါတယ်။

ရာဖင်ညာက နွေရာသီ ကမှ လိဒ်စ် ကနေ လာလီဂါ ကလပ် ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့ပေမယ့် ဒမ်ဘီလီကြောင့် ပုံမှန် နေရာ ရဖို့ ရုန်းကန်နေရတာပါ။ အဲ့ဒါကြောင့် ဘာစီလိုနာ ကလည်း ရာဖင်ညာကို ပြန်ရောင်းချပြီး အသင်းရဲ့ ရန်ပုံငွေကို အင်အား ဖြည့်တင်းဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့် ကစားသမား ကတော့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဘာစီလိုနာ ကနေ ထွက်ခွာဖို့ မရှိဘဲ ဆက်နေဖို့ ဆုံးဖြတ်ထားတယ်လို့ မွန်ဒို ဒီပို့တီဗိုက ဖော်ပြခဲ့တာပါ။ ရာဖင်ညာဟာ ရီးရဲလ်ကို အနိုင်ရခဲ့တဲ့ စပိန်စူပါဖလား အပြီးမှာ ဘာစီလိုနာမှာ ဆက်ရှိချင်တဲ့ အရိပ်အမြွက်ကို ရေးသားခဲ့ပါတယ်။

ရာဖင်ညာက “ ပထမဆုံး ရာသီ၊ ဘာစီလိုနာနဲ့ ပထဆုံး အောင်မြင်မှု၊ ဒီလို အံသြဖွယ် အခိုက်အတန့်တွေ အတွက် ကျေးဇူးတင်ပါတယ်။ နောက်ထပ် ဆက်ပြီး သွားရအောင်” လို့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ လက်ရှိအချိန်မှာ ဘရိုက်တန်မှာ နည်းပြ ဒီဇာဘီနဲ့ အဆင်မပြေတဲ့ ထရော့ဆက်ဒ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဘရိုက်တန်က စပါးရဲ့ကမ်းလှမ်းမှု ပေါင် ၁၂ သန်းကို ပယ်ချထားခဲ့တယ်လို့ သိရပါတယ်။

ပီအက်စ်ဂျီနဲ့ ပွဲမှာ အသင်းခေါင်းဆောင် အဖြစ်နဲ့ တာဝန်ယူမယ့် ရော်နယ်ဒို

ခရစ္စတီယာနို ရော်နယ်ဒိုဟာ ပီအက်စ်ဂျီနဲ့ ကစားမယ့် ခြေစမ်းပွဲမှာ အယ်လ်နာဆာ+အယ်လ်ဟီဟယ် အသင်းရဲ့ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူသွားဖို့ ရှိနေပါတယ်။ အဆိုပါပွဲမှာ ဝတ်ဆင် ကစားမယ့် ဂျာစီနဲ့ အသင်းခေါင်းဆောင် လက်ပတ်ကို ဆော်ဒီ တာဝန်ရှိသူ တစ်ဦးကရော်နယ်ဒိုကို ပေးအပ်နေတဲ့ ဗီဒီယိုဖိုင် ထွက်ပေါ်လာပြီးနောက်မှာ ဒီသတင်းက သေချာသွားခဲ့တာပါ။

အစောပိုင်းမှာ ရော်နယ်ဒို ပါဝင်မယ် ဆိုတာက မသေမချာ ဖြစ်နေခဲ့ပေမယ့် အခုတော့ သေချာသလောက် ရှိသွားခဲ့ပါပြီ။ ဒါကြောင့် မက်ဆီနဲ့ ထိပ်တိုက်တွေ့တော့မှာ ဖြစ်ပြီး ဒါဟာ သူတို့ နှစ်ယောက် အတွက် နောက်ဆုံး အကြိမ် တွေ့ဆုံမှု ဖြစ်လာနိုင်ဖွယ်ရာလည်း ရှိနေပါတယ်။ ဒီလို အခြေအနေတွေကြောင့်လည်း ပရိသတ်တွေက စိတ်ဝင်စားနေကြပြီး ဒီပွဲ အတွက် လက်မှတ် အားလုံးလည်း ရောင်းချနိုင်ခဲ့ပါတယ်။

ပီအက်စ်ဂျီက ကစားသမား အစုံအလင်ကို ခေါ်ဆောင်လာမယ် လို့လည်း သိရပြီး ထည့်သွင်း ကစားမလား၊ ချန်လှပ်ထားမလား ဆိုတာ ကတော့ သေချာမသိရသေးပါဘူး။ ဒါပေမယ့် ဆော်ဒီလိဂ်နဲ့ ဆော်ဒီ ဘောလုံးလောကကို ပရိုမိုးရှင်း လုပ်ပေးမယ့် ပွဲသဘောမျိုး ဖြစ်တာကြောင့် သူတို့ရဲ့ အကောင်းဆုံး ကစားသမားတွေကို ပွဲချိန်ပြည့် မဟုတ်ရင်တောင် မိနစ် အနည်းငယ် ထည့်သွင်း ကစားတာ မျိုးတော့ ရှိလာနိုင်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်