နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
promotion@sbotop.com သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘယ်လွန်ဒေါထက် ဖလား ၃ လုံး အောင်မြင်မှုကို ပိုလိုချင်နေတဲ့ ပီဒရီ | လာလီဂါ

လာလီဂါ ကလပ် ဘာစီလိုနာ ကွင်းလယ်လူ ပီဒရီ ကတော့ သူ့အနေနဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု (ဘယ်လွန်ဒေါ) ထက် ဒီရာသီမှာ ဖလား ၃ လုံး အောင်မြင်မှု ကိုသာ ပိုပြီး ရယူလိုတယ်လို့ ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။ လက်ရှိမှာ အသက် ၂၂ နှစ် အရွယ်သာ ရှိနေသေးတဲ့ စပိန် လက်ရွေးစင် ကွင်းလယ်လူ ပီဒရီ ကတော့ လက်ရှိ ရာသီ ဘာစီလိုနာမှာ ခြေစွမ်းပြနေပြီးတော့ ဖလား ၃ လုံး အိပ်မက်လည်း မက်နိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။

ဘာစီလိုနာဟာ ဒီရာသီ လာလီဂါမှာ အမှတ်ပေးဇယား ထိပ်ဆုံး ကနေ ဦးဆောင်နေပြီးတော့ ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ်နဲ့ စပိန့်ဘုရင့်ဖလား မှာလည်း ဆီမီးဖိုင်နယ် အဆင့်ကို တက်လှမ်းထားနိုင်ပါတယ်။ ဒါပေမယ့်လည်း စပိန် ကွင်းလယ် ဖန်တီးရှင်လေး ကတော့ တစ်ဦးချင်း ဆုတံဆိပ် ဖြစ်တဲ့ ဘယ်လွန်ဒေါဆုထက် ဒီရာသီမှာ ဘာစီလိုနာနဲ့ အတူ ဆုဖလား ၃ လုံး ကိုသာ ပိုမို ရယူလိုကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။ 

ပီဒရီက “ကျွန်တော် ကတော့ ဘယ်လွန်ဒေါဆုထက် ဖလား ၃ လုံး (Treble) ပဲ ရချင်ပါတယ်။ တကယ်လို့ ဘယ်လွန်ဒေါဆု ရရှိခဲ့မယ် ဆိုရင်လည်း အသင်းနဲ့ အတူ ဖလားစုံ ရရှိချင်ပါတယ်။ ဘယ်လွန်ဒေါဆု စာရင်းမှာ ဆန်ကာတင် ဝင်ဖို့က ကျွန်တော့်ရဲ့ အိပ်မက် တစ်ခုပါ။ ဒါပေမယ့် အသင်းနဲ့ အတူ ဆုဖလားတွေ ရဖို့က ကျွန်တော့် အတွက် ပိုပြီး အရေးကြီးပါတယ်။ အခုအချိန်မှာ ကျွန်တော်တို့ အနေနဲ့ ဆုဖလားအားလုံးကို အိပ်မက်မက်နိုင်တဲ့ အနေအထားမှာ ရှိနေပါပြီ။ ဒါပေမယ့် ၃ ပွဲလောက် ရှုံးလိုက်တာနဲ့ ပြိုင်ပွဲ ၃ ခုစလုံး ကနေ ကျွန်တော်တို့ ထွက်သွားရနိုင်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။ 

ပီဒရီဟာ ဒီရာသီမှာ ဘာစီလိုနာ အတွက် လာလီဂါ အပါအဝင် ပြိုင်ပွဲစုံ ၄၂ ပွဲ ကစားပြီး ၅ ဂိုးသွင်း၊ ၇ ဂိုး ဖန်တီးပေးထားပါတယ်။
ဒီရာသီမှာ ဘာစီလိုနာ အတွက် ခြေစွမ်းပြနေတဲ့ ပီဒရီ

ဘာစီလိုနာဟာ လာလီဂါမှာ ဦးဆောင်နေပေမယ့် အရေးကြီးတဲ့ ပွဲစဉ်တွေ ကစားရဦးမှာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ် မှာတော့ ကွာတားဖိုင်နယ်ကို ရောက်ရှိနေပြီး ဒေါ့မန်နဲ့ တွေ့ဆုံနေလို့ လမ်းကြောင်းတော့ ချောင်နေပါတယ်။ အကယ်၍ ဆီးမီးဖိုင်နယ်ကို တက်လှမ်းနိုင်ရင်တော့ ဘေယန်မြူးနစ် သို့မဟုတ် အင်တာမီလန်နဲ့ ရင်ဆိုင်ရမှာပါ။ ဆီမီးဖိုင်နယ် ကိုပါ ထပ်မံ ကျော်ဖြတ်နိုင်ခဲ့ရင်တော့ အာဆင်နယ်၊ ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီ၊ အက်စတွန်ဗီလာ တစ်သင်းသင်းနဲ့ တွေ့ဆုံရမှာလည်း ဖြစ်ပါတယ်။ 

ဆက်လက်ပြီး ပီဒရီက ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်နဲ့ တွေ့ဆုံရင်လည်း ကြောက်ရွံနေမှာ မဟုတ်ကြောင်း ပြောကြားခဲ့ပါသေးတယ်။ ပီဒရီက “ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ရီးရဲလ်နဲ့ တွေ့ဆုံမယ် ဆိုရင် ကြိုဆိုသွားမှာပါ။ အဲဒီအဆင့်မှာ ဘယ်အသင်း ကိုမှ ကြောက်နေစရာ မလိုပါဘူး။” လို့ ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာဟာ ဒီနှစ် ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်း ဖြစ်နေပြီးတော့ လာလီဂါနဲ့ ကိုပါဒယ်ရေး မှာလည်း ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေခဲ့တာပါ။

ဘာစီလိုနာ အသင်းဖော်တွေ ဖြစ်တဲ့ ဖာရန်း တောရက်စ်နဲ့ ဂါဗီ တို့ကတော့ အသင်း အတွက် ခြေစွမ်းပြနေတဲ့ ပတ်ဒရီဟာ ၂၀၂၅ ခုနှစ် အတွက် အကောင်းဆုံး ဘောလုံးသမားဆု (ဘယ်လွန်ဒေါ) ရရှိဖို့ အထိုက်တန်ဆုံး ကစားသမား ဖြစ်ကြောင်း ချီးကျူးထားကြပါတယ်။ ပီဒရီဟာ ဒီရာသီမှာ ဘာစီလိုနာ အတွက် လာလီဂါ အပါအဝင် ပြိုင်ပွဲစုံ ၄၂ ပွဲ ကစားပြီး ၅ ဂိုးသွင်း၊ ၇ ဂိုး ဖန်တီးပေးထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်