နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဇာဗီရဲ့ အပြောင်းအရွှေ့ သတိပေးချက်ကြောင့် အနာဂတ်ကို ဆုံးဖြတ်ခဲ့တဲ့ နေမာ (လာလီဂါ သတင်းများ)

countdown banner

ဒီတစ်ခါ မှာတော့ ဩဂုတ်လ ၁၄ ရက်နေ့ အထိ ရရှိထားသမျှ လာလီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဇာဗီရဲ့ အပြောင်းအရွှေ့ သတိပေးချက်ကြောင့် အနာဂတ်ကို ဆုံးဖြတ်ခဲ့တဲ့ နေမာ 

ဘာစီလိုနာ နည်းပြ ဇာဗီ ဟာနန်ဇက်ဇ်ဟာ လက်ရှိမှာ ဆော်ဒီ အာရေဗျကလပ် အယ်လ်ဟီလာလ်ကို ပြောင်းရွှေ့ဖို့ ပြင်ဆင်နေပုံပေါ်တဲ့ ဘရာဇီးလ် တိုက်စစ်မှူးရဲ့ အသင်းကို ပြန်လာနိုင်ချေနဲ့ ပတ်သက်ပြီး ၎င်းရဲ့ ခံစားချက်ကို ရှင်းရှင်းလင်းလင်း ပြသခဲ့ပါတယ်။ နေမာဟာ ပီအက်စ်ဂျီမှာ ၆ ရာသီကြာ ကစားခဲ့ပြီးနောက် ယခုနွေရာသီမှာ အသင်းကို စွန့်ခွာချင်တယ်လို့ အသိပေးခဲ့တာ ဖြစ်ပြီး ပရီးမီးယားလိဂ် ကလပ်တွေရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။ 

နေမာဟာ ပြီးခဲ့တဲ့ရာသီမှာ ဒဏ်ရာပြဿနာကြောင့် ရုန်းကန်ခဲ့ရတာ ဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ ဘာစီလိုနာ ကနေ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို ၂၂၂ သန်းနဲ့ ပြောင်းရွှေ့ပြီးနောက်ပိုင်း ကမ္ဘာ့စျေးအကြီးဆုံး ကစားသမား အဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။ 

ပရီးမီးယားလိဂ်
နော်တင်ဟမ် ဖောရက်စ်
တော့တင်ဟမ် ဟော့စပါး
1X2 နော်တင်ဟမ် ဖောရက်စ် @ 1.94
နော်တင်ဟမ် ဖောရက်စ် အာရှ ဟန်းဒီးကပ် -0.50 @ 1.94
ဂိုးပေါ် 2.25 @ 1.98
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

L’Equipe ရဲ့ ဖော်ပြချက်အရ နေမာဟာ အယ်လ်ဟီလာလ်နဲ့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ပြီး အသက် ၃၁ နှစ် အရွယ် ကစားသမားကို ဆော်ဒီ ပရိုလိဂ် ကလပ်က ကြီးမားတဲ့ လစာပမာဏနဲ့ ၂ နှစ်စာချုပ် ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်တာကြောင့် ဆေးစစ်ဖို့ စီစဉ်နေပြီလို့ သိရပါတယ်။ ဒီသတင်းဟာ နေမာက လာလီဂါ ကလပ် ဘာစီလိုနာကို ပြန်လည်ပြောင်းရွှေ့ဖို့ သတင်းတွေ အခိုင်အမာ ထွက်ပေါ်ခဲ့ပြီးနောက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒီလိုဖြစ်ရတာဟာ နေမာရဲ့ နေရာမှာ အစားထိုးခေါ်ယူမှု ဖြစ်ခဲ့တဲ့ ဘာစီလိုနာ တောင်ပံကစားသမား ဒမ်ဘီလီကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ ဇာဗီက ပီအက်စ်ဂျီကို ဒမ်ဘီလီ ပြောင်းရွှေ့မယ့်ကိစ္စကို သဘောမတူခဲ့ဘဲ ပြင်သစ် တောင်ပံကစားသမားကို နေမာ ဘာဖြစ်သွားခဲ့လဲ ဆိုတာကို ကြည့်လိုက်လို့ ပြောဆိုပြီး နူးကမ့်ပ်မှာ ဆက်နေဖို့ စည်းရုံးခဲ့တယ်လို့ Marca က ဖော်ပြခဲ့ပြီး ဘာစီလိုနာ နည်းပြက ဘရာဇီးလ် တိုက်စစ်မှူးဟာ ၂၀၁၇ ခုနှစ်မှာ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားပြီးနောက် ပိုမိုတိုးတက်လာခြင်း မရှိဘဲ ဆုတ်ယုတ်သွားတယ်လို့ ယုံကြည်နေကြောင်း ရှင်းရှင်းလင်းလင်း ပြသခဲ့တာ ဖြစ်ပါတယ်။


ဂီတာဖေးနဲ့ သရေကျခဲ့ပြီးနောက် ဒိုင်လူကြီးကို အပြစ်တင်ခဲ့တဲ့ ဇာဗီ 

ဘာစီလိုနာ နည်းပြ ဇာဗီက တနင်္ဂနွေနေ့မှာ ဂီတာဖေးနဲ့ ကစားခဲ့တဲ့ လာလီဂါ အဖွင့် ပွဲစဉ်မှာ ဂိုးမရှိသရေကျခဲ့ပြီးနောက် လာလီဂါက ဒိုင်လူကြီးတွေကို ပြစ်တင် ကြိမ်းမောင်းခဲ့ပြီး လိဂ်ရဲ့ ထုတ်ကုန်ကို ဖျက်ဆီးနေတာလို့ ပြောဆိုခဲ့ပါတယ်။ 

ရာဖင်ညာနဲ့ ဂျိမ်း မာတာတို့ ၂ ဦးစလုံး အနီကတ်နဲ့ ထုတ်ပယ်ခြင်း ခံခဲ့ရပြီးနောက် နှစ်သင်းစလုံးဟာ တစ်ယောက်လျော့နဲ့ ကစားခဲ့ရတာ ဖြစ်ပြီး ဇာဗီ ကိုယ်တိုင်လည်း ဒုတိယပိုင်းမှာ ဒိုင်လူကြီးကို ပြောခဲ့တဲ့ မှတ်ချက်စကားကြောင့် ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ 

ဇာဗီက ဒိုင်လူကြီး ဆီဆာ ဆိုတိုဟာ ဂီတာဖေးကို အရမ်း မျက်နှာလိုက်လွန်းတယ်လို့ ပြောဆိုခဲ့ပြီး ရော်နယ် အာရာအူဟိုကို ပြစ်ဒဏ် ကျူးလွန်မှုအတွက် နောက်ကျ ပင်နယ်တီ မပေးရအောင် ဂါဗီကို လက်ထိဘော သတ်မှတ်ခဲ့တာလို့ စွပ်စွဲခဲ့တာ ဖြစ်ပါတယ်။ 


အသက် ၂၂ နှစ် အရွယ် ဂိုးသမား အတွက် ကမ်းလှမ်းမှု ငြင်းပယ်ခံခဲ့ရတဲ့ ရီးရဲလ်မက်ဒရစ် 

စပိန် ဂိုးသမားဟာ ၂၀၁၈ ခုနှစ် နွေရာသီမှာ လာလီဂါ ကနေ စံချိန်တင် ယူရိုသန်း ၈၀ နဲ့ ချဲလ်ဆီးကို ပြောင်းရွှေ့သွားခဲ့ပြီးနောက် မျှော်မှန်းထားတဲ့ အတိုင်း လက်စွမ်းပြသနိုင်ခြင်း မရှိခဲ့သူ ဖြစ်ပါတယ်။
မာမာဒက်ရှ်ဗီလီကို ခေါ်ယူဖို့ ကြိုးပမ်းပေမယ့် ပယ်ချခံခဲ့ရတဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်ဟာ ဒူးအရွတ်စုတ်ပြဲ ဒဏ်ရာကြောင့် တစ်ရာသီလုံး အနားယူရတော့မယ့် ပွဲထွက် ဂိုးသမား သီဘောက် ကော့တွိုက်စ်ရဲ့ နေရာမှာ အစားထိုး ခေါ်ယူမှု အဖြစ် ဂျော်ဂျီ မာမာဒက်ရှ်ဗီလီကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပါတယ်။ 

ဗလင်စီယာ ဂိုးသမား အတွက် ရီးရဲလ်မက်ဒရစ်က ယူရို ၂၅ သန်းနဲ့ အပြီးသတ် ခေါ်ယူခွင့် ပါဝင်တဲ့ ကနဦး ယူရို ၅ သန်း အငှားစာချုပ်နဲ့ ခေါ်ယူဖို့ တရားဝင်ကမ်းလှမ်းမှု ပြုလုပ်ခဲ့တာဖြစ်ပေမယ့်လည်း ငြင်းပယ်ခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။  

ဒါကြောင့် ရီးရဲလ်မက်ဒရစ်ဟာ လက်ရှိမှာ ချဲလ်ဆီး ဂိုးသမား ကီပါ ကိုပဲ အငှားနဲ့ ခေါ်ယူဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ စပိန် ဂိုးသမားဟာ ၂၀၁၈ ခုနှစ် နွေရာသီမှာ လာလီဂါ ကနေ စံချိန်တင် ယူရိုသန်း ၈၀ နဲ့ ချဲလ်ဆီးကို ပြောင်းရွှေ့သွားခဲ့ပြီးနောက် မျှော်မှန်းထားတဲ့ အတိုင်း လက်စွမ်းပြသနိုင်ခြင်း မရှိခဲ့သူ ဖြစ်ပါတယ်။ ကီပါဟာ ချဲလ်ဆီးမှာ ကစားခဲ့တဲ့ကာလ အတွင်း လက်စွမ်းကောင်း အချို့ ပြသနိုင်ခဲ့ပေမယ့်လည်း အားလုံးခြုံကြည့်ရရင်တော့ ကမ္ဘာပေါ်က အကောင်းဆုံး ဂိုးသမား အဖြစ် တိုးတက်လာခဲ့ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်