နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ခရိုအေးရှား အတွက် ထပ်မံ ရွေးချယ်ခံရတဲ့ မိုဒရစ်၊ လီယောင်ကို ခေါ်ယူဖို့ ရီးရဲလ်ကို ချိတ်ဆက်ခဲ့တဲ့ အေးဂျင့် မန်းဒက်စ် (လာလီဂါ နောက်ဆုံးရ သတင်းများ)

ခရိုအေးရှား အတွက် ထပ်မံ ရွေးချယ်ခံရတဲ့ မိုဒရစ်၊ လီယောင်ကို ခေါ်ယူဖို့ ရီးရဲလ်ကို ချိတ်ဆက်ခဲ့တဲ့ အေးဂျင့် မန်းဒက်စ် စတဲ့ သတင်းတွေ အပါအဝင် မတ် ၇ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ခရိုအေးရှား အတွက် ထပ်မံ ရွေးချယ်ခံရတဲ့ မိုဒရစ်

ရီးရဲလ်မက်ဒရစ် ဝါရင့် ကွင်းလယ်လူ လူကာ မိုဒရစ်ဟာ ခရိုအေးရှားရဲ့ မကြာခင် ကစားမယ့် နိုင်ငံတကာ ပွဲတွေ အတွက် ထပ်မံ ရွေးချယ်ခံလိုက်ရပါတယ်။ အသက် ၃၇ နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ မိုဒရစ်ဟာ လက်ရွေးစင် ကစားသမား ဘ၀ ကနေ အနားယူတော့မယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် ဆက်ကစားနေသေးတာပါ။ 

အခုလည်း သူ့ကို နည်းပြ ဖြစ်သူက ရွေးချယ် ခေါ်ယူခဲ့ပြီး အသင်းခေါင်းဆောင် အဖြစ်နဲ့ ပါဝင်နေဦးမှာ ဖြစ်ပါတယ်။ မိုဒရစ် ကတော့ လာလီဂါ ကလပ် မှာလည်း အဓိက ကွင်းလယ်လူ အဖြစ်နဲ့ ပါဝင် ကစားနေဆဲ ဖြစ်ပြီး သူ့ရဲ့ အသက်အရွယ်နဲ့ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပွဲစဉ်တွေမှာ ဝင်ကစားနေတာက တကယ် အံ့အားသင့်စရာ ကောင်းနေခဲ့ပါတယ်။ 

ခရိုအေးရှာဟာ လာမယ့် မတ်လ ၂၆ ရက်နေ့မှာ ဝေးလ်စ်၊ ၂၉ ရက်နေ့မှာ တူရကီ တို့နဲ့ ယူရို ခြေစစ်ပွဲ ကစားရမှာ ဖြစ်ပါတယ်။ အသင်း အတွက် အရေးကြီးတဲ့ ပွဲစဉ်တွေ ဖြစ်လို့လည်း မိုဒရစ် အပါအဝင် အဓိက ကစားသမား အားလုံး နီးပါးကို ရွေးချယ် ခေါ်ယူထားတာလည်း မြင်တွေ့ရပါတယ်။ 


ယူရိုသန်း ၁၀၀ တန် ကစားသမားရဲ့ အေးဂျင့်က ရီးရဲလ်ကို ကမ်းလှမ်းမှုတွေ ပြုလုပ်လာ

ဒါပေမယ့် လာလီဂါ ကလပ်က လီယောင်ကို အဆိုပါ ငွေကြေး ပမာဏ ပေးချေဖို့ ဆန္ဒမရှိဘူးလို့ သိရပါတယ်။
ရာဖေးလ် လီယောင် အတွက် အသင်းသစ် ရှာဖွေပေးနေတဲ့ အေးဂျင့် မန်းဒက်စ်

Gazzetta dello Sport ရဲ့ ဖော်ပြချက် အရ အေစီမီလန် တိုက်စစ်မှူး ရာဖေးလ် လီယောင်ရဲ့ အေးဂျင့် ဖြစ်တဲ့ ဂျော့ဂျ် မန်ဒက်စ်ဟာ သူ့ကစားသမား အတွက် ရီးရဲလ်မက်ဒရစ်ကို ဆက်သွယ်နေတယ်လို့ သိရပါတယ်။ အေစီမီလန်မှာ ခြေစွမ်းပြ ကစားနေတဲ့ လီယောင်ဟာ အသင်းနဲ့ စာချုပ်သစ် အတွက် အဆင်မေပြ ဖြစ်နေသူပါ။ 

သူ့ရဲ့ တန်ဖိုးဟာ ယူရိုသန်း ၁၀၀ ဝန်းကျင်မှာ ရှိတယ်လို့ ယူဆရပြီး အေစီမီလန်နဲ့ ၂၀၂၄ မှာ စာချုပ် သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကစားသမား ကတော့ အသင်းကြီး တစ်သင်း ဆီကို ပြောင်းရွှေ့ချင်နေပြီး အေစီမီလန် ကတော့ သူတို့ ကစားသမားကို အသင်းမှာ ဆက်လက် ထိန်းသိမ်းထားချင်နေတာပါ။ 

အခုအခါမှာ ဂျော့ဂျ် မန်ဒက်စ်က ရီးရဲလ်ကို ဆက်သွယ်မှုတွေ လုပ်နေလို့ အေစီမီလန် အတွက်တော့ စိုးရိမ်စရာ ကောင်းလာခဲ့ပါတယ်။ ဒါပေမယ့် လာလီဂါ ကလပ်က လီယောင်ကို အဆိုပါ ငွေကြေး ပမာဏ ပေးချေဖို့ ဆန္ဒမရှိဘူးလို့ သိရပါတယ်။ ဘန်ဇီမာ နေရာ အတွက် တိုက်စစ်မှူး တစ်ဦး လိုအပ်နေပေမယ့် ရီးရဲလ်က အလျင်စလို ဝယ်ယူမှာ မဟုတ်ဘူး လို့လည်း သိရပါတယ်။ 


ဒဏ်ရာကြောင့် ရာသီကုန်ထိ နားရတော့မယ့် နေမာ

ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာဟာ ခြေကျင်းဝတ် ဒဏ်ရာကြောင့် ရာသီကုန် အထိ ကစားနိုင်မှာ မဟုတ်တော့ဘူးလို့ သိရပါတယ်။ ဘာစီလိုနာ ကစားသမားဟောင်းဟာ လိုင်လီနဲ့ ကစားခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့က လီဂူးဝမ်း ပွဲမှာ ဒီဒဏ်ရာကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ 

လာလီဂါ
ဆယ်တာဗီဂို
ဗယ်လက်ကာနို
1X2 ဆယ်တာဗီဂို @ 2.11
ဆယ်တာဗီဂို အာရှ ဟန်းဒီးကပ် -0.50 @ 2.12
ဂိုးပေါ် 2.25 @ 2.17
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဘရာဇီးလ် လက်ရွေးစင်ဟာ လက်ရှိ မှာလည်း ဘေယန်မြူးနစ်နဲ့ ကစားရမယ့် ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ဒုတိယအကျော့ကို လွဲချော်ခဲ့ပြီး ဖြစ်ကာ ကျန်ပွဲအားလုံး ကိုလည်း ကစားပေးနိုင်မှာ မဟုတ်တော့ဘူးလို့ ပြင်သစ် ကလပ်က သတင်းထုတ်ပြန်ခဲ့ပြီး လာမယ့် ရာသီသစ်မှာ သူ့ကို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။  

နေမာဟာ ဒဏ်ရာကို ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရပြီး အနည်းဆုံး ၃ လ ကနေ ၄ လ အထိ အနားယူရမှာ ဖြစ်ပါတယ်။ ဒါကြောင့် လက်ကျန် ဘောလုံးရာသီကို လွဲချော်ခဲ့တာ ဖြစ်ပြီး ကစားသမား ကတော့ သူ အသန်မာဆုံး ပြန်လာခဲ့မယ်လို့ ပြောဆိုခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်