နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စတုတ္ထမြောက် ကမ္ဘာ့အကောင်းဆုံး အဖြစ် မိုဒရစ် သတ်မှတ်ခံရ၊ ယာအို ဖီးလစ်ရဲ့ အငှား စရိတ်ကို သတ်မှတ်လိုက်တဲ့ အက်သလက်တီကို (လာလီဂါ နောက်ဆုံးရ သတင်းများ)

စတုတ္ထမြောက် ကမ္ဘာ့အကောင်းဆုံး အဖြစ် မိုဒရစ် သတ်မှတ်ခံရ၊ ယာအို ဖီးလစ်ရဲ့ အငှား စရိတ်ကို သတ်မှတ်လိုက်တဲ့ အက်သလက်တီကို စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၆ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


စတုတ္ထမြောက် ကမ္ဘာ့အကောင်းဆုံး ကစားသမား အဖြစ် မိုဒရစ် သတ်မှတ်ခံရ

လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ လူကာမိုဒရစ်ဟာ The statistics institute the International Federation of Football History and Statistics (IFFHS) က နှစ်စဉ် ရွေးချယ်တဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမား စာရင်းမှာ အဆင့် ၄ နေရာ ရရှိခဲ့ပြီး ထိပ်ဆုံး ၅ ဦးစာရင်းထဲ ပါဝင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

IFFHS က ကမ္ဘာ့အကောင်းဆုံး ကစားသမား အဖြစ် မက်ဆီကို ရွေးချယ်ခဲ့ပြီး သူ့ရဲ့ နောက်မှာတော့ ပီအက်စ်ဂျီ တိုက်စစ်မှူး ဖြစ်တဲ့ ကီလီယန် အမ်ဘာပေး၊ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ကာရင်မ် ဘန်ဇီမာ၊ အဲဒီနောက် လူကာ မိုဒရစ်၊ ၅ ဦးမြောက် အဖြစ် မန်ချက်စတာစီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းကို ရွေးချယ်သွားခဲ့ပါတယ်။

ဒီရွေးချယ်မှုဟာ ပြီးခဲ့တဲ့ တစ်နှစ်တာ အတွင်း ကစားသမားတွေရဲ့ ခြေစွမ်း၊ နိုင်ပွဲ ရရှိမှု၊ သွင်းဂိုး၊ ဖန်တီးမှု၊ အောင်မြင်မှု၊ ကလပ် အသင်းနဲ့ နိုင်ငံ အသင်းရဲ့ အဆင့်အတန်းတွေကို ထည့်သွင်း တွက်ချက်ပြီးတော့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ထိပ်ဆုံး ၅ ဦးထဲမှာ လူကာမိုဒရစ်က အသက်အကြီးဆုံး ကစားသမား အဖြစ် ပါဝင်ခဲ့ပြီး သူနဲ့ထိုက်တန်တဲ့ ရွေးချယ်ခံရမှုလည်းဖြစ်ပါတယ်။


ယာအို ဖီးလစ်ရဲ့ အငှားပြောင်းရွှေ့ စရိတ်ကို သတ်မှတ်ပေးလိုက်တဲ့ အက်သလက်တီကို

လာလီဂါ ကလပ် အက်သလက်တီကိုမက်ဒရစ် ကတော့ သူတို့ အသင်းရဲ့ တိုက်စစ်ကစားသမား ယာအို ဖီးလစ်ကို စိတ်ဝင်စားနေတဲ့ အသင်းတွေ အနေနဲ့ အငှားနဲ့သာ ခေါ်ယူမယ် ဆိုရင်လည်း ပေါင် ၁၃ သန်း ကနေ ပေါင် ၁၅ သန်း အထိ ပေးချေမှ ရမယ်လို့ စျေးနှုန်း သတ်မှတ်လိုက်ကာ အဆိုပါ ပမာဏ ရရှိပါက အငှားချသွားမယ်လို့ ဖွင့်ဟလိုက်ပါတယ်။
ပေါင် ၁၃ သန်း ကနေ ၁၅ သန်း အထိ ရမှ ယာအို ဖီးလစ်ကို အငှားချမယ့် အက်တလက်တီကို မက်ဒရစ်

လာလီဂါ ကလပ် အက်သလက်တီကိုမက်ဒရစ် ကတော့ သူတို့ အသင်းရဲ့ တိုက်စစ်ကစားသမား ယာအို ဖီးလစ်ကို​ စိတ်ဝင်စားနေတဲ့ အသင်းတွေ အနေနဲ့ အငှားနဲ့သာ ခေါ်ယူမယ် ဆိုရင်လည်း ပေါင် ၁၃ သန်း ကနေ ပေါင် ၁၅ သန်း အထိ ပေးချေမှ ရမယ်လို့ စျေးနှုန်း သတ်မှတ်လိုက်ကာ အဆိုပါ ပမာဏ ရရှိပါက အငှားချသွားမယ်လို့ ဖွင့်ဟလိုက်ပါတယ်။

ယာအို ဖီးလစ်ကို အင်္ဂလန် ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီး တို့က စိတ်ဝင်စားနေကြပြီး အငှားနဲ့ ခေါ်ယူဖို့ကို စိတ်အားထက်သန်နေကြတာပါ။ ယူနိုက်တက်က ကစားသမား အတွက် အငှားခေါ်ယူမှု အဖြစ် ယူရို ၄ သန်းပေးမယ်လို့ ကမ်းလှမ်းခဲ့ပေမယ့် အေတီကိုက ပယ်ချခဲ့ပြီး အခုအခါမှာ စျေးနှုန်း သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

ယာအိုဖီးလစ် ကိုယ်တိုင် ကလည်း အသင်း ကနေ ထွက်ခွာချင်နေပြီး သူ့ကို ကမ်းလှမ်းမယ့် အသင်းတွေကို စောင့်မျှော်နေပါတယ်။ အေတီကိုရဲ့ ခံစစ်အားပြု ကစားဟန်မှာ မပျော်မရွှင် ဖြစ်နေပြီး သူ့ရဲ့ ခြေစွမ်းပိုင်း ကိုပါ ထိခိုက်လာနိုင်တာကြောင့် ပေါ်တူဂီ ကြယ်ပွင့်က အသင်း ပြောင်းရွှေ့ဖို့ စဉ်းစားခဲ့ကာ အသင်းဘက်ကလည်း သူတို့ လိုချင်တဲ့ ပမာဏ ရရှိမှသာ လက်လွှတ်ခံမယ်လို့ တုံ့ပြန်ထားပါတယ်။

ပရီးမီးယား လိဂ်
အက်စတန် ဗီလာ
လိဒ် ယူနိုက်တက်
1X2 သရေ (Draw) @ 3.35
ဂိုးပေါင်း 2-3 @ 1.96
ဂိုးပေါ် 2.75 @ 2.05
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အက်သလက်တီကိုနဲ့ ပွဲ မတိုင်ခင် ဂရစ်ဇ်မန်းကို ချီးကျူးလိုက်တဲ့ ဒမ်ဘီလီ

ဒီတပတ်မှာ ကစားရမယ့် အက်သလက်တီကိုမက်ဒရစ်နဲ့ ပွဲကြီးပွဲကောင်း မတိုင်ခင်မှာ ဘာစီလိုနာ တောင်ပံ ကစားသမား အူစမန်နီ ဒမ်ဘီလီက ပြိုင်ဘက် အသင်းက အန်တွမ် ဂရစ်ဇ်မန်းကို ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ သူတို့ နှစ်ဦးဟာ ပြင်သစ် လက်ရွေးစင်အသင်းမှာ အသင်းဖော်တွေ အဖြစ် ကစားခဲ့သူတွေ ဖြစ်ပြီး အခုတော့ ပြိုင်ဘက်တွေ အဖြစ်နဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

ဘာစီလိုနာ မှာလည်း အသင်းဖော် ဖြစ်ခဲ့ဖူးတဲ့ ဂရစ်ဇ်မန်းကို ဒမ်ဘီလီက “ ကျနော်တို့ သူနဲ့ အနီးကပ်ဆုံး နေရာမှာကို ရှိနေရပါလိမ့်မယ်၊ ဘာလို့လဲ ဆိုတော့ သူက တကယ်ကို အန္တရာယ်များတဲ့ ကစားသမားပါ၊ သူက အရမ်းကောင်းတဲ့ ပေးပို့မှုတွေကို ပြုလုပ်ပေးနိုင်ပြီး လက်ရှိမှာလည်း ခြေစွမ်းကောင်း ရနေတာပါ၊ ဒါကြောင့် သူ့ကို လူကပ် ကစားရမှာပါ” လို့ ပြောဆိုခဲ့တာပါ။ ဂရစ်ဇ်မန်းဟာ ကမ္ဘာ့ဖလားမှာ ပြင်သစ် အတွက် ခြေစွမ်းပြခဲ့သူဖြစ်ပြီး အသင်း အတွက် အားထားရတဲ့သူ ဖြစ်ခဲ့ပါတယ်။ ဒီရာသီမှာလည်း အေတီကို အတွက် သူက ပြိုင်ပွဲစုံသွင်းဂိုး ၆ ဂိုးနဲ့ ဖန်တီးမှုပေါင်း ၈ ကြိမ် အထိ ပြုလုပ်ပေးထားကာ အဓိကကစားသမား အဖြစ်နဲ့ ရပ်တည်နေပြီး အသင်းဟောင်း ဘာစီလိုနာကို ကောင်းကောင်း ဒုက္ခပေးနိုင်မယ့် ခြေစွမ်းမျိုး ပိုင်ဆိုင်ထားပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်