နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဘောလုံး အသင်း နှစ်သင်း အဖြစ် ရီးရဲလ်နဲ့ မန်စီးတီးကို ရွေးချယ်ခဲ့တဲ့ မက်ဆီ | လာလီဂါ

လာလီဂါ ကလပ် ဘာစီလိုနာရဲ့ ဂန္ထဝင် ကစားသမား လီယွန်နယ် မက်ဆီ ကတော့ လက်ရှိ ကမ္ဘာ့ဘောလုံး လောကရဲ့ အကောင်းဆုံး နှစ်သင်း အဖြစ် ရီးရဲလ်မက်ဒရစ်နဲ့ မန်စီးတီး တို့ကို ရွေးချယ်သွားခဲ့ပါတယ်။ 

မက်ဆီဟာ လာလီဂါ စည်းမျဉ်းတွေကြောင့် သူ့ရဲ့ စာချုပ်ကို မှတ်ပုံမတင်နိုင်ခဲ့ပဲ ဘာစီလိုနာ ကနေ ရုတ်တရက် ထွက်ခွာသွားခဲ့တာ ၃ နှစ်ပြည့်တော့မှာလည်း ဖြစ်ပါတယ်။ မက်ဆီဟာ လာလီဂါ ကလပ် ကနေ ထွက်ခွာလာပြီးနောက ပြင်သစ် လီဂူးဝမ်း ထိပ်သီး ပီအက်စ်ဂျီကို နှစ်နှစ် စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပြီး ၂၀၂၃ ခုနှစ် မှာတော့ မေဂျာလိဂ် ကလပ် အင်တာမိုင်ယာမီကို ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။ 

infobaeနဲ့ အင်တာဗျူး တစ်ခုမှာ မက်ဆီက လက်ရှိ ကမ္ဘာ့အကောင်းဆုံး အသင်း နှစ်သင်းကို ရွေးချယ်ခဲ့ရာမှာ ရီးရဲလ်မက်ဒရစ်ကို အံ့အားသင့်ဖွယ် ရွေးချယ်ပြီး ဘာဆာ ပရိသတ်တွေကို စိတ်ပျက်စေခဲ့တာ ဖြစ်ပါတယ်။ မက်ဆီက “ကမ္ဘာ့အကောင်းဆုံး အသင်းလား။ လက်ရှိ ဥရောပ ချန်ပီယံ ရီးယဲလ်မက်ဒရစ်ပါ။ အချက်အလက်နဲ့ ရလဒ်တွေ အကြောင်း ပြောရင် ရီးယဲလ်မက်ဒရစ်က အကောင်းဆုံးပါ” လို့ မက်ဆီက ပြောကြားခဲ့တာပါ။ 

ဒါပေမယ့်လည်း အာဂျင်တီးနား အသင်းခေါင်းဆောင်က မန်စီးတီးနဲ့ အတူ ဆုဖလားတွေ ရယူထားနိုင်ခဲ့တဲ့ မန်နေဂျာဟောင်း ပက်ဂွာဒီယိုလာ ကိုလည်း ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ မက်ဆီက “ကျွန်တော်တို့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ပြောရင် ပပ် ဦးဆောင်တဲ့ မန်စီးတီးက အကောင်းဆုံးပါပဲ” လို့ မက်ဆီက ဆက်လက် ပြောကြားခဲ့ပါတယ်။ 

ဂွာဒီယိုလာရဲ့ မန်ချက်စတာစီးတီးဟာ ဒီရာသီ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်မှာ ရီးရဲလ်မက်ဒရစ်ကို ပင်နယ်တီနဲ့ ရှုံးနိမ့်ပြီး ထွက်ခဲ့ရတာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် ကတော့ မန်စီးတီးကို ကျော်ဖြတ်ပြီးနောက် ဘေယန်မြူးနစ်နဲ့ ဒေါ့မန် တို့ကို ထပ်မံ ကျော်ဖြတ်ကာ ချန်ပီယံလိဂ် ချန်ပီယံဘွဲ့ကို ၁၅ ကြိမ်မြောက် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

မက်ဆီဟာ ဘာစီလိုနာ ကနေ ထွက်ခွာခါနီးမှာ သူ့ရဲ့ နည်းပြဟောင်း ဖြစ်ခဲ့တဲ့ ဂွာဒီယိုလာရဲ့ ကလပ် မန်ချက်စတာစီးတီးကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း မက်ဆီဟာ နူးကမ့်ပ်မှာသာ စာချုပ်သက်တမ်းကုန်တဲ့ အထိ နောက်ထပ် တစ်ရာသီ ဆက်နေခဲ့ပါတယ်။မက်ဆီဟာ လာလီဂါ ကလပ် ဘာစီလိုနာ ကနေ ထွက်ခွာပြီးနောက် ၂၀၂၂ ခုနှစ်မှာ အာဂျင်တီးနား အသင်းနဲ့ အတူ ကမ္ဘာ့ဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အဲ့နောက် တစ်ဦးချင်း အောင်မြင်မှု အဖြစ် ၇ ကြိမ် မြောက် ဘယ်လွန်ဒေါဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် ဇူလိုင်မှာ မေဂျာလိဂ် ကလပ် အင်တာမိုင်ယာမီကို ရောက်ရှိခဲ့တဲ့ မက်ဆီဟာ လက်ရှိ အချိန်ထိ ပြိုင်ပွဲစုံ ၂၉ ပွဲ ကစားပြီး ၂၅ ဂိုး သွင်းယူပေးထားပါတယ်။

လက်ရှိမှာ မက်ဆီရဲ့ အင်တာမိုင်ယာမီဟာ မေဂျာလိဂ် အရှေ့ပိုင်း အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နေခဲ့ပြီးတော့ သမိုင်းသစ်တွေ ရေးထိုးဖို့ အဆင်သင့် ဖြစ်နေတာ တွေ့ရပါတယ်။ မက်ဆီဟာ ကစားသမားဘဝ သက်တမ်း တစ်လျှောက် ဘာစီလိုနာမှာ ၇၆၅ ပွဲ ကစားပြီး ၆၆၆ ဂိုး၊ ပီအက်စ်ဂျီမှာ ၇၅ ပွဲ ကစားပြီး ၃၂ ဂိုး၊ အင်တာမိုင်ယာမီ မှာတော့ ၂၉ ပွဲ ကစားပြီး ၂၅ ဂိုး သွင်းယူပေးထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်