နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အခုနွေရာသီမှာပဲ ရီးရဲလ်ကို ရောက်ဖွယ်ရှိနေတဲ့ အမ်ဘာပေး (လာလီဂါ သတင်းများ)

countdown banner

ဒီတစ်ခါ မှာတော့ ဇွန်လ ၂၆ ရက်နေ့ ညနေခင်း အထိ ရရှိထားသမျှ လာလီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အခုနွေရာသီမှာပဲ ရီးရဲလ်ကို ရောက်ဖွယ်ရှိနေတဲ့ အမ်ဘာပေး

မက်ဒရစ် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီ တိုက်စစ်မှူး ကီလီယန် အမ်ဘာပေးဟာ အခုနွေရာသီမှာပဲ ရီးရဲလ်ကို ရောက်ဖွယ် ရှိနေပါတယ်။ အမ်ဘာပေးက အသင်းမှာ တစ်နှစ် ဆက်ရှိနေမယ်လို့ ပြောထားပေမယ့် ပီအက်စ်ဂျီ ကတော့ အလွတ်နဲ့ ထွက်ခွင့်မပေးနိုင် ဖြစ်နေပါတယ်။ 

ဒါကြောင့် အမ်ဘာပေး အတွက် ပြောင်းရွှေ့ကြေးကို ယူရိုသန်း ၂၅၀ အထိ သတ်မှတ်ထားကာ အပိုဆုကြေး ယူရိုသန်း ၅၀နဲ့ စုစုပေါင်း ယူရိုသန်း ၃၀၀ ရရင် ရောင်းထုတ်မှာ ဖြစ်ပါတယ်။ ရီးရဲလ် ကတော့ စာချုပ်ကုန်ဆုံးခါနီး ကစားသမားကို ဒီပမာဏ ပေးမှာ မဟုတ်ပေမယ့် အခြား အသင်းတွေက ခေါ်ယူသွားမယ့် အရေးက ရှိနေပါသေးတယ်။ 

စပိန် ဂျာနယ်လစ် အများစု ကလည်း အမ်ဘာပေးက ရီးရဲလ်ကို ရောက်လာလိမ့်မယ်လို့ ခံစားရကြောင်း ရေးသားနေကြပါတယ်။ လာလီဂါ ကလပ် အနေနဲ့ ပြောင်းရွှေ့ကြေးကို ညှိနှိုင်းပြီး ခေါ်ယူမယ် ဆိုရင် ဖြစ်လာနိုင်ချေ ရှိနေတာလည်း ဖြစ်ပါတယ်။ 


ဂိုးတွေ အများကြီး သွင်းနိုင်အောင် ကြိုးစားမယ်လို့ ဟိုဆေးလူ ပြောဆို

ဒါကြောင့် ဟိုဆေးလူကို လာလီဂါ အသင်းဟောင်း ရီးရဲလ်က ပြန်လည် ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရာသီက အက်စ်ပန်ညို အတွက် လိဂ်ဂိုး ၁၆ ဂိုး သွင်းယူပေးထားတဲ့ ဟိုဆေးလူ

ရီးရဲလ်မက်ဒရစ်ကို ပြန်လည် ပြောင်းရွှေ့နိုင်ခဲ့တဲ့ တိုက်စစ်မှူး ဟိုဆေးလူက လာမယ့် ရာသီမှာ အသင်း အတွက် သူ ဂိုးတွေ အများကြီးရအောင် ကြိုးစားမယ်လို့ ပြောဆိုလိုက်ပါတယ်။ အသက် ၃၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ စပိန်သားဟာ ပြီးခဲ့တဲ့ ရာသီက အက်စ်ပန်ညို အတွက် လိဂ်ဂိုး ၁၆ ဂိုး အထိ ရရှိခဲ့တာပါ။ 

ဒါကြောင့် ဟိုဆေးလူကို လာလီဂါ အသင်းဟောင်း ရီးရဲလ်က ပြန်လည် ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဟိုဆေးလူက “ အသင်းမှာ ရှိပြီးသား ကစားသမားတွေနဲ့ ကျနော်က တူညီမှာ မဟုတ်ပါဘူး။ အန်ဆယ်လော့တီက ကျနော့်ကို သင်ပေးသမျှနဲ့ ရာသီကြို ပထမလတွေမှာ သင်ယူရမယ့် အရာတွေက အကျိုးရှိမှာပါ”

“ ဂိုးတွေ သွင်းတာက မွေးရာပါ အလုပ်တစ်ခုပါပဲ၊ ဒါက ဘောလုံးသမားတိုင်း ပိုင်ဆိုင်ထားတာ မဟုတ်ပါဘူး၊ ပြီးခဲ့တဲ့ ရာသီတွေမှာ ကျနော် ဂိုးတွေ နည်းနည်း ပိုသွင်းနိုင်ခဲ့လို့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ 


မက်ဆီ နောက်ကို လိုက်သွားတဲ့ ဘူးစကွက်စ်

2023 ကွန်ကာကတ်ဖ် ရွှေဖလား
ကော့စတာရီကာ
ပနားမား
1X2 သရေ (Draw) @ 3.05
ဂိုးပေါ် 2.00 @ 1.94
ဂိုးပေါင်း 2-3 @ 1.86
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဘာစီလိုနာ ကနေ ထွက်ခွာခဲ့ပြီး ဖြစ်တဲ့ ကွင်းလယ်လူ ဆာဂျီယို ဘူးစကွက်စ်ဟာ မေဂျာလိဂ် ကလပ် အင်တာ မိုင်ယာမီကို ပြောင်းရွှေ့ခဲ့ပြီ ဖြစ်ပါတယ်။ ကစားသမားနဲ့ သဘောတူညီမှု ရရှိခဲ့ကာ အင်တာ မိုင်ယာမီတို့ လာလီဂါ ကလပ် ဆီကနေ အလွတ်နဲ့ ခေါ်ယူနိုင်ခဲ့တာပါ။

ဘူးစကွက်စ်ဟာ လီယွန်နယ် မက်ဆီနဲ့ အသင်းဖော်တွေ အဖြစ် ပြန်လည် ဆုံဆည်းရတော့မှာလည်း ဖြစ်ပါတယ်။ သူတို့ နှစ်ဦးက ဘာစီလိုနာမှာ အတူတူကစားခဲ့ကြဖူးပြီး အခုတော့ အမေရိကမှာ နောက်ထပ် တစ်ကြိမ် ပြန်လည် ဆုံဆည်းရတော့မှာ ဖြစ်ပါတယ်။ ဘူးစကွက်စ်ကို ဆော်ဒီ ကလပ်တွေက ကမ်းလှမ်းခဲ့ပေမယ့် ငြင်းဆန်ခဲ့ပါတယ်။ မေဂျာလိဂ် ကိုသာ ပြောင်းရွှေ့ချင်နေခဲ့ပြီး မက်ဆီနဲ့လည်း အတူတူ ပြန်ကစားချင်တာကြောင့် ဖြစ်ကြောင်း သိရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်