နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဒဏ်ရာကြောင့် တစ်လခွဲကြာ အနားယူရတော့မယ့် လူးကပ်စ် ဗက်ကွက်ဇ်၊ ရော်နယ်ဒင်ဟိုရဲ့ သားကို ခေါ်ယူဖို့ နီးစပ်နေတဲ့ ဘာစီလိုနာ (လာလီဂါ နောက်ဆုံးရ သတင်းများ)

ဒဏ်ရာကြောင့် တစ်လခွဲကြာ အနားယူရတော့မယ့် လူးကပ်စ် ဗက်ကွက်ဇ်၊ ရော်နယ်ဒင်ဟိုရဲ့ သားကို ခေါ်ယူဖို့ နီးစပ်နေတဲ့ ဘာစီလိုနာ စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၁၃ ရက်နေ့ ညရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဒဏ်ရာကြောင့် တစ်လခွဲကြာ အနားယူရတော့မယ့် ရီးရဲလ်မက်ဒရစ် ကြယ်ပွင့်

စပိန် လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် အသင်းရဲ့ အားထားရတဲ့ ကစားသမား လူးကပ်စ် ဗက်ကွက်ဇ်ဟာ ဒဏ်ရာပြသနာကြောင့် ၆ ပတ် ကနေ ၇ ပတ်အထိ အနားယူရတော့မှာ ဖြစ်ပါတယ်။ ဒေးဗစ် အလာဘာ၊ ချူဝါမန်နီနဲ့ ဖာလန်း မန်ဒီ တို့ ဒဏ်ရာရနေတဲ့ ရီးရဲလ်မှာ ဗက်ကွက်ဇ်က ထပ်တိုးစာရင်းထဲ ဝင်လာခဲ့တာလည်း ဖြစ်ပါတယ်။

ဗက်ကွက်ဇ်ဟာ ဖေဖော်ဝါရီလ အတွင်း ကစားရမယ့် လစ်ဗာပူးလ်နဲ့ ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ပထမအကျော့ ကိုပါ လွဲချော်မှာ ဖြစ်ပါတယ်။ ဗလင်စီယာနဲ့ ကစားခဲ့တဲ့ စပိန်စူပါဖလား ဆီမီးဖိုင်နယ်မှာ ဗက်ကွက်ဇ် တစ်ယောက် ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပြီး အန်ဆယ်လော့တီ အတွက်တော့ ခေါင်းကိုက်စရာ ဖြစ်ခဲ့ရပါတယ်။

လာမယ့် ကာလ အတွင်း ပွဲကြပ်တွေ ဆက်တိုက် ကစားရဖို့ ရှိနေချိန်မှာ ကစားသမား အလှည့်အပြောင်း လုပ်ဖို့ လုံလောက်တဲ့ အင်အား မရှိရင် အန်ဆယ်လော့တီရဲ့ အသင်း အတွက် ရလဒ်ပိုင်း စိုးရိမ်စရာတွေ ဖြစ်လာနိုင်ပါတယ်။ လက်ရှိ မှာလည်း ရီးရဲလ်ဟာ ကမ္ဘာ့ဖလားပြီး ကတည်းက ပုံမှန် ခြေစွမ်း ပျောက်ဆုံးနေခဲ့ပြီး လာလီဂါမှာ ခြေချော်မှုတွေလည်း ရှိနေခဲ့ပါတယ်။

ပရီးမီးယား လိဂ်
မန်ချက်စတာ ယူနိုက်တက်
မန်ချက်စတာစီးတီး
1X2 မန်ချက်စတာစီးတီး @ 1.89
မန်ချက်စတာ ယူနိုက်တက် အာရှ ဟန်းဒီးကပ် +0.50 @ 2.04
ဂိုးပေါ် 2.75 @ 1.93
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ရော်နယ်ဒင်ဟိုရဲ့ သားကို ခေါ်ယူဖို့ နီးစပ်နေတဲ့ ဘာစီလိုနာ

ဘာစီလိုနာ ကတော့ အသင်းရဲ့ ဂန္ထဝင်ကစားသမားကြီး ရော်နယ်ဒင်ဟိုရဲ့ သားဖြစ်သူ ယာအို မန်ဒက်စ်ကို ခေါ်ယူဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ တိုက်စစ်ကစားသမား တစ်ဦး ဖြစ်တဲ့ ယာအို မန်ဒက်စ်ဟာ ဆယ်ကျော်သက် အရွယ်သာ ရှိသေးပြီး ဖခင် ဖြစ်သူရဲ့ ခြေရာကို လိုက်နင်းနိုင်မလား ဆိုတာ အားလုံးက စိတ်ဝင်စားနေကြပါတယ်။

အသက် ၁၄ နှစ် အရွယ်သာ ရှိသေးပြီး ခရူဇီယို လူငယ်အသင်းမှာ ကစားခဲ့ဖူးပြီး လက်ရှိမှာတော့ အသင်းနဲ့ စာချုပ် ဖျက်သိမ်းထားခဲ့ပါတယ်။ ဒါကြောင့် ဘာစီလိုနာက သူ့ကို ခြေစွမ်းပိုင်း စမ်းသပ်ဖို့ အတွက် လုပ်ဆောင်နေပြီး ကျေနပ်တယ် ဆိုရင်တော့ အသင်း အတွက် ခေါ်ယူမှာဖြစ်ကာ ဒီအတွက်လည်း ငွေကြေး တပြား တချပ်မှ ကုန်ကျမှာ မဟုတ်ဘူးလို့ သိရပါတယ်။

မန်ဒက်စ်ကို လာမာစီယာ အကယ်ဒမီမှာ လေ့ကျင့်သင်ကြားစေမှာ ဖြစ်ပြီး ဘာဆာ အတွက် နောက်ထပ် ရော်နယ်ဒင်ဟို တစ်ဦးကို ထပ်မံ မွေးထုတ်ပေးနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ရော်နယ်ဒင်ဟို ကတော့ လာလီဂါ ထိပ်သီး ကလပ် အတွက် ထူးရှယ် ခြေစွမ်းပြခဲ့သူ ဖြစ်ပြီး အောင်မြင်မှု အများအပြား ရယူပေးနိုင်ခဲ့ကာ ပရိသတ် အချစ်တော် ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။


ပင်နယ်တီနဲ့ စပိန်စူပါဖလား ဗိုလ်လုပွဲ တက်ခဲ့တဲ့ ဘာစီလိုနာ

ရီးရဲလ်မက်ဒရစ်က ဗလင်စီယာကို အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်ရောက်ခဲ့ချိန်မှာ ဘာစီလိုနာ ကလည်း ရီးရဲလ် နည်းတူ ဘက်တစ်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ပါတယ်။ ပွဲချိန် အစောပိုင်းမှာကတည်းက ဘာစီလိုနာတို့ ဦးဆောင်ဂိုး ရခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ခွင့်မပြုခဲ့ဘဲ မိနစ် ၄၀ မှာ ရောဘတ် လီဝမ်ဒေါစကီးက အဖွင့်ဂိုး သွင်းယူပေးခဲ့ပါတယ်။

ဒါပေမယ့်လည်း ၇၇ မိနစ်မှာ နဘီလ် ဖက်ကီယာက ဘက်တစ် အတွက် ချေပပေးခဲ့လို့ အချိန်ပို အထိ ဆက်ကစားခဲ့ရပြီး အချိန်ပို ၉၃ မိနစ်မှာ အန်ဆု ဖာတီက ဦးဆောင်ဂိုး ထပ်သွင်းခဲ့ပါတယ်။ ဒါပေမယ့် ဘက်တစ်က ပွဲပြီးခါနီးမှာ ဂွာဒါဒိုရဲ့ ဂိုးနဲ့ ပြန်လည် ချေပနိုင်ခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပြီး ဘာစီလိုနာက ၂-၄ နဲ့ အနိုင်ရသွားခဲ့ပါတယ်။

စပိန်စူပါဖလား ဆီမီးဖိုင်နယ် ၂ ပွဲ စလုံးက ပုံမှန် ကစားချိန်အတွင်းမှာ ၁-၁ ရလဒ်တွေနဲ့ ပြီးဆုံးခဲ့ပြီး ပင်နယ်တီ အဆုံးအဖြတ်တွေ ခံယူခဲ့ရတာပါ။ ဗိုလ်လုပွဲ ကိုတော့ လာမယ့် ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ကစားသွားမှာ ဖြစ်ပါတယ်။ ဆော်ဒီမှာ အယ်လ်ကလက်စီကို ပွဲစဉ် တစ်ပွဲကို မြင်တွေ့ရဦးမှာ ဖြစ်ပြီး ဘယ်အသင်းက ဆုဖလား ရယူသွားနိုင်မလဲ ရင်ခုန်စရာတော့ ကောင်းနေခဲ့ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်