ပိုလန် ဝါရင့် တိုက်စစ်မှူးကြီး ရောဘတ် လီဝမ်ဒေါစကီး ကတော့ လာလီဂါ ကလပ် ဘာစီလိုနာ အတွက် ခြေစွမ်းပြ ကစားနေသူလည်း ဖြစ်ပါတယ်။ ဒီလို ပုံစံကောင်းတွေ ပြသနေတဲ့ လီဝမ်ဒေါစကီး အနေနဲ့ မကြာခင်မှာတော့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို စွန့်လွှတ်သွားဖွယ် ရှိတဲ့ စကားမျိုး အင်တာဗျူး တစ်ခုမှာ ဖွင့်ဟ ပြောကြားလာခဲ့ပါတယ်။
ဒါပေမယ့်လည်း လီဝမ်ဒေါစကီးက သူ့အနေနဲ့ ဘောလုံးသမားဘဝကို မကြာခင်မှာပဲ အဆုံးသတ်ရနိုင်ကြောင်း အံ့အားသင့်ဖွယ် ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။ လီဝမ်ဒေါစကီးက “လက်ရှိ ကျွန်တော်ရဲ့ အသက်အရွယ်အရ လာမယ့် ၂ နှစ်လား။ ၃ နှစ်လား ဘယ်အချိန်မှာ အဆုံးသတ်မလဲ ဆိုတာ သေချာမသိသေးပါဘူး။ သေချာတာတော့ သိပ်မကြာခင်မှာ သိရပါလိမ့်မယ်။ အဲ့ဒီအခါကျရင်တော့ အဆုံးသတ်ရမှာ အသေအချာပါပဲ။ အနားယူမယ့် ကိစ္စ ကိုလည်း အားလုံးကို မပြောချင်သေးပါဘူး။ ကျွန်တော့် ကိုယ် ကျွန်တော်ပဲ အသိပေးချင်ပါတယ်။ တစ်နေ့မှာ အိပ်ရာ ကနေ ကျွန်တော် နိုးထလာတဲ့ အချိန် အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေဆီ သွားဖို စိတ်မပါတော့ဘူး ဆိုရင်တော့ အဲ့ဒီအခါကျရင် ကစားသမား ဘဝ ကနေ အနားယူဖို့ အတွက် ပထမဦးဆုံး အကြိမ် အဖြစ် စတင် စဉ်းစားလာမိနိုင်ပါတယ်။ အခုကတော့ မနက်တိုင်းလိုလို ကျွန်တော့်ရဲ့ ခံစားချက်တွေ ကောင်းမွန်နေပါတယ်။ နာကျင်မှုလည်း ဘာမှ မခံစားရဘူး။” လို့ ပြောကြားသွားခဲ့ပါတယ်။
ဆက်လက်ပြီး လီဝမ်ဒေါစကီးက“နောက်ပြီးတော့ ကလပ် အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေဆီ သွားရောက်ဖို့ အတွက်လည်း ကျွန်တော် စိတ်အားထက်သန်နေပါသေးတယ်။” လို့ လီဝမ်ဒေါစကီးက ဖွင့်ဟသွားခဲ့ပါတယ်။ လီဝမ်ဒေါစကီးက လာလီဂါ ကလပ် ဘာစီလိုနာနဲ့ ၂၀၂၆ ခုနှစ် အထိ တစ်နှစ် သက်တမ်းတိုးခွင့် စာချုပ်သက်တမ်း ကျန်ရှိနေပြီး အသင်းမှာ စာချုပ် ကုန်ဆုံးချိန် အထိ ဆက်ရှိသွားဖွယ် ရှိနေပါတယ်။
လက်ရှိမှာ အသက် ၃၆ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ပိုလန် လက်ရွေးစင် ဝါရင့် တိုက်စစ်မှူးကြီး ရောဘတ် လီဝမ်ဒေါစကီးဟာ ဘေယန်မြူးနစ် ကနေ ဘာစီလိုနာကို ပြောင်းရွှေ့ချိန်ကတည်းက သူရဲ့ အကောင်းဆုံး ပုံစံကို ဆက်လက် ပြသနေသူ ဖြစ်ပါတယ်။ ဒါ့အပြင် ပိုလန်သားကြီးက ဒီရာသီမှာလည်း ဘာစီလိုနာ အတွက် လာလီဂါ အပါအဝင် ပြိုင်ပွဲစုံ ၁၇ ပွဲ ကစားပြီး ၁၉ ဂိုး သွင်းယူထားနိုင်ပါတယ်။ လီဝမ်ဒေါစကီးဟာ အသက်အရွယ်အားဖြင့်တော့ ကစားသမားဘဝ နေဝင်ချိန်ကို ရောက်ရှိနေပေမယ့် ၃၆ နှစ်နဲ့ မလိုက်ဖက်အောင် ဂိုးသွင်းနှုန်းက ကောင်းမွန်ဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် လီဝမ်ဒေါစကီးဟာ နည်းပြသစ် ဟန်ဆီ ဖလစ်ခ်နဲ့ အတူ အခုနှစ်ရဲ့ လာလီဂါ ချန်ပီယံဆု ရယူနိုင်ဖို့လည်း အခြေအနေ ကောင်းနေပြီး ရွှေဖိနပ်ဆုလည်း မျှော်လင့်နိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။
လီဝမ်ဒေါစကီးဟာ လာလီဂါ ကလပ် ဘာစီလိုနာ အတွက် ပြိုင်ပွဲစုံ ၁၁၂ ပွဲ ကစားပြီး ၇၈ ဂိုး သွင်းယူခဲ့ပါတယ်။ ဘာစီလိုနာကို မရောက်ခင် လီဝမ်ဒေါစကီးက ဒေါ့မန်မှာ ၁၈၇ ပွဲ ကစားပြီး ၁၀၃ ဂိုး သွင်းယူခဲ့သလို ဘေယန်မြူးနစ် မှာတော့ ၃၇၅ ပွဲ ကစားပြီး ၃၄၄ ဂိုး သွင်းယူခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.