နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ (လာလီဂါ)

အခုတစ်ခါ မှာတော့ SBOTOP ဘောလုံး ပရိသတ်တွေ အတွက် လာလီဂါ ကလပ်တွေရဲ့ စိတ်ဝင်စားစရာ နောက်ဆုံးရ ကစားသမား အပြောင်းအရွှေ့ သတင်းတွေကို ဆက်လက် ဖော်ပြပေးမှာ ဖြစ်ပါတယ်။
ဘာစီလိုနာရဲ့ အဓိက ပစ်မှတ် ဖြစ်နေဆဲ အာလင်း ဟာလန်း

ဥရောပ ထိပ်သီး ကလပ် အများစုက ခေါ်ယူဖို့ စိတ်ဝင်စားနေကြတဲ့ အာလင်း ဟာလန်းဟာ လာလီဂါ ကတ်တာလန် ထိပ်သီး ဘာစီလိုနာရဲ့ အဓိက ပစ်မှတ် ကစားသမား ဖြစ်နေဆဲလို့ သိရပါတယ်။ မန်ချက်စတာစီးတီး၊ ရီးရဲယ်မက်ဒရစ်နဲ့ ဘေယန်မြူးနစ်တို့ အပြိုင် စိတ်ဝင်စားနေတဲ့ အာလင်းဟာလန်းဟာ လက်ရှိမှာ မန်ချက်စတာစီးတီးနဲ့ အသံအကျယ်လောင်ဆုံး ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘာစီလိုနာ ဥက္ကဌ လာပေါ်တာ ကိုယ်တိုင်က ဟာလန်းကို ခေါ်ယူဖို့ ခက်ခဲနိုင်ပေမယ့် မဖြစ်နိုင်တာ မရှိဘူး ဆိုပြီး ပြောကြားထားပါသေးတယ်။ သတင်းတွေအရ ဆိုရင်တော့ ဘာစီလိုနာ ဘက်က အာလင်းဟာလန်းကို ခေါ်ယူနိုင်ဖို့ ဘယ်လို ငွေကြေး ပမာဏမဆို ပေးချေဖို့ အဆင်သင့် ဖြစ်နေတယ် လို့တောင် သိရပါတယ်။

တစ်ဆက်တည်းမှာပဲ ဘာစီလိုနာဟာ တောင်ပံ ကစားသမား အူစမန်နီ ဒမ်ဘီလီကို အသင်းမှာ ဆက်ထိန်းထားနိုင်ဖို့ လိုလားနေတယ်တို့ ESPN ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ဇာဗီ အသင်းကို မရောက်ခင် ကတည်းက ဒမ်ဘီလီ အနေနဲ့ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်းတိုးဖို့ ငြင်းဆန်ထားခဲ့ပေမယ့် လက်ရှိမှာ ပုံမှန် ပွဲထွက်ခွင့် ပြန်လည် ရရှိလာတာကြောင့် အခြေအနေ တမျိုးတဖုံ ပြောင်းလဲသွားနိုင်ဖွယ် ရှိနေတာ ဖြစ်ပါတယ်။ အသက် ၂၄ နှစ် အရွယ် ပြင်သစ် တောင်ပံ ကစားသမား ဒမ်ဘီလီ ဟာ လာမယ့် ၂၀၂၂ ခုနှစ် နွေရာသီမှာ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ရှိနေသူ ဖြစ်ပါတယ်။

မကြာသေးတဲ့ အချိန်ကလည်း လိဒ်စ်ယူနိုက်တက်နဲ့ စာချုပ်သက်တမ်းတိုးဖို့ ငြင်းဆန်ထားတဲ့ ရာဖင်ညာကို ချိတ်ဆက်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ထားခဲ့ပါသေးတယ်။ ရာဖင်ညာဟာ လိဒ်စ်ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ၂ နှစ်ခွဲ ကျန်ရှိနေပြီး စာချုပ် ဖျက်သိမ်းကြေး ပေါင်သန်း ၆၀ နီးပါး ရှိသူလည်း ဖြစ်ပါတယ်။


ကစားသမား ၈ ဦးလောက် ထွက်ခွာခွင့်ပေးဖို့ ရှိနေတဲ့ ရီးရဲယ်မက်ဒရစ်

နောက်ထပ် လာလီဂါ ထိပ်သီး အသင်း တစ်သင်း ဖြစ်တဲ့ ရီးရဲယ်မက်ဒရစ် ကတော့ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ကစားသမား ၈ ဦးလောက် အထိ ထွက်ခွာခွင့်ပေးသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။
အသင်းရဲ့ ခံစစ် အားနည်းချက် အတွက် အူပါမီကာနိုနဲ့ ဖြည့်တင်းဖို့ ကြိုးပမ်းမယ့် ရီးရဲယ်မက်ဒရစ်

နောက်ထပ် လာလီဂါ ထိပ်သီး အသင်း တစ်သင်း ဖြစ်တဲ့ ရီးရဲယ်မက်ဒရစ် ကတော့ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ကစားသမား ၈ ဦးလောက် အထိ ထွက်ခွာခွင့်ပေးသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ ရီးရဲယ်မက်ဒရစ်ရဲ့ အရောင်းစာရင်း မှာတော့ အီဒင်ဟာဇက်၊ အစ္စကို၊ မာဆယ်လိုနဲ့ လူကာယိုဗစ် တို့လို နာမည်ကြီး ကစားသမားတွေ ပါဝင်နေတယ်လို့ စပိန်ကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ရီးရဲယ်မက်ဒရစ် ဥက္ကဌ ဖလော်ရန်တီနို ပီရက်ဇ် အနေနဲ့ ဒေါ့မန် အသင်းရဲ့ လူငယ် ကြယ်ပွင့် အာလင်းဟာလန်းနဲ့ ပီအက်စ်ဂျီက ကီလီယန် အန်ဘာပေး နှစ်ဦးစလုံး ခေါ်ယူဖို့ မျက်စိကျနေတယ်လို့ သိရပြီး ပြင်သစ် တိုက်စစ်မှူးနဲ့ ကတော့ အစောပိုင်းမှာ ကတည်းက အသံကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ ရီးရဲယ်မက်ဒရစ် အနေနဲ့ ဂျာမန်ထိပ်သီး ဘေယန်မြူးနစ် နောက်ခံလူ ဒါးယော့တ် အူပါမီကာနို ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ အူပါမီကာနိုဟာ မနှစ်က နွေရာသီ အပြောင်းအရွှေ့ ကမှ လိုက်ပ်ဇစ် ကနေ ဘေယန်မြူးနစ် အသင်းထံ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ဂျာမန် ထိပ်သီး ဘက်ကလည်း ပြင်သစ် နောက်ခံလူကို အသင်းမှာ ဆက်ထိန်းထားဖို့ လိုလားနေတယ်လို့ သိရပါတယ်။

ပရီးမီးယား လိဂ်
လီဗာပူးလ်
ဝက်ဖို့ဒ်
ဂိုးပေါ် 3.50 @ 1.86
1X2 လီဗာပူးလ် @ 1.13
ဂိုးပေါင်း 2-3 @ 2.43
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ကမ်ပါနာကို စိတ်ဝင်စားနေတဲ့ အက်တလက်တီကို မက်ဒရစ်

လာလီဂါ လက်ရှိ ချန်ပီယံ အက်တလက်တီကို မက်ဒရစ် အသင်း ကတော့ လီဗန်တေး တိုက်စစ်မှူး ဂျိုဆေး ကမ်ပါနာကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ စာချုပ်ပါ အချက်အလက်တွေအရ အသက် ၂၈ နှစ် အရွယ် စပိန် တိုက်စစ်မှူး အနေနဲ့ အကယ်၍ လီဗန်တေး သာ တန်းဆင်းသွားခဲ့ရင် အငှားနဲ့ ထွက်ကစားခွင့်ရှိသူ ဖြစ်ပါတယ်။ ဒါကြောင့် ဒီယေဂို ဆီမြွန်နီ အနေနဲ့ ကမ်ပါနာကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အငှားနဲ့ အရင် ခေါ်ယူပြီးမှာ အပြီးသတ် စာချုပ်ချုပ်ဆိုဖို့ ကြိုးပမ်းမယ့် သဘော ရှိနေတယ်လို့ AS က ဖော်ပြပါတယ်။ လက်တလော အက်တလက်တီကို မက်ဒရစ် တိုက်စစ်မှာ လူးဝစ် ဆွာရက်ဇ်၊ ဂရစ်ဇ်မန်း၊ ကွန်ဟာ၊ ဂျာအိုဖီးလစ်၊ အိန်ဂျယ်ကော်ရီယာ တို့ ရှိနေပေမယ့် ဆီမြွန်နီ ကတော့ တိုက်စစ်မှူး တစ်ဦး ထပ်မံ ဖြည့်တင်းဖို့ လိုလားနေတာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်