အခုတစ်ခါ မှာတော့ ဧပြီ ၁ ရက်နေ့ မနက်ခင်း အထိ နောက်ဆုံး ရရှိထားသမျှ စိတ်ဝင်စားဖွယ် လာလီဂါ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
လစ်ဗာပူးလ် ပစ်မှတ် ဂါဗီကို အသင်းမှာ ဆက်ထိန်းချင်နေတဲ့ ဘာစီလိုနာ
လာလီဂါ ထိပ်သီး ဘာစီလိုနာ အသင်း အနေနဲ့ လူငယ်ကြယ်ပွင့် ပါဘလို ဂါဗီရာကို ဆက်ထိန်းထားလိုကြောင်း သိရပါတယ်။ လစ်ဗာပူးလ် အသင်းက အဓိက ချိတ်ဆက်နေတဲ့ အသက် ၁၇ နှစ် အရွယ် စပိန် ကစားသမားဟာ ကမ္ဘာ့အကောင်းဆုံး လူငယ်ကစားသမားတွေထဲက တစ်ခု ဖြစ်ပါတယ်။ လက်တလောမှာ ဂါဗီဟာ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း ၁၂ လသာ ကျန်ရှိသူ ဖြစ်ပြီး စာချုပ် ဖျက်သိမ်းကြေး ကတော့ ယူရို သန်း ၅၀ တန်ကြေး ရှိပါတယ်။ ဘာစီလိုနာရဲ့ အားကစား ဒါရိုက်တာ အဲလ်ဗန်နီ ကတော့ ဂါဗီဟာ အသင်းမှာ ဆက်ရှိနေမှာ ဖြစ်ပြီး အန်ဆုဖာတီနဲ့ ပက်ဒရီ တို့လို ကာလရှည် စာချုပ်ချုပ်နိုင်ဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။ အန်ဆုဖာတီနဲ့ ပက်ဒရီ တို့ကတော့ ကတ်တာလန် ကလပ်နဲ့ ကာလရှည် စာချုပ်ချုပ်ဆိုထားခဲ့ပြီး စာချုပ်ဖျက်သိမ်းကြေး ကတော့ ယူရို ၁ ဘီလျံ တန်ကြေး ရှိနေကြပါတယ်။
ယူနိုက်တက်နဲ့ သတင်းတွေကို ငြင်းဆန် လိုက်တဲ့ ပါအူ တောရက်စ်
ဗီလာရီးရဲယ် နောက်ခံလူ ပါအူ တောရက်စ် ကတော့ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက် အသင်းကို ရောက်ရှိဖို့ နီးစပ်နေပြီ ဆိုတဲ့ သတင်းတွေကို ငြင်းဆန်သွားခဲ့ပါတယ်။ နာမည်ကြီး AS သတင်းဌာနရဲ့ ဖော်ပြချက်အရ အသက် ၂၅ နှစ် အရွယ် စပိန် ကစားသမားက လက်ရှိအချိန်မှာ ဗီလာရီးရဲယ်ရဲ့ ၂၀၂၄ ခုနှစ် အထိ စာချုပ် သက်တမ်းတိုးဖို့ ကမ်းလှမ်းချက် တစ်ခုသာ ရထားသေးတယ်လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။ ပါအူ တောရက်စ် ကိုတော့ လာလီဂါ ကလပ်တွေ အပြင် ယူနိုက်တက်၊ ချဲလ်ဆီးနဲ့ စပါးတို့က မျက်စိကျနေပြီး ကစားသမားရဲ့ စာချုပ် ဖျက်သိမ်းကြေး ကတော့ ပေါင် ၅၅ သန်း တန်ကြေး ရှိနေပါတယ်။ သတင်းတွေ မှာတော့ ယူနိုက်တက် အနေနဲ့ ပါအူ တောရက်စ်ကို ပေါင် ၄၅ သန်းနဲ့ စတင် ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီး ပြီးခဲ့တဲ့ ရာသီက ခေါ်ယူနိုင်ခြင်း မရှိခဲ့ပေမယ့် လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အရခေါ်ယူနိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ တန်ဟက်ဂ် အနေနဲ့ ခံစစ် ကနေ တိုက်စစ် အထိ တောက်လျောက် လိုက်ပါနိုင်တဲ့ ခံစစ်မှူး တစ်ဦး အလို ရှိနေတာ ဖြစ်ပြီး ပါအူ တောရက်စ်ဟာ ဗာရန်းနဲ့ မက်ဂွိုင်းယား တို့ကို ဖိအားပေးနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
ရီးရဲယ်မက်ဒရစ် ကနေ ထွက်ခွာတော့မှာ ဖြစ်ကြောင်း အတည်ပြု နှုတ်ဆက်သွားတဲ့ အစ္စကို
ရီးရဲယ်မက်ဒရစ် အသင်းမှာ ၉ နှစ်ကြာ ဖြတ်သန်းခဲ့တဲ့ စပိန် လက်ရွေးစင် ကွင်းလယ်လူ အစ္စကို ကတော့ အသင်း ကနေ ထွက်ခွာတော့မှာ ဖြစ်ကြောင်း အတည်ပြု ပြောကြားသွားခဲ့ပါတယ်။ အသက် ၃၀ အရွယ် အစ္စကို အနေနဲ့ နွေရာသီ အပြောင်းအရွှေ့မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်း ကနေ ထွက်ခွာမှာ ဖြစ်ကြောင်း နည်းပြ အန်ဆယ်လော့တီ ကိုယ်တိုင် မကြာသေးတဲ့ အချိန်ကပဲ အတည်ပြုထားခဲ့တာ ဖြစ်ပါတယ်။ အစ္စကိုက သူ့ အနေနဲ့ ရီးရဲယ်မက်ဒရစ်မှာ အရမ်းကောင်းတဲ့ အခိုက်အတန့်တွေ ပိုင်ဆိုင်ခဲ့ကြောင်း၊ သူ့ရဲ့ အိမ်မက်တွေကို အကောင်အထည် ဖော်ပေးခဲ့တဲ့ ကလပ်နဲ့ အဆုံးသတ်ခဲ့ပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အစ္စကိုက ရီးရဲယ်မက်ဒရစ် အသင်းရဲ့ နည်းပြ အဖွဲ့ဝင်တွေ၊ အသင်းဖော်တွေနဲ့ ဝန်ထမ်းတွေ အားလုံးကို ကျေးဇူးတင်စကား ဆိုခဲ့ပြီး နောက်ဆုံး မှာတော့ နှုတ်ဆက်သွားခဲ့ပါတယ်။ အစ္စကိုဟာ ၂၀၁၃ ခုနှစ်က မာလာဂါ ကနေ ရီးရဲယ်မက်ဒရစ် အသင်းထံ ယူရို သန်း ၃၀ နဲ့ ပြောင်းရွှေ့လာခဲ့ပြီး ချန်ပီယံလိဂ် ဖလား ၅ ကြိမ်၊ လာလီဂါ ဖလား ၃ ကြိမ်၊ ကိုပါဒယ်ရေး ၁ ကြိမ် ကိုင်မြှောက်နိုင်ခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.