နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာလီဂါ – မနက်ခင်း သတင်းများ (၂၃/၉/၂၀၂၂)

စက်တင်ဘာ ၂၃ ရက်နေ့ မနက်ခင်း အထိ နောက်ဆုံး ရရှိထားသမျှ လာလီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ကိုဗစ် ကာလ လစာလျှော့ခဲ့တာတွေကို ၃% အတိုးပေးရမယ် ဆိုတဲ့ အချက်နဲ့ ဘာဆာ ဆီက မက်ဆီ တောင်းဆိုခဲ့

ဘာစီလိုနာ ကစားသမားဘ၀ နောက်ဆုံးနှစ်မှာ အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေ လုပ်ခဲ့ရာမှာ လီယွန်နယ် မက်ဆီက တောင်းဆိုခဲ့တဲ့ အချက်အလက် တချို့ ပေါက်ကြားလာခဲ့ပါတယ်။ အဲ့ဒီ အချက်တွေထဲမှာ မက်ဆီက ကိုဗစ်ကာလမှာ လစာလျှော့ချခံခဲ့ရတဲ့ ငွေကြေးတွေကို ပြန်လည် တောင်းဆိုခဲ့ပြီး အဆိုပါ ငွေကြေးတွေ အတွက် အတိုး ၃% ပေးရမယ်လို့လည်း တောင်းဆိုခဲ့ကြောင်း သိရပါတယ်။

မက်ဆီက တောင်းဆိုခဲ့တဲ့ အချက်တွေ ကတော့ – စာချုပ်ပါ လျော်ကြေး ယူရိုသန်း ၇၀၀ နေရာမှာ ယူရို ၁၀၀၀၀ လို့ အစားထိုးပေးရမယ်။ စာချုပ်သစ်အတွက် လက်မှတ်ထိုးကြေး အနေနဲ့ ဆုကြေး ယူရို ၁၀ သန်း ပေးရမယ်။ ကိုဗစ်ကာလမှာ လစာလျှော့ယူထားတာတွေ အားလုံးကို ပြန်ပေးဖို့နဲ့ ပြန်ပေးရမယ့် ပမာဏ အတွက် အတိုး ၃% ပါ ထည့်ပေါင်းပေးရမယ်။ နူးကမ့်ကွင်းမှာ သူ့မိသားစု အပြင် ဆွာရက်ဇ်တို့ မိသားစု အတွက်ပါ သီးသန့် ပွဲကြည့်တဲ့ အခန်း ထားပေးရမယ်။ သူ့ရဲ့ အေးဂျင့် ကိုလည်း (မက်ဆီရဲ့ အဖေ) စာချုပ်ချုပ်ဆိုမှု အတွက် အပိုဆုကြေး ပေးရမယ်။ အာဂျင်တီးနားကို ပြန်ချိန်မှာ သီးသန့် လေယာဉ် စီစဉ်ပေးရမှာ ဖြစ်သလို ခရစ္စမတ်ကာလ ဆိုရင်လည်း သူ့ရဲ့ မိသားစု အတွက် ခရီးစဉ်တွေ စီစဉ်ပေးရမယ်။ စပိန် အစိုးရက အခွန်တိုးကောက်ခဲ့မယ် ဆိုရင် တိုးကောက်မယ့် အခွန်ပမာဏကို အသင်းက စိုက်ထုတ်ပေးရမယ် ဆိုတဲ့ အချက်တွေ ပါဝင်နေခဲ့ပါတယ်။

လက်ရှိမှာ လာလီဂါ ကလပ် ဘက်က ဒီလို ပေါက်ကြားမှု အတွက် ဒေါသထွက်နေပြီး ဥပဒေအရ ရင်ဆိုင်မယ်လို့ ဆိုပါတယ်။ ဒီသတင်းကို ဖော်ပြခဲ့တဲ့ စပိန်သတင်းဌာန El Mundo ကို တရားစွဲသွားဖို့လည်း ရှိတယ်လို့ သိရပါတယ်။


မေဂျာလိဂ်ကို ပြောင်းရွှေ့ဖို့ စီစဉ်နေပြီဖြစ်တဲ့ ဘူးစကွက်စ်

ဘာစီလိုနာ အသင်းခေါင်းဆောင် ကွင်းလယ်လူ ဆာဂျီယို ဘူးစကွက်စ် ဟာ လာမယ့် ရာသီမှာ မေဂျာလိဂ် ကလပ် အင်တာမိုင်ယာမီကို ပြောင်းရွှေ့ဖို့ ဆွေးနွေးနေပြီ ဖြစ်ကြောင်း သိရပါတယ်။ ဒေးဗစ် ဘက်ခမ်း ပိုင်ဆိုင်တဲ့ မေဂျာလိဂ် ကလပ်ဟာ ဟီဂူအင်၊ ကီရန်ဂစ်၊ မာတွီဒီ တို့လို နာမည်ကျော် ကစားသမားဟောင်းတွေကို ခေါ်ယူထားပြီး အခုအခါမှာ ဘူးစကွက်စ် ကိုပါ ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် မှာ ပုံမှန် ပွဲထွက်ခွင့် နည်းပါးနေတဲ့ ဘယ်လ်ဂျီယံ လက်ရွေးစင် အသင်းခေါင်းဆောင် အီဒင် ဟာဇက် အတွက် ဘယ်လို စိုးရိမ်မှုမှမရှိဘူးလို့ နည်းပြ မာတီနက်ဇ်က ပြောဆိုလိုက်ပါတယ်။
ရီးရဲယ်မက်ဒရစ် အတွက် ပွဲ ၇၀ ကစားပြီး ၇ ဂိုးသာ သွင်းယူထားနိုင်တဲ့ အီဒင် ဟာဇက်

ဘာစီလိုနာမှာ ပုံမှန်ကစားခွင့် ပျောက်ဆုံးနေတဲ့ ဘူးစကွက်စ် ကတော့ တချိန်တုန်းက ကမ္ဘာ့အကောင်းဆုံး ကွင်းလယ် ခံစစ်သမား အဖြစ် သတ်မှတ်ခံခဲ့ရသူ ဖြစ်ပါတယ်။ ဘာစီလိုနာ တစ်သင်းတည်းမှာပဲ နှစ်ပေါင်း များစွာ ကစားခဲ့သူဖြစ်ပြီး အသင်း အတွက် အောင်မြင်မှု အများအပြား ဆွတ်ခူးပေးခဲ့သူတွေထဲက တစ်ဦး ဖြစ်ပြီး လက်ရှိ မှာတော့ အသက်အရွယ်ကြောင့် ခြေစွမ်းပိုင်း ကျဆင်းနေခဲ့ပြီလည်း ဖြစ်ပါတယ်။

အသက် ၃၄ နှစ် အရွယ် ကွင်းလယ်လူဟာ ဘာစီလိုနာ နည်းပြ ဇာဗီနဲ့ အသင်းဖော်ဟောင်းတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီရာသီမှာ ဇာဗီက လူငယ်ကစားသမားတွေကို အဓိက အားထားနေပြီး ဝါရင့် ကစားသမားတွေ ဖြစ်တဲ့ ပီကေး၊ ဘူးစကွက်စ်၊ ယော်ဒီအယ်လ်ဘာ တို့ကို အရန်ကစားသမားတွေ အဖြစ်နဲ့သာ ရှိနေစေခဲ့ပါတယ်။ ဒါကြောင့် ဘူးစကွက်စ်က မေဂျာလိဂ်ကို ပြောင်းရွှေ့ပြီး သူ့ရဲ့ ကစားသမားဘ၀ နောက်ဆုံး အချိန်တွေကို ကုန်ဆုံးဖို့ ကြံစည်နေတာ ဖြစ်ပါတယ်။


ဟာဇက် အတွက် ဘာမှမစိုးရိမ်ဘူး ဆိုတဲ့ ဘယ်လ်ဂျီယံ နည်းပြ မာတီနက်ဇ်

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် မှာ ပုံမှန် ပွဲထွက်ခွင့် နည်းပါးနေတဲ့ ဘယ်လ်ဂျီယံ လက်ရွေးစင် အသင်းခေါင်းဆောင် အီဒင် ဟာဇက် အတွက် ဘယ်လို စိုးရိမ်မှုမှမရှိဘူးလို့ နည်းပြ မာတီနက်ဇ်က ပြောဆိုလိုက်ပါတယ်။ ဟာဇက် ကတော့ ချယ်လ်ဆီး ကနေ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ကတည်းက ဒဏ်ရာတွေနဲ့ နပမ်းလုံးခဲ့ရပြီး ပုံမှန် ခြေစွမ်းပျောက်ဆုံးနေခဲ့တာလည်း ၄ နှစ် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လ်ဂျီယံ မှာတော့ ဟာဇက် အနေနဲ့ အဓိက ကစားသမား အဖြစ် ပါဝင်နေရဆဲဖြစ်ပါတယ်။

ယူအီးအက်ဖ်အေ နေးရှင်းလိဂ်
အီတလီ
အဂ်လန်
1X2 အီတလီ @ 2.70
ဂိုးပေါ် 2.25 @ 2.06
ဂိုးပေါင် 0-1 @ 2.52
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

မာတီနက်ဇ်က “ သူ့အခြေအနေ ကောင်းပါတယ်၊ ခင်ဗျားတို့မှာ အမြဲတမ်း ဒီမေးခွန်းပဲ ရှိနေတယ်နော်၊ သူ ကစားချိန် လုံလောက်ရဲ့လားပဲ မေးနေတယ်၊ သူ လေ့ကျင့်ခန်းအစီအစဉ်ကို လွဲချော်ခဲ့ပေမယ့် နောက်ကွယ်မှာတော့ သူ အရမ်းကောင်းမွန်နေပါတယ်၊ ရီးရဲလ်မှာ ပွဲကစားချိန် နည်းပါးနေပေမယ့်လည်း သူ့ဆီမှာ စိတ်ဓာတ်ကောင်း ရှိနေပြီးတော့ ကွင်းထဲမှာ သူ ကောင်းကောင်း လုပ်ပြနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

ဘယ်လ်ဂျီယံ ကတော့ နိုင်ငံတကာ ပွဲစဉ် နှစ်ပွဲကစားရဖို့ ရှိပြီး ဟာဇက် အတွက်တော့ ကမ္ဘာ့ဖလားမှာ အကောင်းဆုံး ခြေစွမ်းပြနိုင်ဖို့ အတွက် အရေးပါတဲ့ ပွဲတွေ ဖြစ်ပါတယ်။ ဟာဇက် အနေနဲ့ ဒီပွဲတွေမှာ အကောင်းဆုံး ပြင်ဆင်နိုင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မာတီနက်ဇ် ကတော့ သူ့ကစားသမားကို မိနစ် ၉၀ အပြည့် ကစားနိုင်ရမယ်လို့ မရည်ရွယ်ထားကြောင်း ပြင်ဆင်ချိန် ၇ ပတ် အထိ ရသေးတာကြောင့် အချိန်ရတယ်လို့ ပြောဆိုခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်