နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကစားသမားသစ် မခေါ်နိုင်လည်း ဖြစ်တယ် ဆိုတဲ့ ဇာဗီ၊ အစ္စကိုနဲ့ စာချုပ် ဖျက်သိမ်းလိုက်တဲ့ ဆီဗီလာ (လာလီဂါ အပြောင်းအရွှေ့ သတင်းများ)

ဒီဇင်ဘာလ ၂၂ ရက် နေ့လည်ပိုင်းမှာ ရရှိထားတဲ့ လာလီဂါ အပြောင်းအရွှေ့ သတင်းတွေကို ဆက်လက် ဖော်ပြပေးမှာ ဖြစ်ပါတယ်။


ဇန်နဝါရီ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ပြောလာတဲ့ ဇာဗီ

လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဘာစီလိုနာတို့ ကစားသမားသစ် ခေါ်ယူသွားဖို့ အစီအစဉ် မရှိသေးဘူးလို့ နည်းပြ ဇာဗီ ဟာနန်ဒက်ဇ်က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ ဒါပေမယ့်လည်း ဒါဟာ သူ့ရဲ့ ဆုံးဖြတ်ချက်သာ ဖြစ်တယ်လို့ ဆိုခဲ့တာကြောင့် ဘာစီလိုနာတို့ လူသစ်ခေါ် မခေါ် ဆိုတာတော့ မသေချာသေးတဲ့ အခြေအနေ ဖြစ်ပါတယ်။

လာလီဂါ ကလပ် ဟာ ပြီးခဲ့တဲ့ ကာလတွေမှာ ဘဏ္ဍာရေး အခက်အခဲတွေ ရှိခဲ့ပေမယ့် ရာသီ အစမှာ ထိပ်တန်း ကစားသမားတွေ တော်တော်များများ ခေါ်ယူ အားဖြည့်နိုင်ခဲ့ပါတယ်။ သို့ပေမယ့်လည်း ချန်ပီယံလိဂ်မှာ အုပ်စု မတက်နိုင်ခဲ့သလို လက်ရှိ အချိန်ထိလည်း ဇာဗီရဲ့ အသင်းကို အားရစရာ ခြေစွမ်းမျိုးနဲ့တော့ မမြင်ရသေးပါဘူး။

BarcaTV နဲ့ အင်တာဗျူးမှာ ဇာဗီက “ကျနော် (မက်တေးယူ) အလီမန်နီကို ပြောထားပါတယ်။ အရမ်း မလုပ်နဲ့ဦးလို့။ အခု လောလောဆယ် ကျနော့်ရဲ့ အသင်း(မိသားစု)နဲ့ ပျော်ရွှင်နေပါတယ်။” “ကျနော်တို့ ကစားသမားသစ်တွေ ခေါ်ယူနိုင်ပါ့မလား ဆိုတာ မသိသေးပါဘူး။ ကျနော့် အထင်တော့ ကျနော်တို့ ကောင်းကောင်း ယှဉ်ပြိုင်နိုင်ပါတယ်။ အကယ်၍ ထပ်မခေါ်နိုင်ဘူး ဆိုရင်လည်း ကျနော် ပျော်ပါတယ်။” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာက လာမယ့် နှစ်သစ်ကူးည မတိုင်ခင် မြို့ခံပြိုင်ဘက် အက်စ်ပန်ညိုနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး ဒီပွဲစဉ် ကိုတော့ အဓိက တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီး မပါဝင်နိုင်ဘူးလို့ သိရပါတယ်။


၁၈ နှစ်သား စပိန် ကြယ်ပွင့်ကို ပရီးမီးယားလိဂ် ကလပ်တွေ စိတ်ဝင်စားနေ

လာလီဂါ ကလပ် ရီးရဲလ် ဗယ်လာဒိုးလစ်ရဲ့ ၁၈ နှစ်သား စပိန် ညာနောက်ခံလူ အိုင်ဗန် ဖရက်စ်နေဒါ ကိုတော့ ပရီးမီးယားလိဂ် အသင်းကြီး တော်တော်များများက စိတ်ဝင်စားနေတယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။

နောက်ဆုံးရတဲ့ သတင်းတွေမှာ ဆိုရင်တော့ ဖရက်စ်နေဒါကို ခေါ်ယူလိုနေတဲ့ အသင်းတွေထဲမှာ အာဆင်နယ်နဲ့ နယူးကာဆယ်တို့ပါ ပါဝင်လာခဲ့ပြီ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ အင်္ဂလန် အသင်းတွေ အပြင် ဂျူဗင်တပ်စ် ကလည်း ဖရက်စ်နေဒါကို ခေါ်ယူနိုင်ရေး ပြီးခဲ့တဲ့ လပိုင်းလောက် ကတည်းက ချိတ်ဆက်နေပြီး မီလန် မြို့ခံ နှစ်သင်းနဲ့လည်း သတင်းတွေ ထွက်ထားပါတယ်။

ဗယ်လာဒိုးလစ် ဘက်က စပိန် ခံစစ် ကြယ်ပွင့်ကို နည်းပါးတဲ့ ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပေးမယ် ဆိုရင်တောင် စာချုပ်ဖျက်သိမ်းကြေးက ယူရို သန်း ၃၀ တန်ကြေး ရှိနေပါတယ်။ ဖရက်စ်နေဒါဟာ ရီးရဲယ်မက်ဒရစ် လူငယ် အကယ်ဒမီထွက် ဖြစ်ပြီး ၂၀၂၀ မှာတော့ ဗယ်လာဒိုးလစ် အသင်းကို ရောက်ရှိလာခဲ့သူပါ။

အဓိက,ကတော့ ဖရက်စ်နေဒါက တိုက်စစ်ကို လိုက်ပါနိုင်သလို ကြံခိုင်မှု ရှိပြီး ပြိုင်ဘက်ဆီက ဘောလုံးလုယူနိုင်မှုလည်း ကောင်းတဲ့ အတွက် ဥရောပ ထိပ်သီး ကလပ်တွေက စိတ်ဝင်စားနေခဲ့ကြတာ ဖြစ်ပါတယ်။


အစ္စကိုနဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့တဲ့ ဆီဗီလာ

လာလီဂါ ထိပ်သီး ကလပ် ဆီဗီလာ ကတော့ သူတို့ရဲ့ စပိန် တိုက်စစ်မှူး အစ္စကို,ကို တရားဝင် စာချုပ် ဖျက်သိမ်းလိုက်ပြီလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ကမှ ရီးရဲလ်မက်ဒရစ် ကနေ ဆီဗီလာကို ပြောင်းရွှေ့လာခဲ့တဲ့ အစ္စကို

လာလီဂါ ထိပ်သီး ကလပ် ဆီဗီလာ ကတော့ သူတို့ရဲ့ စပိန် တိုက်စစ်မှူး အစ္စကို,ကို တရားဝင် စာချုပ် ဖျက်သိမ်းလိုက်ပြီလို့ သိရပါတယ်။ အစ္စကိုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ကမှ ရီးရဲလ်မက်ဒရစ် ကနေ ဆီဗီလာကို ပြောင်းရွှေ့လာခဲ့ပေမယ့် လပိုင်း အကြာမှာပဲ စာချုပ်ဖျက်သိမ်းခံလိုက်ရတာ ဖြစ်ပါတယ်။

ကလပ်ရဲ့ ထုတ်ပြန်ချက်ထဲ မှာတော့ ဆီဗီလာနဲ့ အစ္စကို တို့ဟာ နှစ်ဦး သဘောတူ စာချုပ်ဖျက်သိမ်းဖို့ သဘောတူညီမှု ရခဲ့ကြောင်း ကစားသမား အနေနဲ့လည်း ပရော်ဖက်ရှင်နယ် ကစားသမား အဖြစ် ဆက်လက် လျှောက်လှမ်းရာမှာ ကံကောင်းပါစေကြောင်း ဆုတောင်းပေးခဲ့ပါတယ်။

အကြောင်းရင်း ကတော့ အစ္စကိုဟာ ခြေစွမ်း တိုးတက်လာခြင်း မရှိသလို ကြံခိုင်မှု အားနည်းတာနဲ့ စည်းကမ်း လိုက်နာမှု အားနည်းချက်တွေကြောင့် စာချုပ်ဖျက်သိမ်းခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

တချို့သော သတင်းတွေရဲ့ ဖော်ပြချက်အရ ဆိုရင် အစ္စကိုရဲ့ ခြေချင်းဝတ် ဒဏ်ရာကြောင့် ဆိုတာ အကြောင်းပြချက် သပ်သပ်သာ ဖြစ်ပြီး တကယ်တမ်းက အစ္စကိုဟာ ဘောလုံး ဒါရိုက်တာ မွန်ချီနဲ့ ဆက်ဆံရေး အဆင်မပြေသလို ကမ္ဘာ့ဖလား ကာလ အတွင်း မှာလည်း တစ်ဦးတည်း လေ့ကျင့်ခန်း ဆင်းခဲ့ရတယ်လို့ သိရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်