နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာလီဂါ – ညနေခင်း သတင်းများ (၂၁/၉/၂၁၂၂)

စက်တင်ဘာ ၂၁ ရက်နေ့ ညနေခင်း အထိ နောက်ဆုံး ရရှိထားသမျှ လာလီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဘာကာနဲ့ သတင်းတွေ ထွက်နေပေမယ့် ပြောစရာ အဖြေ မရှိဘူးလို့ ဆိုလိုက်တဲ့ အဆန်စီယို

လာလီဂါ ပြိုင်ဘက် ဘာစီလိုနာရဲ့ စိတ်ဝင်စားမှုကို ခံနေရတယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ အပေါ်မှာ သူ့ဘက်က ပြောစရာ အဖြေမရှိဘူးလို့ ရီးရဲယ်မက်ဒရစ် ကစားသမား မာကို အဆန်စီယိုက ပြောဆိုလိုက်ပါတယ်။ စပိန် လက်ရွေးစင် ကစားသမားဟာ ဘာနေဗျူးမှာ ပုံမှန် နေရာရဖို့ ရုန်းကန်နေရသူ ဖြစ်ပြီး ဘာစီလိုနာ ဘက်က ခေါ်ယူဖို့ စိတ်ဝင်စားနေကာ လာမယ့် ဇန်နဝါရီမှာ အပြောင်းအရွှေ့ ဖြစ်ပေါ်လာမလား ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေတာ ဖြစ်ပါတယ်။ 

ဒီသတင်းနဲ့ ပတ်သက်ပြီး အဆန်စီယိုကို စပိန် သတင်းဌာန partidazocope က မေးမြန်းခဲ့ရာမှာ “ ဘာဆာက ကျနော့်ကို အလိုရှိနေတာလား၊ ကျနော်မသိဘူး၊ အသင်းအများအပြားနဲ့ ကောလဟာလတွေ ကတော့ ထွက်နေတာပဲလေ၊ ဒါက ပုံမှန်ပါပဲ၊ ကျနော် ဘာဆာ အတွက် ဘယ်တော့မှ မကစားပေးနိုင်ဘူးလား ဆိုရင်တော့ အနာဂတ်မှာ ဘာဆာနဲ့ ကစားဖို့တော့ ကျနော် ဘယ်တုန်းကမှ မတွေးဖူးဘူး”

“ ဒီတော့ ကျနော်မသိဘူးပဲ ပြောရမှာပဲ၊ လက်ရှိ မှာတော့ ကျနော့်ဆီမှာ အဖြေမရှိဘူး” လို့ ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ စျေးကွက် အတွင်းမှာ အဆန်စီယို အနေနဲ့ အသင်း ပြောင်းနိုင်ချေ ရှိခဲ့ပေမယ့်လည်း ရီးရဲလ်မှာသာ ဆက်ရှိနေခဲ့ပြီး အရန်ခုံမှာ အချိန် ကုန်ဆုံးနေရပါတယ်။ အန်ဆယ်လော့တီက ရိုဒရီဂိုနဲ့ ဗယ်လ်ဗာဒီ တို့ကို အဓိက နေရာပေးနေပြီး အဆန်စီယိုက ဒီအပေါ်မှာ မကျေမနပ်ဖြစ်နေတယ် လို့လည်း သိရပါတယ်။ 


အသင်းသား အားလုံး အရှေ့မှာ ပီကေးကို ခပ်ကြမ်းကြမ်း ဆုံးမခဲ့တဲ့ ဇာဗီ

ဘာစီလိုနာမှာ ပွဲကစားချိန် နည်းပါးလွန်းလို့ ညည်းတွား ပြောဆိုခဲ့တဲ့ နောက်ခံလူ ဂျရတ် ပီကေး တစ်ယောက် နည်းပြ ဇာဗီရဲ့ ပညာပေးခြင်းကို ခံခဲ့ရကြောင်း သိရပါတယ်။ အသက် ၃၄ နှစ် အရွယ် စပိန် နောက်ခံလူဟာ ကွင်းပြင်ပ လူမှုရေး အရှုပ်အထွေးတွေနဲ့ အတူ လာလီဂါ ကလပ် မှာလည်း ပုံမှန် ပွဲထွက်ခွင့် ပျောက်ဆုံးနေပြီး ခက်ခဲတဲ့ အချိန်ကာလတွေကို ဖြတ်သန်းနေရတာလည်း ဖြစ်ပါတယ်။ 

ဇာဗီက သူ့အသင်း ခံစစ်ပိုင်းမှာ လူငယ်ကစားသမားတွေကို ပိုမို နေရာပေးနေပြီး ပီကေး အပါအဝင် ယော်ဒီ အယ်လ်ဘာ၊ ဆာဂျီယို ဘူးစကွက်စ် တို့ကိုလည်း အရန်ခုံမှာသာ ထားရှိနေတာ ဖြစ်ပါတယ်။ အသင်း အဝတ်လဲခန်းထဲမှာ ပီကေးက ပွဲကစားချိန် နည်းနည်းပဲရလို့ ညည်းတွား ပြောဆိုနေချိန်မှာ ဇာဗီက အားလုံးရဲ့ အရှေ့မှာ “ အခုကစပြီး မင်း ဒီထက်တောင်မှ နည်းပါးတဲ့ အနေအထားနဲ့ပဲ ကစားရလိမ့်မယ်” လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။ 

ပီကေးက ဇာဗီနဲ့ တချိန်တုန်းက ဘာစီလိုနာ အသင်းဖော်တွေ ဖြစ်ခဲ့ပြီး လာလီဂါ ကလပ် ရရှိခဲ့တဲ့ အောင်မြင်မှုတွေရဲ့ အဓိက အစိတ်အပိုင်းတွေ ဖြစ်ခဲ့ကြပါတယ်။ ဒါပေမယ့် အသက်အရွယ်ကြောင့် ခြေစွမ်း ကျဆင်းလာချိန်မှာ လူငယ်တွေကို နေရာပေးလာရပြီး အကန့်အသတ်နဲ့သာ ပွဲထွက်နေရတာ ဖြစ်ပါတယ်။ ဇာဗီက အသင်းဖော်ဟောင်း ဆိုပြီး မျက်နှာသာ မပေးသလို စီနီယာ ကစားသမား ဆိုပေမယ့်လည်း အခြားသူတွေလိုပဲ တန်းတူ အခွင့်အရေးရှိတယ်လို့ သတ်မှတ်ထားပါတယ်။ 


လူမျိုးရေး ခွဲခြားသူတွေ အသင်းမှာ နေရာ မရှိစေရဘူးလို့ ကတိပြုခဲ့တဲ့ အက်တလက်တီကို

မက်ဒရစ်ဒါဘီပွဲ မတိုင်ခင်မှာ ရီးရဲလ်မက်ဒရစ် ကစားသမားတွေ ကွင်းအတွင်းဝင်ဖို့ စောင့်ဆိုင်းနေချိန်မှာ အက်သလက်တီကိုမက်ဒရစ် ပရိသတ်တချို့က ဗင်နီးစီးယပ်စ် ဂျူနီယာကို မျောက်လို့ ခေါ်ခဲ့ပါတယ်။ အဲ့ဒီ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေး ဖော်ထုတ် အရေးယူသွားမယ်လို့ အေတီကို အသင်းက ကြေညာချက် ထုတ်ပြန်ခဲ့သလို ဒီလို အပြုအမူတွေ အတွက် အသင်းမှာ နေရာ မရှိဘူးလို့တောင် ဆိုထားပါတယ်။ 

ဒီအတွက်ကြောင့် အာဏာပိုင်တွေနဲ့ ပူးပေါင်းကာ ဒီလိုပြုလုပ်ခဲ့သူတွေကို စုံစမ်း ရှာဖွေသွားမယ်လို့ ပြောဆိုခဲ့ပြီး အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိမယ် ဆိုရင် အရေးယူမှာ ဖြစ်သလို အသင်းရဲ့ အဖွဲ့ဝင်တွေ ဖြစ်မယ် ဆိုရင် ထုတ်ပယ်သွားမယ်လို့ ဆိုပါတယ်။ အေတီကို ပရိသတ်တွေဟာ ကွင်းအတွင်း မှာလည်း ရီးရဲလ်ကစားသမားတွေကို လှောင်ပြောင်ခဲ့ကြပြီး ပြိုင်ဘက်အသင်းကို ထိုးနှက် တိုက်ခိုက်ခဲ့ကြပါတယ်။ အဲ့ဒီပွဲ မှာတော့ ရီးရဲလ်က ၂-၁ နဲ့ အနိုင်ရခဲ့ပြီး အဝေးကွင်းမှာ အဖိုးတန် နိုင်ပွဲရခဲ့ပါတယ်။ အေတီကို အတွက်တော့ အသင်း အရေးနိမ့်ခဲ့တဲ့ အပြင် ပရိသတ်တွေရဲ့ အရှက်ရဖွယ် လုပ်ရပ်ကြောင့်လည်း စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရပြီး တောင်းပန်မှုတွေပါ ပြုလုပ်ခဲ့ရတာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်