နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နူးကမ့်ပ် မြက်ခင်းတွေ ရောင်းပြီး ငွေရှာတာ အလုပ်ဖြစ်ခဲ့တဲ့ ဘာစီလိုနာ (လာလီဂါ သတင်းများ)

countdown banner

ဒီတစ်ခါ မှာတော့ စက်တင်ဘာလ ၁၁ ရက်နေ့ အထိ ရရှိထားသမျှ လာလီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


နူးကမ့်ပ် မြက်ခင်းတွေ ရောင်းပြီး ငွေရှာတာ အလုပ်ဖြစ်ခဲ့တဲ့ ဘာစီလိုနာ

ပိုက်ဆံရှာဖို့ နည်းလမ်း အသစ် ရှာတွေ့ခဲ့ပြီ ဖြစ်တဲ့ ဘာစီလိုနာ ဘာစီလိုနာဟာ အသင်းရဲ့ ဘဏ္ဍာရေး အကြပ်အတည်းကို ဖြေရှင်းဖို့ အတွက် စီးပွားရေး မောင်းတံတွေကို အသုံးပြုခဲ့တာ အားလုံးအသိ ဖြစ်ပြီး လက်ရှိမှာတော့ ငွေကြေးရရှိနိုင်မယ့် နောက်ထပ် နည်းလမ်း တစ်ခုကို ရှာတွေ့ခဲ့ပြီ ဖြစ်ပါတယ်။

အထင်ကရ ဘောလုံးကွင်းကြီးဟာ မဖြစ်မနေ လိုအပ်နေတဲ့ ပြန်လည် မွမ်းမံမှုတွေ ပြုလုပ်နေတာကြောင့် နူးကမ့်ပ်ကွင်းရဲ့ အစိတ်အပိုင်းတွေဟာ ဖြိုချနေရတာ ဖြစ်ပါတယ်။ ဒါကြောင့် ဘာစီလိုနာက နာမည်ကျော် နူးကမ့်ပ် မြက်ခင်းကို အမှတ်တရ ပစ္စည်း အဖြစ်နဲ့ အွန်လိုင်းပေါ်မှာ ရောင်းချခဲ့တယ်လို့ သိရပါတယ်။ လာလီဂါ ကလပ်ရဲ့ အကြံအစည်ဟာ အောင်မြင်ခဲ့ပြီး အသင်း တရားဝင် ဝက်ဘ်ဆိုက်ပေါ်က ယူရို ၅၀ တန်နဲ့ ယူရို ၄၂၀ တန် မြက်ခင်းတွေ ရောင်းထွက်သွားခဲ့ပြီလို့ သိရပါတယ်။

ဘာစီလိုနာ ပရိသတ်တွေဟာ ၎င်းတို့ရဲ့ မြက်ခင်းပြင်ဟောင်းကို အရောင်းတင်တာက ကတ်တလန် အသင်းကြီး အတွက် ဖြစ်ရိုးဖြစ်စဉ် ကိစ္စမဟုတ်ဘူးလို့ လူမှုကွန်ရက်ပေါ်မှာ ထောက်ပြခဲ့ပြီး အက်သလက်တီကို မက်ဒရစ်နဲ့ ရီးရဲလ်မက်ဒရစ် တို့ကလည်း ၎င်းတို့ရဲ့ ကျော်ကြားတဲ့ အိမ်ကွင်းက မြက်ခင်းတွေကို ရောင်းချပြီး ပရိသတ်တွေ ဆီကနေ အကျိုးအမြတ် ရယူခဲ့ကြတာ ဖြစ်ပါတယ်။


ပေါ်တူဂီ ကြယ်ပွင့်နဲ့ ပတ်သက်တဲ့ အစီအစဉ်ကို ပြောပြခဲ့တဲ့ ဇာဗီ

ဘာစီလိုနာဟာ ယခုနွေရာသီ အပြောင်းအရွှေ့ကာလမှာ ကစားသမား ခေါ်ယူမှုတွေ အများအပြား ပြုလုပ်နိုင်ခဲ့ပေမယ့်လည်း အပြောင်းအရွှေ့ စျေးကွက် နောက်ဆုံးနေ့မှာ အလှည့်အပြောင်းတွေ အများဆုံး မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

လာလီဂါ ထိပ်သီးတို့ဟာ စျေးကွက် နောက်ဆုံးနေ့မှာ မန်စီးတီး ကြယ်ပွင့် ယာအို ကန်ဆယ်လိုနဲ့ အက်သလက်တီကိုမက်ဒရစ် ကြယ်ပွင့် ယာအို ဖီးလစ် တို့ကို အငှားနဲ့ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဘာစီလိုနာမှာ အနာဂတ် မသေချာသေးတဲ့ ဂျာအို ဖီးလစ်

လာလီဂါ ထိပ်သီးတို့ဟာ စျေးကွက် နောက်ဆုံးနေ့မှာ မန်စီးတီး ကြယ်ပွင့် ယာအို ကန်ဆယ်လိုနဲ့ အက်သလက်တီကိုမက်ဒရစ် ကြယ်ပွင့် ယာအို ဖီးလစ် တို့ကို အငှားနဲ့ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ပေါ်တူဂီ နောက်ခံလူဟာ ဇာဗီရဲ့ ယခုရာသီ ပထမဦးစားပေး ညာနောက်ခံလူ အဖြစ် ကစားသွားရမှာ ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ ယာအို ဖီးလစ်ရဲ့ အခန်းကဏ္ဍ ကတော့ မရှင်းမလင်း ဖြစ်နေခဲ့တာပါ။ ပေါ်တူဂီ ကြယ်ပွင့် တိုက်စစ်မှူးဟာ အိုဆာဆူနာနဲ့ ကစားခဲ့တဲ့ပွဲမှာ နောက်ကျ လူစားဝင် ကစားသမား အဖြစ် ပွဲဦးထွက် ပါဝင်ကစားပေးခဲ့ပေမယ့်လည်း ဇာဗီ အနေနဲ့ ပေါ်တူဂီ တိုက်စစ်မှူး အတွက် အကောင်းဆုံး နေရာကို ရှာဖွေနေရဆဲ ဖြစ်ပါတယ်။

SPORT ရဲ့ ဖော်ပြချက်အရ ဇာဗီဟာ နည်းဗျူဟာပိုင်းအရ မကြာမီအချိန်အတွင်း ယာအို ဖီးလစ် အတွက် အကောင်းဆုံး နေရာကို ရှာတွေ့သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ စပိန် နည်းပြက အက်သလက်တီကို မက်ဒရစ် ကြယ်ပွင့်ဟောင်း အနေနဲ့ အသင်းမှာ နေရာရမယ်လို့ ပြောကြားခဲ့ပေမယ့် ပုံမှန် ပွဲထွက်ခွင့်တော့ အာမခံထားခြင်းတော့ မရှိပါဘူး။


စပိန် လက်ရွေးစင် အသင်း အတွက် ပွဲဦးထွက်မှာ စံချိန် နှစ်ခု တင်နိုင်ခဲ့တဲ့ လမိုင်း ရာမယ်

ဘာစီလိုနာ ဆယ်ကျော်သက် ကြယ်ပွင့် လမိုင်း ရာမယ်ဟာ သောကြာနေ့ညက စပိန် လက်ရွေးစင်အသင်း အတွက် ပွဲဦးထွက် ပါဝင် ကစားပေးခဲ့ပြီးနောက် အသက်အငယ်ဆုံး ပွဲဦးထွက်သူနဲ့ အသက်အငယ်ဆုံး ဂိုးသွင်းရှင် အဖြစ် မှတ်တမ်းဝင်ခဲ့ပြီ ဖြစ်ပါတယ်။

လာလီဂါ
ဘာစီလိုနာ
ရီးယဲလ် ဘက်တစ်
1X2 ရီးယဲလ် ဘက်တစ် @ 6.40
ဂိုးပေါ် 3.00 @ 1.99
ပထမပိုင်း ဂိုးအောက် 0-1 @ 4.50
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

လမိုင်း ရာမယ်ဟာ ဂျော်ဂျီယာကို ၇-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲစဉ် ပထမပိုင်း မပြီးခင်မှာ ဒဏ်ရာရသွားခဲ့တဲ့ ဒါနီ အိုလ်မိုရဲ့ နေရာမှာ လူစားဝင် ကစားသမား အဖြစ် ပွဲဦးထွက် ပါဝင်ကစားပေးခဲ့ပါတယ်။ ဘာဆာ ကြယ်ပွင့်ဟာ ယခုအပတ်အစောပိုင်းမှာ စပိန် လက်ရွေးစင် လူစာရင်းထဲကို ခေါ်ယူခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

သောကြာနေ့ည ပွဲစဉ် ၇၄ မိနစ်မှာ လမိုင်း ရာမယ်ဟာ စပိန် အတွက် ၇ ဂိုးမြောက် သွင်းဂိုးကို သွင်းယူခဲ့ချိန်မှာ သမိုင်းသစ် ရေးထိုးနိုင်ခဲ့ပြီး ပထမဆုံး လက်ရွေးစင် သွင်းဂိုးကို နီကို ဝီလီယံစ်ရဲ့ ဘယ်တောင်ပံ ကနေ ဖြတ်တင် ပေးပို့မှုကို အဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်