နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကာမာဗင်ဂါကို ခံစစ်ပိုင်း တာဝန်ပေးဖွယ် ရှိနေတဲ့ ဒက်စ်ရွှမ့်စ်၊ ယူရို ခြေစစ်ပွဲတွေ လွဲချော်တော့မယ့် ဖရန်ကီ ဒီယောင် (လာလီဂါ နောက်ဆုံးရ သတင်းများ)

countdown banner

ကာမာဗင်ဂါကို ခံစစ်ပိုင်း တာဝန်ပေးဖွယ် ရှိနေတဲ့ ဒက်စ်ရွှမ့်စ်၊ ယူရို ခြေစစ်ပွဲတွေ လွဲချော်တော့မယ့် ဖရန်ကီ ဒီယောင်စတဲ့ သတင်းတွေ အပါအဝင် မတ် ၂၁ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ကာမာဗင်ဂါကို ခံစစ်ပိုင်း တာဝန်ပေးဖွယ် ရှိနေတဲ့ ဒက်စ်ရွှမ့်စ်

ပြင်သစ် နည်းပြ ဒီဒီယာ ဒက်စ်ရွှမ့်စ်က ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ အက်ဒွါဒို ကာမာဗင်ဂါက လက်ရွေးစင် အသင်းမှာ ခံစစ်ပိုင်းကို တာဝန်ယူရဖွယ် ရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။ လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်မှာ ခြေစွမ်းပြနေတဲ့ ကာမာဗင်ဂါဟာ ကွင်းလယ်ပိုင်း နေရာစုံမှာ ကစားနိုင်သူ ဖြစ်ပြီး လိုအပ်ရင် ကွင်းလယ် ခံစစ်ကိုပါ ကစားပေးနိုင်သူ ဖြစ်ပါတယ်။

အန်ဆယ်လော့တီ ကတော့ သူ့လက်အောက်မှာ ကာမာဗင်ဂါကို ခံစစ် ဘယ်အစွန် နေရာမှာပါ အသုံးပြုနေပြီး ကစားသမား ကလည်း ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒက်စ်ရွှမ့်စ်က ပြင်သစ် လက်ရွေးစင် အသင်းမှာ ကာမာဗင်ဂါကို ခံစစ်ပိုင်းအတွက် ပိုမို တာဝန်ပေးချင်နေပုံ ရပြီး ယူရို ခြေစစ်ပွဲတွေမှာ စမ်းသပ် အသုံးပြုဖွယ် ရှိနေပါတယ်။

“ သူက နေရာစုံ ကစားနိုင်တဲ့သူပါ၊ သူ့ကို wing back အဖြစ် ကျနော် အသုံးပြုချင်တယ်၊ သူက အဲဒီနေရာ အတွက် လုံလောက်တဲ့ အစွမ်းအစ ရှိပါတယ်၊ ပြီးတော့ ကျနော့် ကိုလည်း အာမခံချက် ပေးထားပါတယ်” လို့ ဒက်စ်ရွှမ့်စ်က ဆိုပါတယ်။ ပြင်သစ် ကတော့ နယ်သာလန်၊ အိုင်ယာလန် တို့နဲ့ ယူရို ခြေစစ်ပွဲတွေ ကစားရမှာ ဖြစ်ပါတယ်။


နယ်သာလန် အတွက် ယူရို ခြေစစ်ပွဲတွေ ကစားပေးနိုင်တော့မှာ မဟုတ်တဲ့ ဖရန်ကီ ဒီယောင်

လာလီဂါ ကလပ် ဘာစီလိုနာ ကွင်းလယ်လူ ဖရန်ကီ ဒီယောင်ဟာ နယ်သာလန် လက်ရွေးစင် အသင်း ကနေ ဒဏ်ရာကြောင့် နုတ်ထွက်သွားခဲ့ပါပြီ။
ဘာစီလိုနာနဲ့ နယ်သာလန် ကွင်းလယ် အတွက် အရေးပါတဲ့ ကစားသမား ဖြစ်တဲ့ ဖရန်ကီ ဒီယောင်

လာလီဂါ ကလပ် ဘာစီလိုနာ ကွင်းလယ်လူ ဖရန်ကီ ဒီယောင်ဟာ နယ်သာလန် လက်ရွေးစင် အသင်း ကနေ ဒဏ်ရာကြောင့် နုတ်ထွက်သွားခဲ့ပါပြီ။ နည်းပြ ရော်နယ်ကိုးမန်း ကလည်း ဒါကို အတည်ပြုခဲ့ပြီး သူ့အသင်း အတွက် ဒီယောင် ကစားပေးနိုင်မှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ကာ ကွင်းလယ်ပိုင်း အတွက် အကျပ် ရိုက်နေရပါတယ်။

ဒီယောင်က ဘာဆာ အတွက် ခြေစွမ်းပြနေသလို ရီးရဲလ်မက်ဒရစ်နဲ့ ပွဲမှာလည်း ထိပ်တန်း အဆင့် ကွင်းလယ်လူ တစ်ဦးရဲ့ ခြေစွမ်းကို ပြသနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူဟာ တံကောက်ကြော ဒဏ်ရာ ရခဲ့တယ်လို့ ပွဲအပြီးမှာ MRI Scan ဖတ်ပြီးနောက် သိရှိခဲ့ရပြီး ဟော်လန် အသင်း လူစာရင်း ကနေ နုတ်ထွက်ခဲ့ရတာပါ။

ကိုးမန်းက “ ဒီယောင်က ရီးရဲလ်မက်ဒရစ်နဲ့ ပွဲမှာ ပြီးခါနီးလေး ဒဏ်ရာရသွားခဲ့တာပါ၊ မနေ့ညက သူ့ကို MRI စစ်ဆေးမှု လုပ်ခဲ့ပြီးတော့ သူလာမယ့် ၂ ပွဲစလုံး အတွက် အနားယူရပါလိမ့်မယ်” လို့ ပြောဆိုခဲ့ပါတယ်။ နယ်သာလန် ကတော့ ယူရို ခြေစစ်ပွဲတွေ အဖြစ် ပြင်သစ်၊ ဂျီဘရော်တာ တို့နဲ့ ကစားသွားရမှာ ဖြစ်ပါတယ်။

ပရီးမီးယား လိဂ်
AFC ဘုန်းမောက်
ဖူလ်ဟမ်
1X2 သရေ (Draw) @ 3.10
ဂိုးပေါင်း 2-3 @ 1.90
ဂိုးပေါ် 2.50 @ 2.06
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပေါ်တူဂီ အသင်းဖော်တွေနဲ့ ပျော်ရွှင်စွာ လေ့ကျင့်ခန်း ဆင်းနေတဲ့ ရော်နယ်ဒို

ခရစ္စတီယာနို ရော်နယ်ဒိုဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲ ယှဉ်ပြိုင်ဖို့ ပေါ်တူဂီ လက်ရွေးစင် အသင်းနဲ့ ပူးပေါင်းပြီး လေ့ကျင့်မှုတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ တနင်္လာနေ့ ညနေခင်းက အသင်းဖော်တွေနဲ့ အတူ စက်ဘီးစီး လေ့ကျင့်မှု အပါအဝင် လေ့ကျင့်မှု တချို့ကို ပြုလုပ်ခဲ့တာပါ။ ပေါ်တူဂီ အသင်းဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲ ပွဲဦးထွက် ပွဲစဉ်တွေ အဖြစ် လက်ချင်စတိန်း၊ လူဇင်ဘတ်တို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ လက်ရွေးစင် အသင်း အနာဂတ်နဲ့ ပတ်သက်ပြီး မသေချာမှုတွေ ရှိနေပေမယ့် နည်းပြသစ် မာတီနတ်ဇ်က သူ့ကို ရွေးချယ်ခဲ့တာပါ။ ပေါ်တူဂီဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ကွာတားဖိုင်နယ် ကနေ ထွက်ခွာရပြီးနောက် ရော်နယ်ဒိုဟာ လက်ရွေးစင် ကစားသမားဘဝကို အဆုံးသတ်သွားနိုင်တယ်လို့ အများအပြားက တွေးထင်နေကြတာ ဖြစ်ပါတယ်။

ပေါ်တူဂီ နည်းပြသစ် မာတီနတ်ဇ် ကတော့ ရော်နယ်ဒိုဟာ အသင်း အတွက် အလွန် အရေးပါတဲ့သူ ဖြစ်ပြီး သူရဲ့ အတွေ့အကြုံတွေနဲ့ အသင်းကို အများကြီး အကူအညီပေးနိုင်မှာ ဖြစ်တယ်လို့ ရော်နယ်ဒိုကို ရွေးချယ်အပြီးမှာ ပြောခဲ့ပါတယ်။

ဆော်ဒီ ကလပ် အယ်လ်နာဆာမှာ ကစားနေတဲ့ ရော်နယ်ဒိုဟာ ခြေစစ်ပွဲ ၂ ပွဲ စလုံးမှာ ပွဲထွက်ခွင့် ရဖွယ် ရှိနေပြီး သူ့ရဲ့ နိုင်ငံတကာ သွင်းဂိုးတွေကို ဆက်ပြီး ပေါင်းထည့်နိုင်ဖို့ အတွက် သွင်းဂိုးတွေ အများအပြား သွင်းယူနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်