နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အက်သလက်တီကိုမက်ဒရစ်ကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရသွားတဲ့ ဒီပိုင်း၊ အာဂျင်တီးနား အံ့ဖွယ် ကစားသမားလေးကို ဘာဆာ ခေါ်ယူ (လာလီဂါ နောက်ဆုံးရ သတင်းများ)

အက်သလက်တီကိုမက်ဒရစ်ကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရသွားတဲ့ ဒီပိုင်း၊ အာဂျင်တီးနား အံ့ဖွယ် ကစားသမားလေးကို ဘာဆာ ခေါ်ယူ စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၁၉ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အက်သလက်တီကိုမက်ဒရစ်ကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရသွားတဲ့ ဒီပိုင်း

ဘာစီလိုနာ တိုက်စစ်ကစားသမား မမ်းဖစ် ဒီပိုင်းဟာ လာလီဂါ ပြိုင်ဘက် အက်သလက်တီကိုမက်ဒရစ်ကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီပိုင်း အတွက် အေတီကိုက ယူရို ၃ သန်း ကနေ ၄ သန်းအထိ ပေးချေရမယ်လို့ သိရပြီး မကြာခင်မှာ စာချုပ် ကိစ္စကို အပြီးသတ် လုပ်ဆောင်သွားတော့မယ် လို့လည်း သိရပါတယ်။

ဘာဆာမှာ ပုံမှန်နေရာပျောက်ဆုံးခဲ့တဲ့နောက် ဒီပိုင်းက အသင်းသစ် ရှာဖွေခဲ့တာ ဖြစ်ပြီး အေတီကိုက သူ့ကို စိတ်ဝင်တစား ကမ်းလှမ်းခဲ့တာပါ။ အစောပိုင်းမှာ ဘာဆာက ဒီပိုင်းကို အလွတ်နဲ့ ထွက်ခွာခွင့်မပေးနိုင်ဘူးလို့ ပြောဆိုခဲ့ပြီး အခုအခါမှာ နည်းပါးလှတဲ့ စျေးနှုန်းနဲ့ ရောင်းချခဲ့တာ ဖြစ်ပါတယ်။

ဇာဗီက တောင်ပံ တိုက်စစ်တွေမှာ အူစမန်နီ ဒမ်ဘီလီ၊ ရာဖင်ညာ တို့ကို ဦးစားပေး အသုံးပြုနေသလို တိုက်စစ်ပိုင်း မှာလည်း အန်ဆု ဖာတီ၊ ဖာရန်း တောရက်စ်နဲ့ လီဝမ်ဒေါစကီး တို့ကိုသာ အဓိက အားထားနေတာပါ။ ဒီပိုင်း ကတော့ အရန် ကစားသမား အဖြစ်နဲ့သာ ရှိနေခဲ့တာကြောင့် ပွဲကစားချိန် အကန့်အသတ်နဲ့သာ ကစားခဲ့ရပါတယ်။


၅ နှစ် အတွင်း ပထမဆုံး အကြိမ် ကိုပါဒယ်ရေး ကွာတားဖိုင်နယ် ရောက်ခဲ့တဲ့ အက်တလက်တီကို

အက်တလက်တီကိုမက်ဒရစ် ကတော့ အဝေးကွင်းမှာ လီဗန်တေးကို ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီး ကိုပါဒယ်ရေး ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါတယ်။ ဒါဟာ ၅ နှစ် အတွင်းမှာ ပထမဆုံး အကြိမ် အဖြစ် ဒီအဆင့်ကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပြီး ဆီမြွန်နီရဲ့ အသင်းဟာ ဆုဖလား မျှော်လင့်ချက် အားကောင်းနေပြီ ဖြစ်ပါတယ်။

အက်သလက်တီကို အတွက် ဂိုးတွေ ကိုတော့ ၅၄ မိနစ်မှာ အဲလ်ဗားရိုး မိုရာတာ၊ နာကျင် အချိန်ပိုမှာ မားကို့စ် ယော်ရန်းတေး တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အေတီကို ကတော့ လာလီဂါ မှာလည်း အဆင့် ၄ နေရာကို ရောက်ရှိနေပြီး ချန်ပီယံလိဂ် ဝင်ခွင့် အတွက် ရုန်းကန်နေရပါတယ်။ အမှတ်ပေးဇယား ထိပ်ဆုံးက ဘာစီလိုနာနဲ့ ၁၃ မှတ် အထိ ကွာဟနေတာလည်းဖြစ်ပါတယ်။

တခြားသော ပွဲစဉ်တွေ မှာတော့ ဗလင်စီယာက စပို့တင်း ဂီဂျွန်ကို ၄-၀၊ ဘီလ်ဘာအိုက အက်စ်ပန်ညိုကို ၁-၀ တို့နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဘက်တစ် ကတော့ အိမ်ကွင်းမှာ အိုဆာဆူနာကို အနိုင်ရခါနီးမှ နာကျင် အချိန်ပိုမှာ ချေပဂိုး ပြန်ပေးခဲ့ရလို့ အချိန်ပို ဆက်ကစားခဲ့ရပါတယ်။ အချိန်ပိုမှာလည်း ဦးဆောင်ဂိုး ရခဲ့ပေမယ့် ပြန်လည် ချေပခံခဲ့ရပြီး ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရာ မှာတော့ အရေးနိမ့်သွားခဲ့ပါတယ်။


အာဂျင်တီးနားက အံ့ဖွယ် ချာတိတ်ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်တဲ့ ဘာစီလိုနာ

ဘာစီလိုနာ အသင်းဟာ အာဂျင်တီးနား လူငယ် ကြယ်ပွင့် လူးကပ်စ် ရိုမန်ကို ခေါ်ယူနိုင်ခဲ့ပြီလို့ သိရပါတယ်။ ရိုမန်ဟာ ဘာဆာ ကစားသမားဟောင်း ရာဖေးလ် မားကွက်ဇ် ကိုင်တွယ်နေတဲ့ ဘာဆာ လူငယ်အသင်းမှာ အရင်ဦးဆုံး ကစားရမှာ ဖြစ်ပြီး ခြေစွမ်းပြနိုင်မယ် ဆိုရင်တော့ အသင်းကြီးဆီ ရောက်ရှိဖို့ မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။

ဘာစီလိုနာက သူ့ကို ၃ နှစ်ခွဲ စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်လို့ ၂၀၂၆ အထိ အသင်းမှာ ရှိနေမှာလည်း ဖြစ်ပါတယ်။ ကစားသမားရဲ့ စာချုပ်မှာ လျော်ကြေး ယူရိုသန်း ၄၀၀ အထိ သတ်မှတ် ထည့်သွင်းခဲ့တယ်လို့ သိရပြီး ဒီကစားသမား အပေါ်မှာ ဘာစီလိုနာ ဘက်က မျှော်လင့်ချက် ကြီးကြီးမားမားထား ရှိတာကို မြင်သာစေမှာ ဖြစ်ပါတယ်။ လာလီဂါ ထိပ်သီး ကလပ် ဘာစီလိုနာဟာ နောက်ခံလူ ရော်နယ် အာရူဟိုနဲ့ ပီဒရီတို့ တုန်းကလည်း ဒီလို ပုံစံမျိုးနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ အခြား အသင်းတွေ ကနေ ခေါ်ယူခဲ့ပြီး လူငယ်အသင်းတွေမှာ ကစားစေခဲ့ကာ​ ခြေစွမ်းပြလာချိန် မှာတော့ အသင်းကြီးဆီ ထပ်မံ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ရိုမန် အနေနဲ့လည်း ဒီကစားသမား နှစ်ဦးရဲ့ ခြေရာကို လိုက်နင်းနိုင်မယ်လို့ မျှော်လင့်ရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်