နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရီးရဲလ်မက်ဒရစ် အတွက် ချိန်သားကိုက် ပြန်လာခဲ့တဲ့ ဘရာဇီးလ် ညီနောင် | လာလီဂါ

ဒီရာသီ စပိန် လာလီဂါမှာ ခြေစွမ်းပျောက်နေလို့ ဝေဖန်ခံရစပြုလာချိန်မှာပဲ ဗင်နီစီးယက်စ်ဂျူနီယာနဲ့ ရိုဒရီဂိုတို့ ခြေစွမ်းပြလာခဲ့ပါပြီ။ စပို့တင်း ဘရာဂါနဲ့ ချန်ပီယံလိဂ်မှာ ဂိုးတွေ သွင်းပြီး အသင်း အတွက် နိုင်ပွဲယူပေးခဲ့သလို ညက ဗလင်စီယာနဲ့ ပွဲမှာလည်း သူတို့ ထပ်ပြီး ခြေစွမ်းပြခဲ့ပါတယ်။ ပိုပြီး ကျေနပ်စရာ ကောင်းတာ ကတော့ ဂျူ့ဒ် ဘယ်လင်ဟမ် ဒဏ်ရာကြောင့် မကစားနိုင်ချိန်မှာ သူတို့ အကောင်းဆုံး စွမ်းဆောင်ပြနေခဲ့တာပါ။

ရီးရဲလ်ဟာ စပိန် လာလီဂါမှာ နိုင်ပွဲတွေ အတွက်၊ သွင်းဂိုးတွေ အတွက် ဘယ်လင်ဟမ် ကိုပဲ မှီခိုနေရပြီး ကျန်ကစားသမားတွေ ခြေစွမ်းကျနေတဲ့ ဒီရာသီမှာ ဗင်နီစီးယက်စ်တို့ နှစ်ယောက်က ငုပ်ကောင် ဖြစ်နေခဲ့ပါတယ်။ အန်ဆယ်လော့တီ ကတော့ သူ့ တပည့်နှစ်ယောက်ကို အမြဲ ယုံကြည်ပေးခဲ့ပြီး ကာကွယ်ပေးခဲ့တယ်။ ပုံမှန်ကစားခွင့် ပေးတယ်။ အချိန်တန်ရင် ခြေစွမ်းပြလိမ့်မယ် ဆိုတာကို သူက ယုံကြည်ခဲ့ပြီး အခုတော့ သူ ထင်မှတ်သလိုတွေ ဖြစ်လာခဲ့ပါတယ်။

ဒီတစ်ပတ် လာလီဂါ ပွဲမှာ ဗလင်စီယာကို ၅-၁ နဲ့ အနိုင်ရခဲ့ပြီး သူတို့နှစ်ယောက်က ၂ ဂိုးစီ သွင်းပေးခဲ့ကြပါတယ်။
ဒီရာသီ လာလီဂါမှာ ၃ ဂိုးသွင်းပြီး ၃ ဂိုး ဖန်တီးပေးထားတဲ့ ရိုဒရီဂို

ဒီတစ်ပတ် လာလီဂါ ပွဲမှာ ဗလင်စီယာကို ၅-၁ နဲ့ အနိုင်ရခဲ့ပြီး သူတို့နှစ်ယောက်က ၂ ဂိုးစီ သွင်းပေးခဲ့ကြပါတယ်။ အပြန်အလှန် ဖန်တီးမှုတွေလည်း လုပ်ပေးနိုင်ခဲ့ကြပြီး ဘရာဇီးလ် ညီနောင် ခြေစွမ်းပြန်ပြလာတာ ရီးရဲလ် အတွက် အားတက်စရာပါပဲ။ ဘယ်လင်ဟမ် ပြန်ကစားနိုင်ချိန် သူတို့ ကလည်း ဒီလိုခြေစွမ်းပြမယ် ဆိုရင် ရီးရဲလ်က ကြောက်စရာ အသင်း တသင်း ဖြစ်လာဦးမှာ သေချာပါတယ်။

ဗင်နီစီးယက်စ် ဆိုရင် သိသိသာသာကို ခြေစွမ်းကျခဲ့တာပါ။ သွင်းဂိုးရော၊ ဖန်တီးမှုပါ မလုပ်နိုင် ဖြစ်နေပြီး ပြိုင်ဘက် ခံစစ်သမားတွေရဲ့ ပစ်မှတ်ထား ကစားမှု အောက်မှာ ယိမ်းယိုင်နေခဲ့ရတယ်။ သူ့စိတ်ကို ဆွကစားခဲ့တဲ့ လှည့်ကွက်တွေ အောက်ကို ရောက်ပြီး ခိုက်ရန်ဖြစ်ပွားတာက ပိုများနေခဲ့တာပါ။ ဒါကို ပြင်ဆင်နိုင်ဖို့ အားလုံးက သတိပေးခဲ့ပြီး အသင်းဖော်တွေနဲ့ နည်းပြ ကလည်း ထိန်းသိမ်း ဖေးမပေးခဲ့ရပါတယ်။ ရိုဒရီဂို ကလည်း အလားတူပါပဲ။ သူလည်း ခြေစွမ်းပိုင်း ကျဆင်းပြီး ဘာဆိုဘာမှမလုပ်ပြနိုင် ဖြစ်နေပြီး ရီးရဲလ်ဟာ ဘယ်လင်ဟမ် မရှိရင် ဘာမှမဟုတ်တော့ဘူး ဆိုတာပါ ဖြစ်လာခဲ့ရတာပါ။

အခုတော့ ဘရာဇီးလ် ညီနောင်က ပုံမှန်အတိုင်း ဖြစ်လာပါပြီ။ ဂိုးတွေ၊ ဖန်တီးမှုတွေ ဆက်တိုက်ရနေပါပြီ။ ထူးခြားတာ ကတော့ ဒါတွေကို ဘယ်လင်ဟမ် မကစားနိုင်ချိန်မှာ လုပ်ပြနိုင်ခဲ့တာပါ။ ဒီတော့ ဘယ်လင်ဟမ်သာ ပြန်ကစားနိုင်ရင် အသင်းလိုက် ကစားကွက်ပိုင်းက အပြောင်းအလဲ ဖြစ်ပြီး သူတို့ နှစ်ယောက်ရဲ့ ခြေစွမ်းကို ထိခိုက်စေမလား ဆိုတာက စိတ်ဝင်စားစရာပါပဲ။

အခု ဘယ်လင်ဟမ် မရှိချိန် ကစားကွက်ပိုင်းနဲ့ ကစားကွက် တည်တဲ့ ပုံစံပြောင်းသွားချိန် သူတို့ ခြေစွမ်းပြတာက တိုက်ဆိုင်နေတာပါ။ အဲဒီလို မဖြစ်အောင်တော့ အန်ဆယ်လော့တီ ဖြေရှင်းရပါဦးမယ်။ သူ့ရဲ့ အဓိက ကစားသမားတွေ အတူတကွ ကစားချိန်မှာ အသင်းက အရမ်းကောင်းတဲ့ ပုံစံပြသဖို့ သူ့မှာ တာဝန်ရှိပါတယ်။ လက်ရှိ မှာတော့ ဗင်နီစီးယက်စ်တို့ ပုံမှန် ခြေစွမ်းပြန်ရတာ အားတက်စရာပါပဲ။ ဒဏ်ရာရနေတဲ့ ချူအာမန်နီ၊ ဘယ်လင်ဟမ်တို့ ပြန်ကစားနိုင်ချိန်မှာလည်း ဒီလိုပုံစံ ဆက်ပြနေမယ် ဆိုရင် ရီးရဲလ်မက်ဒရစ်ဟာ ကြောက်စရာကောင်းတဲ့ အသင်း တစ်သင်း အဖြစ် ရှိလာမှာ အသေအချာပါပဲ။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်