နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယာမယ်ဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး တောင်ပံကစားသမားလို့ ချီးကျူးလိုက်တဲ့ လီဝမ်ဒေါစကီး | လာလီဂါ

လာလီဂါ ကလပ် ဘာစီလိုနာ ဝါရင့် တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီး ကတော့ အသင်းဖော် လမိုင်း ယာမယ်ဟာ လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံး တောင်ပံကစားသမား ဖြစ်တယ်လို့ ချီးကျူးစကား ဆိုလိုက်ပါတယ်။ 

လက်ရှိမှာ အသက် ၁၇ နှစ် အရွယ် စပိန် လက်ရွေးစင် ကွင်းလယ် ကစားသမားလေး ယာမယ်က ဘာစီလိုနာ အတွက် ပြိုင်ပွဲစုံ ၅၉ ပွဲ ကစားပြီး ၁၁ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှုလည်း ၁၄ ကြိမ် အထိ ပြုလုပ်ထားပါတယ်။ ဒါ့အပြင် ယာမယ်က ဒီရာသီ လာလီဂါ မှာ ၈ ပွဲ ကစားပြီး ၄ ဂိုး သွင်းကာ ဂိုးဖန်တီးမှု ၅ ကြိမ် ပြုလုပ်ထားပါတယ်။

ဒီလို ခြေစွမ်းပြနေတဲ့ လမိုင်း ယာမယ်နဲ့ ပတ်သတ်လို့ ရောဘတ် လီဝမ်ဒေါစကီးက “ဒီအချိန်မှာ သူက ကမ္ဘာ့အကောင်းဆုံး တောင်ပံကစားသမားပါပဲ။ သူ့ရဲ့ အသက်က (၁၇) နှစ်ပဲ ရှိပါသေးတယ်။ ဘောလုံးသမား တစ်ယောက်ရဲ့ သက်တမ်းက အရမ်းရှည်ပါတယ်။ ကစားသမား ဘဝကို ဘယ်လို အစပြုသလဲ ဆိုတာထက် ဘယ်လို အဆုံးသတ်သလဲ ဆိုတာက ပိုပြီးအရေးကြီးပါတယ်။ သူ့ကို အချိန်အကြာကြီး ဖြတ်သန်းစေချင်ပါတယ်” လို့ ပြောဆိုသွားခဲ့တာပါ။

ဘာစီလိုနာရဲ့ နာမည်ကျော် အကယ်ဒမီ လာမာစီယာ အကယ်ဒမီထွက် ယာမယ် ကတော့ အသက် ၁၅ နှစ် အရွယ် ကတည်းက ပရော်ဖက်ရှင်နယ် ကစားသမား အဖြစ် ပွဲထွက်ကစားခွင့်ရခဲ့သူ ဖြစ်သည်။ ယာမယ်က လက်ရှိအချိန်မှာ ဘာစီလိုနာရဲ့ အဓိက ကစားသမား အဖြစ် ခြေစွမ်းပြနေသလို၊ ယူရို ၂၀၂၄ ချန်ပီယံ စပိန် အသင်းမှာလည်း အဓိက ကစားသမား အဖြစ် ခြေစွမ်းပြနေခဲ့သူ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီကစားသမားလေးက စပိန် မှာပါ အဓိက ကစားသမား အဖြစ် ပွဲထွက်နေရသလို ယူရို ၂၀၂၄ ချန်ပီယံဆု ကိုလည်း ကိုင်မြှောက်ထားနိုင်တဲ့ အရည်အသွေးမြင့် ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။ ညာတောင်ပံ ကစားသမားလေးဟာ ဘာစီလိုနာရဲ့ အထင်ကရ ကစားသမားဟောင်း ဖြစ်တဲ့ မက်ဆီ ခြေရာကို နင်းနိုင်မယ့်သူ ဆိုပြီး အများစုက ထင်ကြေးပေးမှုတွေ ရှိနေပြီးတော့ လာမယ့် အနာဂတ် မှာလည်း မက်ဆီလို ဘယ်လွန်ဒေါဆုရှင် ဖြစ်လာနိုင်သူ အဖြစ် သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။

ဘာစီလိုနာရဲ့ ဂန္တဝင် ကစားသမား လီယွန်နယ် မက်ဆီက တော့ လာလီဂါ ကလပ် အတွက် ၁၇ ရာသီ အတွင်း ပြိုင်ပွဲစုံ ၇၆၅ ပွဲ ကစားပြီး ၆၆၆ ဂိုး သွင်းယူခဲ့ပါတယ်။
ဒီရာသီ ပထမဦးဆုံး လာလီဂါ ရှုံးပွဲ တွေ့ခဲ့တဲ့ ဘာစီလိုနာ

ဘာစီလိုနာရဲ့ ဂန္တဝင် ကစားသမား လီယွန်နယ် မက်ဆီက တော့ လာလီဂါ ကလပ် အတွက် ၁၇ ရာသီ အတွင်း ပြိုင်ပွဲစုံ ၇၆၅ ပွဲ ကစားပြီး ၆၆၆ ဂိုး သွင်းယူခဲ့ပါတယ်။ အဲဒီနောက် မက်ဆီက ပီအက်စ်ဂျီကို ပြောင်းရွှေ့သွားချိန်မှာတော့ ရုန်းကန်ခဲ့ရပြီး ၇၅ ပွဲ ကစားခဲ့ရာမှာ ၃၂ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ လက်ရှိ မေဂျာလိဂ် ကလပ် အင်တာမီယာမီ မှာတော့ မက်ဆီက ၂၉ ပွဲ ကစားကာ ၂၅ ဂိုး သွင်းယူပေးထားပါတယ်။

ဒီလို ထင်ကြေးပေးခံရမှုတွေနဲ့ ပတ်သက်လို့တော့ လမိုင်း ယာမယ်က“ဘောလုံးသမိုင်းမှာ အကောင်းဆုံး အဖြစ် သတ်မှတ်ခံထားရတဲ့ လီယွန်နယ် မက်ဆီနဲ့ နှိင်းယှဉ်ခံနေရတာ သဘောကျပါတယ်။ ဒါပေမယ့် ကျွန်တော်က လမိုင်း ယာမယ်သာ ဖြစ်ချင်ပြီးတော့ မက်ဆီရဲ့ အဆင့်မျိုးကို ရောက်ဖို့ဆိုတာ ကလည်း မဖြစ်နိုင်ပါဘူး။ ကျွန်တော် ဘာစီလိုနာ ကနေ ဘယ်တော့မှ မထွက်ခွာသွားချင်ပါဘူး။ ကျွန်တော် ဒီကလပ်ရဲ့ ဂန္တဝင် ကစားသမား တစ်ဦးပဲ ဖြစ်ချင်ပြီးတော့ ကျနော် နီကို ဝီလီယမ်စ်နဲ့ အပတ်စဉ် တွဲဖက် ကစားသွားချင်ပါတယ်။ သူက ကျွန်တော့် အတွက် သူငယ်ချင်းကောင်း တစ်ယောက်ပါ။ လာမယ့် ဘောလုံးရာသီမှာ သူ ကျွန်တော်တို့ အသင်းဆီ ပြောင်းရွှေ့လာမလား ဆိုတာ ကိုတော့ ကျွန်တော် မသိပါဘူး။ ဒါက သူ့အပေါ်မှာပဲ မူတည်ပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်