နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
promotion@sbotop.com သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အိဆက်ခ်နဲ့ အတူတိုနာလီကို ခေါ်ယူချင်နေတဲ့ ဘာစီလိုနာ| လာလီဂါ

လာလီဂါကလပ်ဘာစီလိုနာကတော့နယူးကာဆယ်ကွင်းလယ်ကစားသမားဆန်ဒရိုတိုနာလီကိုတိုက်စစ်မှူးအလက်ဇန္တားအိဆက်ခ်နဲ့အတူတပါတည်းခေါ်ယူဖို့စိတ်ဝင်စားနေကြောင်းသတင်းတွေထွက်ပေါ်နေပါတယ်။

ဆွီဒင်တိုက်စစ်မှူးအိဆက်ခ်ဟာဒီရာသီစိန့်ဂျိမ်းစ်ပါ့ခ်မှာခြေစွမ်းကောင်းတွေပြသနေပြီးတော့ပရီးမီးယားလိဂ်၂၅ပွဲကစားရာမှာ၁၉ဂိုးသွင်းကာဂိုးဖန်တီးမှု၅ကြိမ်ပြုလုပ်ထားပါတယ်။ဒါ့အပြင်အိဆက်ခ်ဟာဒီရာသီနယူးကာဆယ်အတွက်ပြိုင်ပွဲစုံ၃၃ပွဲကစားပြီး၂၃ဂိုးသွင်းယူကာ၅ဂိုးဖန်တီးထားပါသေးတယ်။ဒါ့ကြောင့်သူ့ကိုလာလီဂါကလပ်ဘာစီလိုနာအပါအဝင်ဥရောပထိပ်တန်းကလပ်များစွာရဲ့စိတ်ဝင်စားခြင်းကိုခံနေရပြီလည်းဖြစ်ပါတယ်။

ဒါပေမယ့်လည်းအိဆက်ခ်ရဲ့ပြောင်းရွှေ့ကြေးဟာပေါင်သန်း၁၅၀နီးပါးတန်ကြေးရှိမယ်လို့မျှော်လင့်ရတာကြောင့်ဘာစီလိုနာတို့အခုနွေရာသီမှာခေါ်ယူဖို့စိန်ခေါ်မှုများစွာရှိနေနိုင်ပါတယ်။ဘာစီလိုနာဟာအိဆက်ခ်ကိုခေါ်ယူနိုင်ဖို့တခြားသောပြိုင်ဘက်တွေထက်အားစိုက်ကြိုးပမ်းနေပြီးတာ့လက်ရှိမှာလည်းဆွီဒင်သားအပြင်အီတလီကွင်းလယ်လူဆန်ဒရိုတိုနာလီကိုပါခေါ်ယူဖို့စိတ်ဝင်စားလာကြောင်း Mundo Deportivo ကဖော်ပြပါတယ်။

လာလီဂါကလပ်ဟာ၂၀၂၀ခုနှစ်မှာတိုနာလီကိုယူရို၆၅သန်း (ပေါင်၅၄.၃သန်း) နဲ့ကမ်းလှမ်းခဲ့ပေမယ့်အဲဒီအချိန်ကဘရက်ရှားဘက်ကငြင်းဆန်ပယ်ချခဲ့ပါတယ်။
ကစားသမားသစ်တွေ ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ လာလီဂါ ကလပ် ဘာစီလိုနာ

လာလီဂါကလပ်ဟာ၂၀၂၀ခုနှစ်မှာတိုနာလီကိုယူရို၆၅သန်း (ပေါင်၅၄.၃သန်း) နဲ့ကမ်းလှမ်းခဲ့ပေမယ့်အဲဒီအချိန်ကဘရက်ရှားဘက်ကငြင်းဆန်ပယ်ချခဲ့ပါတယ်။ဒါပေမယ့်လည်းကတ်တာလန်ကလပ်ကအီတလီသားအပေါ်စိတ်ဝင်စားမှုကိုလက်မလျှော့သေးပဲလက်ရှိအချိန်ထိစောင့်ကြည့်နေဆဲဖြစ်ပါတယ်။ဘာစီလိုနာရဲ့ကင်းထောက်တွေအနေနဲ့တိုနာလီနဲ့ပတ်သတ်လို့ကောင်းမွန်တဲ့အကြံပြုမှုတွေရှိထားပေမယ့်လည်းအသင်းဘက်ကတော့အသက်၂၄နှစ်အရွယ်ကစားသမားကိုခေါ်ယူဖို့ခက်ခဲနေဆဲဖြစ်ပါတယ်။နယူးကာဆယ်ဟာတိုနာလီကိုပေါင်၅၈သန်းပေးချေကာ၂၀၂၈ခုနှစ်အထိစာချုပ်ချုပ်ဆိုထားတာကြောင့်ကစားသမားရဲ့အနာဂတ်နဲ့ပတ်သက်လို့တော့သက်တောင့်သက်သာရှိနေတဲ့အခြေအနေဖြစ်ပါတယ်။

တိုနာလီဟာနည်းပြဖြစ်သူအက်ဒီဟောင်းဝ်စိတ်ကြိုက်ကစားသမား၃ဦးထဲမှာပါဝင်နေတာကြောင့်နယူးကာဆယ်အီတလီသားကိုကျိန်းသေပေါက်အသင်းမှာဆက်ထိန်းထားဖို့တော့ရှိနေပါတယ်။တိုနာလီကိုယ်တိုင်ကလည်းအခုလိုကောလာဟလတွေထွက်ပေါ်နေခဲ့ပေမယ့်နယူးကာဆယ်မှာပျော်ရွှင်နေကြောင်းထပ်ခါတလဲလဲအလေးပေးပြောကြားခဲ့ပါတယ်။

နယူးကာဆယ်ကနေနောက်ထပ်ထွက်ခွာဖို့သတင်းတွေကြီးနေသူကကွင်းလယ်လူရှောင်လောင်းစတက်ဖ်ဖြစ်ပါတယ်။ဒီကစားသမားဟာနယူးကာဆယ်နဲ့စာချုပ်သက်တမ်း၁၂လကျန်ရှိနေသေးတာကြောင့်ပြောင်းရွှေ့ကြေးကအရမ်းသက်သာဖို့တော့မရှိပါဘူး။ဒီကစားသမားကိုပရီးမီးယားလိဂ်ထိပ်သီးမန်ချက်စတာယူနိုက်တက်ကပစ်မှတ်စာရင်းမှာပြန်လည်ထည့်သွင်းထားကြောင်းသိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်