နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မန်စီးတီးရဲ့ ခြေလှမ်းတွေကြောင့် မပျော်မရွှင်ဖြစ်ခဲ့တဲ့ ဘာစီလိုနာ (လာလီဂါ သတင်းများ)

countdown banner

ဒီတစ်ခါ မှာတော့ စက်တင်ဘာလ ၅ ရက်နေ့ အထိ ရရှိထားသမျှ လာလီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ရီးရဲလ်မှာ ဘာလို့ မအောင်မြင်ခဲ့လဲ ဆိုတာ ရှင်းပြခဲ့တဲ့ ယူရို ၃၂ သန်းတန် ကစားသမား

ရီးရဲလ်မက်ဒရစ်ဟာ ကစားသမား အများစု အတွက် ကမ္ဘာပေါ်မှာ အောင်မြင်မှု ရရှိဖို့ အတွက် အခက်ခဲဆုံး နေရာ ဖြစ်ပြီး ကမ္ဘာ့အဆင့် ကစားသမားတွေ ပြည့်နှက်နေတဲ့ လူစာရင်းကြောင့် တော်ရုံတန်ရုံ အရည်အချင်း ရှိရုံနဲ့ တိုးမပေါက်နိုင်တာ ဖြစ်ပါတယ်။

အယ်လ်ဗာရို အိုဒရီယိုဇိုလာဟာ ဘာနေဗျူးမှာ အဲဒီအတိုင်း ဖြစ်ပျက်ခဲ့တဲ့ ကစားသမား ဖြစ်ပြီး ၂၀၂၁ ခုနှစ် နွေရာသီမှာ ယူရို ၃၂ သန်းနဲ့ ရီးရဲလ် ဆိုစီဒက်ကနေ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ အိုဒရီယိုဇိုလာဟာ ရီးရဲလ်မက်ဒရစ် အတွက် ပွဲ ၅၀ ပြည့်အောင်တောင် ပါဝင်ကစားပေးခဲ့ရခြင်း မရှိခဲ့ဘဲ ဖီအိုရင်တီးနား၊ ဘေယန်မြူးနစ် တို့မှာ အငှားထွက်ကစားခဲ့ရပြီးနောက် ယခုနွေရာသီ မှာတော့ ဘာနေဗျူးကို စွန့်ခွာပြီး အသင်းဟောင်း ဆိုစီဒက်ကို ပြန်လည်ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

MARCA ရဲ့ ဖော်ပြချက်အရ အိုဒရီယိုဇိုလာက ရီးရဲလ်မက်ဒရစ်ဟာ ကမ္ဘာပေါ်က ဘယ်လို အသင်းမျိုးထက်မဆို အကြီးကျယ်ဆုံးစိန်ခေါ်မှုတွေ ပြည့်နှက်နေတဲ့ အသင်း ဖြစ်ပြီး အခြေအနေတွေက ထင်သလို ဖြစ်မလာခဲ့ပေမယ့် ဇီဒန်း၊ လော့ပတယ်ဂီ၊ ဆိုလာရီ၊ အန်ဆယ်လော့တီတို့ ဆီကနေ အများကြီး လေ့လာ သင်ယူခဲ့ရတာကြောင့် ပျော်ရွှင်စရာ ကောင်းခဲ့တယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

လာလီဂါ
ဗီလာရီးယဲလ်
အယ်လ်မရီးယား
ဂိုးပေါ် 2.75 @ 1.81
1X2 သရေ (Draw) @ 4.00
ဂိုးပေါင်း 2-3 @ 2.00
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

မန်စီးတီးရဲ့ ခြေလှမ်းတွေကြောင့် မပျော်မရွှင်ဖြစ်ခဲ့တဲ့ ဘာစီလိုနာ

ဘာစီလိုနာ အသင်း တာဝန်ရှိသူတွေဟာ ယခုနွေရာသီမှာ မန်ချက်စတာစီးတီးက ၎င်းတို့ရဲ့ လူငယ်ကြယ်ပွင့် ကစားသမား ၃ ဦး အထိ ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပြီးနောက် ဒေါသထွက်ခဲ့ကြတယ်လို့ သိရပါတယ်။

မန်စီးတီး ကစားသမားအချို့ဟာ ယခုနွေရာသီမှာ လာလီဂါ ကလပ် ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်ခဲ့ကြပါတယ်။ အိုင်ကေး ဂွန်ဒိုအန်နဲ့ ယာအို ကန်ဆယ်လို တို့ဟာ နူးကမ့်ပ်ကို အမှန်တကယ် ရောက်ရှိလာခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘာစီလိုနာဥက္ကဌ ယိုအန်း လာပေါ်တာက မန်ချက်စတာစီးတီးက လာမိုင်း ယာမယ်၊ အလက်ဟန်းဒရိုး ဘာလ်ဒီ၊ ပါအူ ကူဘာဆီတို့လို လူငယ် ကြယ်ပွင့်တွေကို စိတ်ဝင်စားခဲ့တာကြောင့် မပျော်မရွှင် ဖြစ်ခဲ့တဲ့သူတွေ ထဲမှာ ပါဝင်ခဲ့တယ်လို့ Mundo Deportivo က ဖော်ပြခဲ့ပါတယ်။


သူ့နေရာမှာ ဆက်ခံနိုင်မယ့် ရီးရဲလ် ကြယ်ပွင့် ၂ ဦးကို သတ်မှတ်လိုက်တဲ့ နေမာ

တောင်အမေရိက မျိုးဆက်သစ်တွေ ဖြစ်တဲ့ ဗင်နီးရှပ်စ် ဂျူနီယာ၊ ရိုဒရီဂို၊ အီဒါ မီလီတာအိုတို့ အားလုံးဟာ လာလီဂါ ထိပ်သီး ကလပ်မှာ အကောင်းဆုံးပုံစံ ပြသနေကြတာ ဖြစ်ပါတယ်။
ဗင်နီးစီးယပ်စ်နဲ့ ရိုဒီရီဂိုကို ချီးကျူးခဲ့တဲ့ နေမာ

ရီးရဲလ်မက်ဒရစ်နဲ့ ဘရာဇီးလ် ကစားသမားတွေဟာ နေနဲ့လ ရွှေနဲ့မြလို ပလဲနံပသင့်နေကြပုံပေါ်ပါတယ်။ တောင်အမေရိက မျိုးဆက်သစ်တွေ ဖြစ်တဲ့ ဗင်နီးရှပ်စ် ဂျူနီယာ၊ ရိုဒရီဂို၊ အီဒါ မီလီတာအိုတို့ အားလုံးဟာ လာလီဂါ ထိပ်သီး ကလပ်မှာ အကောင်းဆုံးပုံစံ ပြသနေကြတာ ဖြစ်ပါတယ်။

ဒီတင်မကသေးဘဲ ၂၀၂၄ ခုနှစ်နွေရာသီမှာ ယူရိုသန်း ၆၀ နဲ့ အမ်းဒရစ်ခ်ကို ခေါ်ယူဖို့ ကြိုပွိင့်ရိုက်ထားပြီး ဖြစ်ပြီး ရိုင်နီယာက မကြာသေးမီက အငှားထွက်ခဲ့သလို ဗင်နီးရှပ်စ် တိုဘီယက်စ် ကလည်း ကက်စတီလာကို အငှားထွက်နေတာ ဖြစ်ပါတယ်။ အရင်တုန်းကလည်း မာဆယ်လို၊ ကက်စမီရိုတို့လို ကစားသမားတွေဟာ လူငယ်ကြယ်ပွင့်တွေအဖြစ် ရောက်ရှိလာခဲ့ပြီးနောက် ဂန္တဝင်ကစားသမားတွေ အဖြစ် အသင်းကို စွန့်ခွာသွားခဲ့ကြတာ ဖြစ်ပြီး ဘရာဇီးလ် ကြယ်ပွင့် နေမာက မကြာသေးမီက ရီးရဲလ်မက်ဒရစ် ကြယ်ပွင့် ၂ ဦးကို ချီးကျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၁ နှစ် အရွယ် တိုက်စစ်မှူးဟာ ကစားသမားဘဝ နေဝင်ချိန်ကို စတင်ဝင်ရောက်နေပြီ ဖြစ်ပြီး ယခုနွေရာသီမှာ ဆော်ဒီ ပရိုလိဂ်ကလပ် အယ်လ်ဟီလာလ်ကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ နေမာက Globo’Esporte Espectacular နဲ့ အင်တာဗျူးမှာ နေမာက ဗင်နီးရှပ်စ်နဲ့ ရိုဒရီဂို တို့ဟာ လက်ရှိ ဘရာဇီးလ်မှာ အသက် ၃၁ နှစ် အရွယ် ကစားသမား ပိုင်ဆိုင်ထားတဲ့ ခေါင်းဆောင်မှုမျိုး ပေးနိုင်တဲ့ အရည်အချင်းရှိလားလို့ မေးမြန်းခံခဲ့ရချိန်မှာ နေမာက ရီးရဲလ်မက်ဒရစ် ကြယ်ပွင့် ၂ ဦးဟာ ၎င်းရဲ့ နေရာမှာ ဆက်ခံနိုင်တဲ့ အရည်အသွေးတွေ အများကြီးရှိတဲ့ ကစားသမားတွေဖြစ်ကြတယ်လို့ ချီးကျူးပြောဆိုခဲ့တာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်