နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပေါ်တိုကို ပြောင်းဖို့ နီးစပ်နေတဲ့ ဘာစီလိုနာ ကြယ်ပွင့် (လာလီဂါ သတင်းများ)

countdown banner

ဒီတစ်ခါ မှာတော့ ဇူလိုင်လ ၂၁ ရက်နေ့ အထိ ရရှိထားသမျှ လာလီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ပေါ်တိုကို ပြောင်းဖို့ နီးစပ်နေတဲ့ ဘာစီလိုနာ ကြယ်ပွင့် 

ဘာစီလိုနာနဲ့ ပေါ်တို တို့ဟာ အသက် ၂၁ နှစ် အရွယ် စပိန် ကွင်းလယ် ကစားသမား အတွက် နောက်တစ်ဆင့် ပြောဆို ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဖာဘရီဇီယို ရိုမာနိုရဲ့ အဆိုအရ နီကိုဟာ ပေါ်တိုရဲ့ စိတ်ဝင်စားမှု ခံခဲ့ရတာ ဖြစ်ပြီး ပေါ်တူဂီ ကလပ်က အသက် ၂၁ နှစ် အရွယ် ကစားသမားကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။ 

ပေါ်တို အသင်းဟာ လက်ရှိအချိန်မှာ လာလီဂါ ကလပ်နဲ့ အပြောင်းအရွှေ့ အတွက် နောက်ထပ် တစ်ဆင့်တက် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။ နီကို ဂွန်ဇာလက်ဇ်ဟာ ၂၀၁၃ ခုနှစ်မှာ လာမာစီယာ အကယ်ဒမီကို ရောက်ရှိလာသူ ဖြစ်ပြီး လူငယ်အဆင့်မှာ တစ်ဆင့်ပြီး တစ်ဆင့် တက်လာခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်မှာ ပထမအသင်း အတွက် ပွဲဦးထွက်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ 

စပိန် လူငယ်ကွင်းလယ် ကစားသမားကို ဘာစီလိုနာ အသင်းက ဘဏ္ဍာရေး အကြပ်အတည်းကြောင့် ရောင်းထုတ်သွားတော့မှာ ဖြစ်ပြီး နီကို ဂွန်ဇာလက်ဇ်ဟာ ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ရာသီကို ဗလင်စီယာ အသင်းကို အငှားထွက်ကစားပြီး သွင်းဂိုး ၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 


ရီးရဲလ်မက်ဒရစ် အတွက် ကစားပေးချင်နေတဲ့ ဒတ်ချ် ကြယ်ပွင့် 

ရီးရဲလ်မက်ဒရစ် အသင်းဟာ ယခုနွေရာသီမှာ အဆန်စီယိုကိုရော အီဒင် ဟာဇက် ကိုပါ ထွက်ခွာခွင့်ပေးခဲ့တာကြောင့် တောင်ပံ နေရာကို ပြန်လည် အားဖြည့်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာ ဗင်နီးဆီးယစ်နဲ့ ရိုဒရီဂိုတို့ ၂ ဦးတည်းသာ တောင်ပံကစားသမားစစ်စစ် အဖြစ် ကျန်တော့တာ ဖြစ်ပါတယ်။ 

အမျိုးသမီးကမ္ဘာ့ဖလား 2023
အမေရိကန်
ဗီယက်နမ်
အမေရိကန် အာရှ ဟန်းဒီးကပ် -5.75 @ 1.88
ဂိုးပေါ် 6.50 @ 1.97
ဂိုးအောက် 6.25 @ 2.02
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အန်ဆယ်လော့တီက လာမယ့် ရာသီမှာ ၄-၄-၂ ကစားကွက်ကို အသုံးပြုသွားနိုင်တယ်လို့ ပြောဆိုမှုအချို့ ရှိနေခဲ့ပြီး ရီးရဲလ်မက်ဒရစ် အသင်းနဲ့ အရင်တုန်းက သတင်းတွေ ထွက်ပေါ်ခဲ့ဖူးတဲ့ ပီအက်စ်ဗွီ တောင်ပံကစားသမား နိုအာ လန်းက တစ်နေ့မှာ ဘာနေဗျူးကို ပြောင်းရွှေ့ဖို့ အလွန် မျှော်လင့်ထားပုံ ပေါ်ပါတယ်။ Transfermarkt ရဲ့ ဖော်ပြချက်အရ ဒတ်ချ် ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့ ရာသီမှာ ကလပ် ဘရုဂျက် အတွက် ပွဲ ၄၀ မှာ သွင်းဂိုး ၁၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၈ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပြီး MadridXtra က တစ်နေ့ကျရင် ဘယ်အသင်း အတွက် ကစားပေးဖို့ မျှော်လင့်ထားလဲလို့ မေးမြန်းခဲ့ရာမှာ နိုအာ လန်းက ရီးရဲလ်မက်ဒရစ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

နိုအာ လန်းဟာ ယခုနွေရာသီမှာ ကလပ် ဘရုဂျက် ကနေ ပီအက်စ်ဗွီကို ယူရို ၁၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်တာကြောင့် သိပ်မကြာခင် အချိန်အတွင်း မှာတော့ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ မဖြစ်နိုင်သေးပေမယ့်လည်း ဒတ်ချ် ကြယ်ပွင့်သာ ပီအက်စ်ဗွီမှာ အထင်ကြီးဖွယ် ခြေစွမ်းပြသနိုင်မယ် ဆိုရင် အိပ်မက်တွေ အမှန်တကယ် ဖြစ်လာနိုင်ချေ ရှိနေတာ ဖြစ်ပါတယ်။ 


ဂျာအို ဖိလစ်ကို ခေါ်ယူနိုင်ကြောင်း ဘာဆာကို ကမ်းလှမ်းလိုက်တဲ့ မန်းဒက်စ် 

အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူး ဂျာအို ဖယ်လစ်က ဘာစီလိုနာ အသင်းကို ပြောင်းရွှေ့ဖို့ အမြဲတမ်း အိပ်မက်မက်ခဲ့ရတယ်လို့ ထုတ်ဖော်ပြောဆိုပြီးနောက် တစ်ရက် အကြာမှာပဲ အေးဂျင့် ဂျော့ဂျ် မန်ဒက်စ်က ဘာစီလိုနာ အသင်းကို ကမ်းလှမ်းမှု ပြုလုပ်လိုက်တယ်လို့ သိရပါတယ်။ 

ဘာစီလိုနာ အသင်းနဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေးကို ပိုင်ဆိုင်ထားတဲ့ ဂျော့ဂျ် မန်ဒက်စ်ဟာ ၎င်းရဲ့ ကစားသမား ဖြစ်တဲ့ ဂျာအို ဖိလစ်ကို ကတ်တလန် အသင်းဆီ ကမ်းလှမ်းခဲ့တာ ဖြစ်တယ်လို့ တိုနီ ဟွမ်မာတီရဲ့ ပြောကြားချက်အရ သိရပြီး ဇာဗီရဲ့ အသင်းဟာ အခုကနေ နွေရာသီ အပြောင်းအရွှေ့ကာလ ပိတ်တဲ့ ကြားထဲ အခွင့်အရေး ရှိလာမယ် ဆိုရင်တော့ ခေါ်ယူဖို့ ကြိုးပမ်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ မှာတော့ လာလီဂါ ကလပ် ဘာစီလိုနာရဲ့ ဆိုးရွားတဲ့ ဘဏ္ဍာရေး အခြေအနေကြောင့် အခုအချိန်မှာ ဂျာအို ဖိလစ်ကို မခေါ်ယူနိုင်သေးတာ ဖြစ်ပါတယ်။ အထူးသဖြင့် တိုက်စစ်ပိုင်းက အဓိက ကစားသမား ရောင်းချမှုတွေ ပြုလုပ်နိုင်ခဲ့မယ် ဆိုရင်တော့ ပေါ်တူဂီ ကြယ်ပွင့်ကို ခေါ်ယူဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ 

အဲဒီအပြင် ဘာစီလိုနာ အသင်းဟာ အက်သလက်တီကို မက်ဒရစ်အသင်း ကလည်း မလိုချင်၊ ကစားသမား ကလည်း မနေချင်ဖြစ်နေတဲ့ အခြေအနေကြောင့် လျှော့စျေးနဲ့ ရနိုင်မယ့် မက်လုံးကိုလည်း သတိပြုမိနေတာကြောင့် ဒီအပြောင်းအရွှေ့က ဖြစ်လာဖို့ ၈၀ ရာခိုင်နှုန်းလောက် သေချာနေတယ်လို့ ဟွမ်မာတီက ပြောကြားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်