နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဖရန်ကီ ဒီယောင်ကို ရောင်းထုတ်တော့မယ့် ဘာစီလိုနာ | လာလီဂါ

လာလီဂါ ကလပ် ဘာစီလိုနာ အနေနဲ့ အသင်းရဲ့ နယ်သာလန် ကွင်းလယ်လူ ဖရန်ကီ ဒီယောင်ကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးပမ်းတော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။ အစောပိုင်းမှာ ဘာစီလိုနာက ဒီယောင်ကို စာချုပ်သစ် ချုပ်ဆိုသွားဖို့ ကြိုးပမ်းနေခဲ့တာ ဖြစ်ပြီးတော့ လက်ရှိမှာတော့ ဆုံးဖြတ်ချက် ပြောင်းလဲပြီး လာမယ့် နွေရာသီ ဈေးကွက်မှာ ရောင်းထုတ်သွားတော့မှာ ဖြစ်ကြောင်း Mundo Deportivo သတင်းစာ ကနေ ဖော်ပြလာခဲ့တာ ဖြစ်ပါတယ်။

ဖရန်ကီ ဒီယောင် ကတော့ ထိပ်တန်း အဆင့် ခြေစွမ်းရှိတဲ့ ကွင်းလယ် ကြယ်ပွင့် တစ်ဦး ဖြစ်ပေမယ့်လည်း မကြာခဏ ဆိုသလို ဒဏ်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရသူ ဖြစ်ပါတယ်။ ဒါ့အပြင် ဘာစီလိုနာက သူတို့ အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ အကယ်ဒမီထွက် ကစားသမားတွေ ဖြစ်တဲ့ ပတ်ဒရီနဲ့ ကာဆာဒိုလို ကြယ်ပွင့်တွေက အားပြု အသုံးဖြစ်နေတာကြောင့် ဒီယောင်ကို လက်လွှတ်ဖို့ စဉ်းစားလာခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘာစီလိုနာရဲ့ ကွင်းလယ်မှာ ဒူးအရွတ်စုတ်ပြဲ ဒဏ်ရာရထားတဲ့ မာ့ခ် ဘာနဲလ် ကလည်း လာမယ့် ရာသီမှာ ပြန်လည် ကစားနိုင်တော့မှာ ဖြစ်တာကြောင့် ဒီယောင်ကို လိုအပ်မှု နည်းပါးလာတာ ဖြစ်ပါတယ်။ သတင်းတွေ အရ ဆိုရင် လာလီဂါ ကလပ်က ဒီယောင် အတွက် ကမ်းလှမ်းထားတဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ပြန်လည် ရုတ်သိမ်းပြီးတော့ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ရောင်းထုတ်သွားဖို့ စီစဉ်နေပြီ ဖြစ်ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတုန်း ကတော့ ဘာစီလိုနာရဲ့ အားကစား ဒါရိုက်တာ ဖြစ်တဲ့ ဒေကိုက ပက်ဒရီ၊ ဂါဗီ၊ အာရူဟိုနဲ့ ဖရန်ကီ ဒီယောင် တို့လို အသင်းရဲ့ အဓိက ကစားသမား အများအပြားကို စာချုပ်သစ်ချုပ် ဆိုဖို ဆွေးနွေးခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ဒီယောင် အတွက် စာချုပ်သစ် ကမ်းလှမ်းမှု ကတော့ လက်ရှိအချိန်ထိ အဆင်မပြေသေးဘဲ ကြန့်ကြာနေခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့တဲ့ အသက် ၂၇ နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ကွင်းလယ်လူဟာ လက်ရှိ မှာတော့ ဘာစီလိုနာနဲ့ ၂၀၂၆ ခုနှစ် အထိ စာချုပ် သက်တမ်း ကျန်ရှိနေပါသေးတယ်။ 

သတင်းတွေ အရ ဆိုရင် လာလီဂါ ကလပ်က ဒီယောင် အတွက် ကမ်းလှမ်းထားတဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ပြန်လည် ရုတ်သိမ်းပြီးတော့ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ရောင်းထုတ်သွားဖို့ စီစဉ်နေပြီ ဖြစ်ကြောင်း သိရပါတယ်။
ဒီယောင်ကို အရောင်းစာရင်း တင်တော့မယ့် လာလီဂါ ကလပ် ဘာစီလိုနာ

လာလီဂါ ကလပ် ဘာစီလိုနာဟာ ကွင်းလယ်ပိုင်း အတွက် ဘေယန်မြူးနစ် ကွင်းလယ်လူ ဂျော်ရွှာ ကင်မစ်ချ် အပါအဝင် ထိပ်တန်း ကွင်းလယ် ကစားသမားတွေကို စောင့်ကြည့်နေခဲ့ပါတယ်။ တစ်ဖက် မှာတော့ ဖရန်ကီ ဒီယောင် ကိုလည်း မန်ချက်စတာစီးတီး၊ ဘေယန်မြူးနစ်၊ ပီအက်စ်ဂျီ အပြင် ယူနိုက်တက် ကလည်း ဒီယောင်နဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ 

ယူနိုက်တက် ကတော့ ဖရန်ကီ ဒီယောင်ကို လွန်ခဲ့တဲ့ နှစ်နှစ်ကျော် အချိန် ကတည်းက ဖရန်ကီ ဒီယောင်ကို တော်တော်လေးလေး စိတ်ဝင်စားခဲ့တဲ့ အသင်း ဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဟာ ဒီယောင်ကို ခေါ်ယူဖို့ နီးစပ်ခဲ့ပြီး ကစားသမား ကိုယ်တိုင်က လာလီဂါ ကလပ်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဘာစီလိုနာ ဘက်က ဒီယောင်ကို မလိုအပ်တော့တဲ့ အခြေအနေ ဖြစ်နေတာကြောင့် ယူနိုက်တက်တို့ အရ ခေါ်ယူသွားမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်