နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဟန်ဆီ ဖလစ်ခ်နဲ့ အတူ စံချိန် မှတ်တမ်းကောင်းတွေနဲ့ တာထွက်လှနေတဲ့ ဘာစီလိုနာ | လာလီဂါ

ဘာစီလိုနာ ကတော့ ဒီတစ်ပတ် ပွဲစဉ်မှာ ဂီရိုနာကို အဝေးကွင်းမှာ ဂိုးပြတ် အနိုင်ရရှိခဲ့ပြီးနောက် လာလီဂါ ပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ဖို့ ရေပန်းစားမှု မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။ ဘာစီလိုနာဟာ အခုတစ်ပတ် လာလီဂါ ပွဲစဉ် (၄) မှာ ဂီရိုနာကို ၁-၄ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီးတော့ အသင်းနှင့် ကစားသမားတချို့ ကတော့ မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် နည်းပြသစ် ဟန်ဆီ ဖလစ်ခ်ရဲ့ ဘာစီလိုနာက လက်ရှိ ၂၀၂၄/၂၅ ဘောလုံးရာသီ လာလီဂါ အဖွင့် ပွဲစဉ် ၅ ပွဲ ဆက်တိုက် အနိုင်ရရှိထားခဲ့ပါတယ်။ ဒါက နည်းပြဟောင်း ဗယ်လ်ဗာဒီ လက်ထက် ၂၀၁၇/၁၈ ဘောလုံးရာသီ ရာသီအဖွင့် ၇ ပွဲဆက် အနိုင် ရရှိခဲ့တဲ့ နောက်ပိုင်း ၇ ရာသီ အတွင်း ပထမဦးဆုံး အကြိမ် စွမ်းဆောင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဘာစီလိုနာ လက်ရှိရာသီ လာလီဂါ ပွဲစဉ် ၅ အပြီးမှာ သွင်းဂိုး ၁၇ ဂိုး အထိ ရရှိထားပြီး ဒါကလည်း ၂၀၁၇/၁၈ ဘောလုံးရာသီတုန်းက ၅ ပွဲ ကစား၊ ၁၇ ဂိုး သွင်းခဲ့တဲ့ အသင်းရဲ့ လာလီဂါ ရာသီ အဖွင့် သွင်းဂိုး စံချိန် မှတ်တမ်းကို လိုက်မီခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အသင်း သမိုင်းတစ်လျှောက် တတိယအကြိမ် မြောက် အဖြစ် မှတ်တမ်း ရေးထိုးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဘာစီလိုနာ ကတော့ နည်းပြသစ် ဖြစ်လာခဲ့တဲ့ ဂျာမန် လူမျိုး နည်းပြ ဟန်ဆီ ဖလစ်ခ် လက်ထက် အခုရာသီ လာလီဂါ ပြိုင်ပွဲမှာ အကောင်းဆုံး ခြေစွမ်းပြနေတဲ့ အသင်းပါ။ ဒါ့အပြင် ပရီးမီးယားလိဂ်မှာ ၄ ပွဲ ကစား၊ ၄ ပွဲနိုင်ထားတဲ့ မန်ချက်စတာစီးတီး၊ ဘွန်ဒက်စ်လီဂါမှာ ၃ ပွဲကစား၊ ၃ ပွဲနိုင်ထားတဲ့ ဘေယန်မြူးနစ်၊ လီဂူးဝမ်းမှာ ၃ ပွဲကစား ၃ ပွဲနိုင်ထားတဲ့ ပီအက်စ်ဂျီ တို့လိုပဲ ဥရောပ ထိပ်တန်းလိဂ် ၅ ခုမှာ ရာနှုန်းပြည့် နိုင်ပွဲနဲ့ ရှေ့ဆက်နေတာ ဖြစ်ပါတယ်။

ဘာစီလိုနာ ကတော့ လာလီဂါ ချန်ပီယံဆုကို ၂၀၂၂-၂၃ ဘောလုံး ရာသီက နောက်ဆုံး အကြိမ် အဖြစ် ရယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။
လာလီဂါ ချန်ပီယံဆုကို ၂၀၂၃ ခုနှစ်က နောက်ဆုံး အကြိမ် ရယူထားနိုင်တဲ့ ဘာစီလိုနာ

ဒီလို ရလဒ်တွေ ကောင်းအောင် စွမ်းဆောင်ပေးထားတဲ့ နည်းပြ ဟန်ဆီ ဖလစ်ခ် ကလည်း ဗယ်လ်ဗာဒီ (၂၀၁၇-၁၈ ဘောလုံးရာသီ) နောက်ပိုင်း ဘာစီလိုနာ အတွက် ပထမဆုံး ကိုင်တွယ်တဲ့ ရာသီမှာ လာလီဂါ ပွဲစဉ် ၅ ပွဲ ဆက်တိုက် အနိုင်ရခဲ့တဲ့ ဒုတိယမြောက် နည်းပြ အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။

ထို့အတူ ဂျီရိုနာနဲ့ ပွဲစဉ်မှာ ဘာစီလိုနာ ကစားသမားတချို့ မှတ်တမ်းတွေ ပိုင်ဆိုင်ခဲ့ကြပြီး အသင်းရဲ့ လာလီဂါ ချန်ပီယံဆု အတွက် ရေပန်းစားမှု ကလည်း အဆမတန် မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ ဂျီရိုနာနဲ့ ပွဲစဉ်မှာ ဘာစီလိုနာ အတွက် သွင်းဂိုး ၂ ဂိုး သွင်းယူပေးခဲ့တဲ့ ဆယ်ကျော်သက် ကြယ်ပွင့် တောင်ပံ ကစားသမား လမိုင်း ယာမယ် ကလည်း လာလီဂါ ဂိုးပါဝင် ပတ်သက်မှု ကလည်း ၁၇ ကြိမ်မှာ ၈ ဂိုး သွင်း၊ ၉ ဂိုး ဖန်တီး ခဲ့ပြီး အသက် ၁၇ နှစ်၊ ၆၄ ရက်နဲ့ ပြိုင်ပွဲ သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး စွမ်းဆောင်နိုင်သူ အဖြစ် မှတ်တမ်းဝင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဒီနွေရာသီကမှ ဘာစီလိုနာကို ပြောင်းရွှေ့လာခဲ့တဲ့ စပိန် တောင်ပံ ကစားသမား ဒန်နီ အော်လမို ကလည်း ကစားသမားဘဝ ပထမဦးဆုံး လာလီဂါ ပွဲစဉ် ၃ ပွဲမှာ သွင်းဂိုး ၃ ဂိုး သွင်းယူပေးထားပါတယ်။ ဒါက ဖာဘရီဂတ်စ် နောက်ပိုင်း ကစားသမားသစ် တစ်ဦးရဲ့ အကောင်းဆုံး စွမ်းဆောင်ရည် မှတ်တမ်းလည်း ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် လာလီဂါ ပွဲစဉ် ၅ အပြီးမှာ ဘာစီလိုနာရဲ့ ဒီရာသီ ချန်ပီယံဆု ရေပန်းစားမှုမှာ ၅ ဆ အထိ မြင့်တက်လာခဲ့ပြီး ထိပ်ဆုံးမှ ရေပန်းစားနေတဲ့ လက်ရှိ ချန်ပီယံ ရီးရဲလ်မက်ဒရစ်နဲ့ ကွာဟမှု များစွာ ကိုလည်း လျှော့ချနိုင်ခဲ့တယ်လို့ သိရသည်။

ဘာစီလိုနာ ကတော့ လာလီဂါ ချန်ပီယံဆုကို ၂၀၂၂-၂၃ ဘောလုံး ရာသီက နောက်ဆုံး အကြိမ် အဖြစ် ရယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်