နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘာစီလိုနာ ကနေ ထွက်ခွာဖို့ အစီအစဉ် မရှိတဲ့ အာရူဟို၊ ဖီးလစ်ကို လာလီဂါ ကလပ်တွေကလည်း ခေါ်ယူချင်နေ၊ ဂူဒက်စ်ကို ခေါ်ယူနိုင်တော့မယ့် ဗီလာရီးရဲလ် | လာလီဂါ (အပြောင်းအရွှေ့သတင်းများ)

countdown banner

အခုတစ်ခါမှာတော့ လာလီဂါ ကလပ်တွေရဲ့ နောက်ဆုံး ရရှိသမျှ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဘာစီလိုနာ ကနေ ထွက်ခွာဖို့ အစီအစဉ် မရှိတဲ့ အာရူဟို

ရော်နယ် အာရူဟို ကတော့ မန်ချက်စတာယူနိုက်တက်ရဲ့ စိတ်ဝင်စားခြင်းခံနေရပေမယ့် လာလီဂါ ကလပ် ဘာစီလိုနာ ကနေ ထွက်ခွာဖို့ အစီအစဉ် မရှိကြောင်း ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

အသက် ၂၄ နှစ် အရွယ် ဥရုဂွေး ဗဟိုခံစစ်မှူးဟာ နည်းပြ ဇာဗီ လက်အောက်မှာ ကမ္ဘာ့အကောင်းဆုံး နောက်ခံလူ ဖြစ်ကြောင်း သက်သေပြထားနိုင်သူလည်း ဖြစ်ပါတယ်။ အာရူဟို ကိုတော့ ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်က အစောပိုင်းမှာ ကလည်းက စိတ်ဝင်စားနေခဲ့တာ ဖြစ်ပြီး ယူနိုက်တက်လည်း ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

အာရူဟိုရဲ့ ပြောကြားချက်အရ သူ့ အနေနဲ့ ဘာစီလိုနာမှာပဲ ပျော်ရွှင်နေတာကြောင့် အသင်းမှာပဲ ဆက်ရှိနေပြီး ဇာဗီ လက်အောက်မှာ ဆက်ကစားလိုကြောင်း၊ ဒါ့အပြင် ဘာစီလိုနာ တာဝန်ရှိသူတွေ အနေနဲ့ ကမ်းလှမ်းမှုတွေကို စိတ်ဝင်စားခြင်း မရှိဘူးလို့ သိရပါတယ်။

အာရူဟိုဟာ လက်ရှိမှာ ဘာစီလိုနာရဲ့ မရှိမဖြစ် အရေးပါတဲ့ ကစားသမား ဖြစ်နေပြီး အသင်း ဘက်က ၂၀၂၆ ခုနှစ် အထိ သက်တမ်းရှိတဲ့ စာချုပ်သက်တမ်း တိုးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ပရီးမီးယားလိဂ်
အာဆင်နယ်
ခရစ္စတယ်ပဲလေ့စ်
1X2 ခရစ္စတယ်ပဲလေ့စ် @ 9.00
အာဆင်နယ် အာရှ အကျောပေး -1.75 @ 2.20
ဂိုး‌အောက် 2.50 @ 2.08
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဂူဒက်စ်ကို ခေါ်ယူနိုင်တော့မယ့် ဗီလာရီးရဲလ်

လာလီဂါ ကလပ် ဗီလာရီးရဲလ် အသင်း ကတော့ ဘင်ဖီကာမှာ အငှားနဲ့ သွားရောက် ကစားနေတဲ့ ဝုဗ် တိုက်စစ်မှူး ဂွန်ဆာလို ဂူဒက်စ်ကို ခေါ်ယူနိုင်တော့မယ်လို့ သိရပါတယ်။

နာမည်ကျော် သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ကစားသမားရဲ့ အပြောင်းအရွှေ့ဟာ တိုးတက်မှုတွေ ရှိနေပြီး ဗီလာရီးရဲလ်တို့ မကြာခင် အချိန်အတွင်းမှာ ဂူဒက်စ်ကို ခေါ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။ ဘင်ဖီကာ အကယ်ဒမီထွက် အသက် ၂၇ နှစ် အရွယ် တိုက်စစ်မှူးဟာ ပီအက်စ်ဂျီနဲ့ ဗလင်စီယာ တို့မှာ ကစားခဲ့ဖူးပြီး ၂၀၂၂ ခုနှစ်မှာ ဝုဗ်ကို ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပရီးမီးယားလိဂ် ကလပ်မှာ ရုန်းကန်ခဲ့ရသလို ဘင်ဖီကာကို အငှားနဲ့ ပြန်လည် ပြောင်းရွှေ့ ကစားချိန်မှာလည်း သွင်းဂိုးတွေ မရပဲ ရုန်းကန်နေရသူ ဖြစ်ပါတယ်။ လက်ရှိမှာ ဘင်ဖီကာ ဘက်က ဂူဒက်စ်ရဲ့ အငှားစာချုပ်ကို အပြီး ဖျက်သိမ်းဖို့ သဘောတူညီခဲ့ပြီး အပြောင်းအရွှေ့ အတွက်ကိုတော့ ဗီလာရီးရဲလ်နဲ့ ဝုဗ်တို့ အသေးစိတ် ညှိနှိုင်းမှုတွေ ဆက်လက် လုပ်ဆောင်လျက် ရှိတယ်လို့ သိရပါတယ်။


ဖီးလစ်ကို လာလီဂါ ကလပ်တွေကလည်း ခေါ်ယူချင်နေ

မန်ချက်စတာစီးတီးမှာ ပုံမှန် ပွဲထွက်ခွင့် ပျောက်ဆုံးနေတဲ့ ကယ်ဗင် ဖီးလစ် ကိုတော့ လာလီဂါ ထိပ်သီး ကလပ်တွေ ဖြစ်တဲ့ အက်တလက်တီကို မက်ဒရစ်နဲ့ ဘာစီလိုနာ တို့က အပြိုင်အဆိုင် ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ပရီးမီးယားလိဂ် ကလပ်မှာ ပုံမှန် ပွဲထွက်ခွင့် ပျောက်ဆုံးနေတဲ့ ကယ်ဗင် ဖီးလစ်

မန်ချက်စတာစီးတီးမှာ ပုံမှန် ပွဲထွက်ခွင့် ပျောက်ဆုံးနေတဲ့ ကယ်ဗင် ဖီးလစ် ကိုတော့ လာလီဂါ ထိပ်သီး ကလပ်တွေ ဖြစ်တဲ့ အက်တလက်တီကို မက်ဒရစ်နဲ့ ဘာစီလိုနာ တို့က အပြိုင်အဆိုင် ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

လိဒ်စ်ယူနိုက်တက်နဲ့ အတူ တောက်ပလာခဲ့တဲ့ အသက် ၂၈ နှစ် အရွယ် အင်္ဂလန် ကွင်းလယ်လူဟာ မန်ချက်စတာစီးတီး အရောက်မှာ မကြာခဏ ဒဏ်ရာရနေသလို ကြံ့ခိုင်မှု မပြည့်ဝတာကြောင့် ပုံမှန် ပွဲထွက်ခွင့် ပျောက်ဆုံးနေသူ ဖြစ်ပါတယ်။ ဖီးလစ်ဟာ မန်စီးတီးကို ၂၀၂၂ ခုနှစ်က ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၄၂ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပေမယ့် ၁၈ လတာ ကာလ အတွင်း မိနစ် ၁၀၀၀ ပြည့်အောင် မကစားရသေးပါဘူး။ ဒါကြောင့် ကစားသမား ကိုယ်တိုင်က အသင်း ကနေ ထွက်ခွာချင်နေပြီး ပရီးမီးယားလိဂ် ကလပ်တွေ အပြင် လာလီဂါ ကလပ်တွေကပါ စိတ်ဝင်စားလာခဲ့တာ ဖြစ်ပါတယ်။

ခေါ်ယူချင်တဲ့ အသင်းတွေ အနေနဲ့ ဖီးလစ်ကို အငှားနဲ့ အရင် ခေါ်ယူဖို့ ကြိုးပမ်းလျက် ရှိပြီး Gurdian ရဲ့ ဖော်ပြချက် အရ မန်စီးတီး ဘက်က ပေါင် ၇ သန်း ရမှ စေလွှတ်ချင်နေတယ်လို့ သိရပါတယ်။ ဖီးလစ် ကိုတော့ ခရစ္စတယ်ပဲလေ့စ်၊ ဝက်စ်ဟမ်းနဲ့ နယူးကာဆယ်တို့က စိတ်ဝင်စားနေပြီး ကစားသမား ကတော့ ၂၀၂၄ ယူရို ပြိုင်ပွဲ ကစားချင်တာကြောင့် ပုံမှန် ပွဲထွက်ခွင့်ရမယ့် အသင်းထံ ပြောင်းချင်နေတာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်