နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အချိန်ပို သွင်းဂိုးနဲ့ တူရင်မှာ အနိုင်လှခဲ့တဲ့ ဂျူဗင်တပ်စ် (စီးရီးအေ ပွဲပြီးသုံးသပ်ချက်)

ဂျူဗင်တပ်စ် ၁ – ၀ ဖီအိုရင်တီးနား

စီးရီးအေ အမှတ်ပေးဇယား အထက်အောက် အသင်းတွေ ဖြစ်လို့ တကယ်ကို ကြည့်ကောင်းတဲ့ ပွဲစဉ် ဖြစ်ခဲ့ပါတယ်။ ဂျူဗင်တပ်စ် တိုက်စစ် အကောင်းဆုံး ရှိခဲ့လို ဖီအိုရင်တီးနားရဲ့ ခံစစ်ပိုင်းကလည်း အမှားအယွင်း နည်းခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှု ၅၀ – ၅၀ ရာခိုင်နှုန်း ထပ်တူ ကျခဲ့တဲ့ အထိ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့တာပါ။ ဂျူဗင်တပ်စ်ရဲ့ လူစားလဲဗျူဟာ အလုပ်ဖြစ်ခဲ့လို့ သာ ဖီအိုရင်တီးနားတို့ အဝေးကွင်း ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာလည်း ဖြစ်ပါတယ်။
 

ပွဲစဉ်အကျဉ်း

ဂျူဗင်တပ်နဲ့ ဖီအိုရင်တီးနားတို့ရဲ့ အားပြိုင်မှုက အတော်လေး ပြင်းထန်ခဲ့တယ်လို့ ဆိုရမှာပါ။ ဒိုင်ဘာလာ၊ မိုရာတာ၊ ချီယေဇာ၊ လိုကာတယ်လီတို့ ပါဝင်လာတဲ့ ဂျူဗင်တပ်ရဲ့ ပွဲထွက် လူစာရင်းက အတောင့်တင်းဆုံး အခြေအနေ ဖြစ်ခဲ့ ပါတယ်။ ၄-၃-၃ အခြေခံပြီး ကယ်လီဂျွန်၊ တော်ရဲရားလ်၊ ဘိုနာဗန်တူရာ၊ ဗယ်လ်ဟိုဗစ်တို့ ဦးဆောင်လာတဲ့ ဖီအိုရင်တီးနား ကတော့ အဝေးကွင်းအမှတ် ရဖို့ အသင့် ဖြစ်ခဲ့ပါတယ်။ ပွဲအစ ကတည်းက ဂိုးရဖို့ အတွက် တိုက်စစ်ပိုင်းကို ပီပီပြင်ပြင် ကစားခဲ့ကြပေမယ့် နှစ်ဖက်ခံစစ် ကစားသမားတွေရဲ့ အမှားကင်းမှုကြောင့် ဂိုးရဖို့ ရုန်းကန်ခဲ့ရပါတယ်။ အထူးသဖြင့် မိုရာတာ၊ ဒိုင်ဘာလာ တိုက်စစ်အတွဲက မီလန်ကိုဗစ်+ကွာတာတို့ရဲ့ ဖီအိုရင်တီးနား ခံစစ်ကို ဖိအားပေးနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။ နှစ်ဖက် ကွင်းလယ် ကစားသမားတွေရဲ့ ပုံစံကောင်းတွေကြောင့်လည်း တိုက်စစ် ကစားသမားတွေ ဂိုးရဖို့ ရုန်းကန်ခဲ့ရတဲ့ အဓိက အကြောင်းအရင်း တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒုတိယပိုင်း ပွဲချိန်မှာတော့ ကစားအား ကျနေတဲ့ ဆန်ဒရိုရဲ့ နေရာမှာ ပယ်လီဂရီနီ ဝင်လာခဲ့ခြင်း နဲ့အတူ ဖီအိုရင်တီးနား နောက်ခံလူ မီလန်ကိုဗစ် နှစ်ဝါတစ်နီနဲ့ အထုတ်ခံခဲ့ရခြင်းက အဓိက အလှည့်အပြောင်းတွေ ဖြစ်ခဲ့ပါတယ်။ တစ်ယောက်လျော့ အနေအထား ဖြစ်ခဲ့လို့ ခံစစ် ကစားသမားတွေ ထည့်ပြီး ကစားကွက် ပြောင်းခဲ့တဲ့ ဖီအိုရင်တီးနားကြောင့် ဂျူဗင်တပ်စ်တို့ အခွင့်အ ရေးတွေ ပိုပြီး ရရှိလာခဲ့ပါတယ်။ ဒါပေမဲ့ ပွဲချိန် ၇၉ မိနစ် ကွာဒရာဒို လူစားဝင်လာမှ ဂျူဗင်တပ်စ် တောင်ပံ တိုက်စစ် ပိုပြီး အသက်ဝင်လာခဲ့တာပါ။ ဖီအိုရင်တီးနား ကတော့ သရေ ရလဒ်အတွက်ပဲ ဦးတည်ခဲ့ခြင်း နဲ့အတူ ခံစစ်မှာပဲ အမှားအယွင်းမရှိ ကစားဖို့ လုပ်ဆောင်လာခဲ့ပါတယ်။ ဒါပေမဲ့ ပွဲပြီးခါနီးမှာ လူစားဝင် တိုက်စစ်မှူး ကွာဒရာဒိုက ဖီအိုရင်တီးနား နောက်တန်းနဲ့ ဂိုးသမား တာရာစီရာနိုတို့ ကာကွယ်နေတဲ့ ကြားကနေ အဖိုးတန် အနိုင်ဂိုး ရယူ ပေးခဲ့နိုင်ပါတယ်။ တစ်ကိုယ်တော် အစွမ်းနဲ့ သွင်းယူခဲ့တဲ့ ဒီဂိုးဟာ ဒီတစ်ပတ် စီးရီးအေရဲ့ အလှဆုံး ဂိုးတစ်ဂိုး အဖြစ် သတ်မှတ် ရနိုင်တဲ့ အထိ ကောင်းမွန်ခဲ့တာပါ။ ကွာဒရာဒို အတွက် စီးရီးအေ ကစားသမားဘ၀ သွင်းဂိုး ၄၀ ပြည့်မြောက်ခဲ့ ခြင်း နဲ့အတူ ဂျူဗင်တပ်စ် အတွက်လည်း အနိုင် ၃ မှတ် ဖြစ်သွားစေခဲ့ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

ဂျူဗင်တပ်စ်တို့ အနိုင်ရခဲ့ပေမယ့် ပေးဂိုး များနေခဲ့တဲ့ ဂိုးကွာခြားချက်ကြောင့် အမှတ်တူပေမယ့်လည်း ဖီအိုရင်တီးနားရဲ့ အောက် စီးရီးအေ ဇယား အဆင့် ၈ နေရာမှာပဲ ဆက်လက် ရပ်တည်ခဲ့ရပါတယ်။
စီးရီးအေ အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရပ်တည်နေတဲ့ ဖီအိုရင်တီးနား

ဂျူဗင်တပ်စ်တို့ ကံကြမ္မာရဲ့ မျက်နှာသာ ပေးခြင်း ခံခဲ့ရတယ်လို့ပဲ ဆိုရမှာပါ။ အဝေးကွင်း လာကစား ခဲ့ရပေမယ့် ဖီအိုရင်တီးနားရဲ့ ကစားပုံက တော်တော်လေး ကောင်းမွန်ခဲ့ပါတယ်။ အပြန်အလှန် သွင်းဂိုးတွေ မျှော်လင့် ခဲ့ကြပေမယ့် နှစ်ဖက် နောက်တန်းက အမှားအယွင်း မရှိခဲ့ကြပါဘူး။ အလှည့်အပြောင်းတွေက ဂျူဗင်တပ်စ် နည်းပြရဲ့ လူစား လဲလှယ်မှုတွေပဲ ဖြစ်ပါတယ်။ ဖီအိုရင်တီးနား အတွက်ကလည်း အဓိက နောက်ခံလူ မီလန်ကိုဗစ် နှစ်ဝါတစ်နီနဲ့ အထုတ်ခံခဲ့ရတာက နစ်နာမှု တစ်ခုလို့ပဲ ဆိုရမှာပါ။ ဂျူဗင်တပ်စ် တိုက်စစ်အတွဲ ဖြစ်တဲ့ မိုရာတာ၊ ဒိုင်ဘာလား အကောင်းဆုံး ပုံစံ ရှိခဲ့သလို ဖီအိုရင်တီးနား ကွင်းလယ်က ဘိုနာဗန်တူရာ၊ တော်ရဲရားလ်တို့ စွမ်းဆောင်မှု မြင့်မားခဲ့ပါတယ်။ ဒါပေမဲ့ တစ်ယောက်လျော့ အနေအထား ဖြစ်နေချိန် ပွဲအဖြေ ပြောင်းလဲနိုင်တဲ့ ကစားသမားတွေရဲ့ အားကို ဖီအိုရင်တီးနားတို့ ဘယ်လိုမှ တောင့်မခံ နိုင်ခဲ့ပါဘူး။ ပွဲပြီးခါနီးမှာ လူစားဝင် တောင်ပံ ကစားသမား ကွာဒရာဒိုရဲ့ တစ်ကိုယ်တော် စွမ်းရည် သွင်းဂိုးကို မတားဆီးနိုင်ခဲ့တဲ့ အတွက် အဝေးကွင်း အမှတ်ဗလာ ဖြစ်ခဲ့ရပါတယ်။ ဂျူဗင်တပ်စ်တို့ အနိုင်ရခဲ့ပေမယ့် ပေးဂိုး များနေခဲ့တဲ့ ဂိုးကွာခြားချက်ကြောင့် အမှတ်တူပေမယ့်လည်း ဖီအိုရင်တီးနားရဲ့ အောက် စီးရီးအေ ဇယား အဆင့် ၈ နေရာမှာပဲ ဆက်လက် ရပ်တည်ခဲ့ရပါတယ်။
 

လာမယ့်ပွဲစဉ်များ

ဂျူဗင်တပ်စ် အနေနဲ့ လာမယ့် စီးရီးအေ ပွဲစဉ်မှာ လာဇီယိုကို ရင်ဆိုင်ရဖို့ ရှိနေပြီး ဖီအိုရင်တီးနား ကတော့ အိမ်ကွင်း မှာ အေစီမီလန် အသင်းကို ဧည့်ခံ ယှဉ်ပြိုင် ကစားရဖို့ ရှိနေတာလည်းဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်